ပရီးမီးယားလိဂ် week – 4 အတွက် ပေါလ်မာဆင်ရဲ့ ခန့်မှန်းချက်တွေ

(Unicode) ပရီးမီးယားလိဂ်ကတော့ အမြဲတမ်း မမျှော်လင့်ထားတွေနဲ့ ပြည့်နေတာပါပဲ။ ဒီတစ်ပါတ်လဲ တချို့တလေ ပါလာလိမ့်ဦးမှာပါပဲ။ ဒီတခေါက်အင်္တွက် ပေါလ်မာဆင်ရဲ့ ခန့်မှန်းချက်လေးတွေ ကြည့်ကြည့်လိုက်ပါဦး။ Sothampton Vs Manchester Unitedမန်ယူတို့ကတော့ ပြီးခဲ့တဲ့ပွဲက လီဗာပူးကို နိုင်ခဲ့တဲ့ရလာဒ်ကို ဆက်ထိန်းဖို့လိုနေပါပြီ။

Read more

ချန်ပီယံလိဂ် အုပ်စုတွေကို သုံးသပ်ကြည့်ခြင်း

(Unicode) ချန်ပီယံလိဂ် အုပ်စုတွေတော့ မဲခွဲပြီးသွားပြီ၊ ဘောလုံးကျွမ်းကျင်သူတွေ ဘာပြောကြလဲ နားထောင်ကြည့်လိုက်ကြရအောင် စိတ်လှုပ်ရှားစရာအကောင်းဆုံးက ဘယ်အုပ်စုဖြစ်မလဲ? Raphael Honigstein: နည်းနည်းထူးဆန်းသလို ဖြစ်နေပေမယ့် Group D လို့ပဲ ပြောချင်ပါတယ်။ ယူရိုပါလိဂ် နည်းနည်းဆန်နေတဲ့ အုပ်စုလို့တောင်ပြောလို့ရပါလိမ့်မယ်။ ကွန်တီကလဲ ချန်ပီယံလိဂ်ဆို ရုန်းကန်နေရတာဆိုတော့ ဒီအုပ်စုမှာ အကြိုက်ဆုံးအသင်း၊ ချွန်ထွက်နေတဲ့ အသင်းရယ်လို့ မရှိဘူး။ ဘောလုံးမြို့တော် ၄ ခုက သမိုင်းရှိတဲ့ကွင်း ၄ ကွင်းမှာ ကန်ကြရမှာဆိုတော့ အဆုံးထိ ကြည့်ကောင်းမှာပါ။ Dermot Corrigan: Group D မှာပါတဲ့အသင်းတွေက ခြေညီတဲ့အသင်းတွေချည်းဆိုတော့ ကြည့်ကောင်းမယ့်အုပ်စုပါ။ Group of Death သေမင်းတမန်အုပ်စုကတော့ Group C ပဲပေါ့။ ဒါပေမယ့် Group A ကပွဲတွေကတော့အမှတ်ရစရာ အဖြစ်ကလေးတွေ ပြောစမှတ်ဖြစ်စရာလေးတွေ ပေးနိုင်လိမ့်မယ် ထင်နေမိတယ်။ Jack Pitt-Brooke: ထိပ်တန်းအရည်အချင်းတွေ Group A, C နဲ့ H တွေမှာ တွေ့ရလိမ့်မယ်။ ဒါပေမယ့် Group C ကအကောင်းဆုံးဖြစ်လိမ့်မယ်။ ဘာကာတို့ နွေအပြောင်းအရွှေ့ပိတ်အပြီးမှာ ပိုကောင်းတဲ့ အသင်းဖြစ်လာအောင် လုပ်နိုင်မလားပဲ စောင့်ကြည့်ရလိမ့်မယ်၊ မဟုတ်လို့ကတော့ သူတို့ ယူရိုပါလိဂ်မှာ ၂ နှစ်ဆက်အနေနဲ့ ဆင်းကန်ရလိမ့်မယ်။ James

Read more

အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာတဲ့ အာတီတာရဲ့ အာဆင်နယ်

ချန်ပီယံဆု ပြိုင်လုမယ့်အသင်းလား? လောလောဆယ်တော့ အဆင်သင့်မဖြစ်သေးပေမယ့် တိုးတက်လာနေတာတော့ သေချာနေပါပြီ အာတီတာရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အိုင်ဒီယာကို စကားတစ်လုံးတည်းနဲ့ ပြောပါဆိုရင် ထိန်းသိမ်းချုပ်ကိုင်ထားခြင်းလို့ဆိုနိုင်မယ့် control လို့ပြောရမှာပါပဲ။ ဇယားအောက်ခြေရောက်နေတဲ့အချိန်ကဖြစ်ဖြစ် ထိပ်သီး ၄ သင်းနေရာလုနေတဲ့ အချိန်ပဲဖြစ်ဖြစ် အာဆင်နယ်ရဲ့ အိုင်ဒီယာက ပွဲကို ထိန်းချုပ်ထားနိုင်ဖို့ပဲ၊ ဘောလုံးရနေတဲ့ အချိန်မှာကောဘောလုံးမရတဲ့အချိန်မှာကောပေါ့။ အာဆင်နယ်တို့ ကွင်းထဲမှာ တိုးတက်လာပုံက အဆင့်ဆင့်နဲ့။ ပထမအဆင့်မှာ အာတီတာက ဘောလုံးဆုံးရှုံးနေချိန်မှာ ပွဲကိုထိန်းချုပ် control လုပ်နိုင်အောင် ပြင်ဆင်ခဲ့တယ်။ ထိုးဖောက်ဖို့ ခက်ခဲတဲ့ defensive structure တစ်ခုကြိုးစားပုံသွင်းခဲ့တယ်။ အဓိက အိုင်ဒီယာကတော့ နောက်တန်းအပေါက်ခံပြီး တိုက်စစ်မှာ လူတွေ အလွန်အကျွံမပါစေဖို့ဘဲ ဖြစ်ပါတယ်။  အဲဒီကနေ နောက်တဆင့်မှာတော့ ဘောလုံးကိုင်ထားနိုင်တဲ့ အချိန်မှာပါ ပွဲကို ထိန်းချုပ်ဖို့ တဆင့်တက်ပြီး ကြိုးစားပုံသွင်းခဲ့တာတွေ့ရတယ်။ စိတ်ရှည်ရှည်ကစားမယ်၊ စွန့်စားတာတွေ သိပ်မလုပ်ပဲ သေချာတဲ့ ပေးပို့တာတွေ လုပ်မယ်၊ ဒီကြားထဲက ဘောလုံးပျက်သွားပြီး တဖက်အသင်း ဘောလုံးရသွားရင် ပုံစံတကျ defensive structure ပြန်ခင်းရမယ် ဒီလိုပုံမျိုးနဲ့ ကစားခဲ့ကြတယ်။  ဒီလိုနဲ့ ၂၀၂၁-၂၂ ရာသီမှာ အာဆင်နယ်တို့ တဘက်အသင်းကို အပိုင်အခွင့်အရေးတွေ ပေးရတာ (အနီရောင်မျဉ်း) နည်းလာပြီး တချိန်တည်းမှာပဲ ကိုယ့်ဘက်က အပိုင်အခွင့်အရေးတွေရတဲ့အကြိမ်လည်း (အပြာရောင်) များလာခဲ့တော့တယ်။ အရင်ကဆို ဒီ၂ခုက အတူတူနီးပါးပဲ ဆိုတော့ ဒါဟာမြင်သာတဲ့ တိုးတက်လာမှုပဲပေါ့။ ဘောလုံးဖြန့်ကစားနိုင်တဲ့ ဂိုးသမား အာဆင်နယ်ကို မဆိုးပါဘူးဆိုတဲ့ အသင်းတသင်းကနေ အသင်းကောင်းတသင်းအနေအထားဖြစ်လာစေတာက ရမ်းစ်ဒေးလို နည်းစနစ်ကြွယ်တဲ့ကစားသမားမျိုးကို မှန်မှန်ကန်ကန်ခေါ်နိုင်ခဲ့တာက စပြောရမှာပါပဲ။ အောက်ကပုံက အာဆင်နယ်တို့ တိုက်စစ်စချိန် biild up play မှာ ပထမဆုံး ဘောလုံးကို ဘယ်နေရာတွေက ပေးခဲ့လဲဆိုတာ first pass ပြထားတာပါ။ မြင်တဲ့အတိုင်းပဲ တော်တော်များများက ရမ်းစ်ဒေး ဆီက စခဲ့တာပါပဲ။ သူ့ရဲ့ အဲလို ဖြန့်ပေးခဲ့တဲ့ ဘောလုံးတွေကြောင့် တဖက်အသင်းကဖိတာခံထားရချိန်ကနေ ချက်ချင်းတိုက်စစ်ကိုပြောင်းပြီးကစားနိုင်ခဲ့ရတယ်။  နည်းစနစ် တိုးတက်ပြောင်းလဲလာပုံ အာဆင်နယ်ရဲ့ ကစားပုံကလဲ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့တယ်။ မြင်သာအောင် လက်စတာနဲ့  2020-21, 2021-22, 2022-23 ၃ နှစ် ၃ ပွဲက ဘောလုံးပေးတဲ့ လမ်းကြောင်း passing network တွေကို ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။  ထိန်းသိမ်းချုပ်ကိုင်ခြင်း Control အစကို ပြန်ကောက်ရရင် အာတီတာရဲ့ အဓိက အိုင်ဒီယာက Control ပါပဲ။

Read more

မန်ယူတို့ လီဗာပူးကို ဘယ်လို အနိုင်ယူခဲ့ကြသလဲ?

(Unicode) နည်းပြကြီး တန်ဟက်ဂ်ရဲ့ ရော်နယ်ဒို နဲ့ မက်ဂွိုင်းယားကို ပွဲထွက်လူစာရင်းက ပြတ်ပြတ်သားသားချန်ထားလိုက်တဲ့ဆုံးဖြတ်ချက်နဲ့အတူ မန်ယူတို့ဟာ လီဗာပူးကို ၂-၁ နဲ့ ထိုက်ထိုက်တန်တန် အနိုင်ယူသွားနိုင်ခဲ့ပါပြီ။ အနိုင်ဂိုး ၂ ဂိုးကို ဆန်ချို နဲ့ ရက်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့ကြပြီး လီဗာပူးတို့အတွက် နှစ်သိမ့်ဂိုးကိုတော့ မိုဆားလားက ပွဲပြီးဖို့ ၁၀မိနစ်အလိုမှာ သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။  ဒီပွဲရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပြောစရာလေးတွေနဲ့ သုံးသပ်ချက်လေးတွေ ကြည့်လိုက်ကြရအောင်။ တန်ဟက်ဂ်ရဲ့ ကွက်တိဖြစ်သွားတဲ့ လူထုတ်ပုံ နဲ့ လူစားလဲပုံများ ပွဲကြိုအင်တာဗျူးမှာ ပြောသွားသလိုပါပဲ “လီဗာပူးက တကယ့်အသင်းကောင်း၊ ကျနော်တို့ သူတို့ကို ဖိအားပေးနိုင်ဖို့လိုတယ်။ ကွင်းလယ်ဇုန်ထဲကနေကျော်ပြီး ဖိအားပေးနိုင်ဖို့လိုတယ်၊ အဲလိုလုပ်ဖို့ ကျနော်တို့ အား (energy) လိုတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ အီလန်ဂါတို့ ပါမှဖြစ်မယ်”  တန်ဟက်ဂ်ရဲ့ ရှေ့တန်း ၃ ယောက်ဟာ တိုက်စစ်ကိုပြောင်းတဲ့အခါမှာ တဖက်နောက်တန်းတွေကို ဖောက်ပြေးတာမှာအရမ်းမြန်ဆန်ခဲ့ကြတယ်။ လီဗာပူးကွင်းလယ်မှာ ဖာဘင်ညို မပါတာကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်ပြောရမယ်။ နောက်တန်းမှာ ဗာရိန်း နဲ့ မာတီနက်ဇ်က ရိုးရိုးလေးပဲ ပင်နယ်တီဧရိယာနားကနေ ခံကစားပြီး တစ်ယောက်ချင်း လုစရာရှိတာတွေမှာ ခပ်တင်းတင်းကစားသွားခဲ့ကြတယ်။ အထူးသဖြင့် မာတီနက်ဇ်တစ်ယောက် ဗာရိန်း နဲ့ မာလာစီယာတို့ကြောင့် ကျောလုံပြီး ရဲရဲရင့်ရင့် ကစားပြသွားနိုင်ခဲ့တာတွေ့ရတယ်။  တိုက်စစ်ကို အားပြန်ဖြည့်စရာလိုတဲ့အချိန်မှာလဲ ၃၇ နှစ်သား ရော်နယ်ဒိုကို မထည့်ဘဲ မာရှယ်ကိုပဲ ထည့်သွားတာလဲ မှန်ခဲ့ပြန်တယ်။  ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ လူစားလဲပုံတွေကို အမှတ်ပေးရမှာပါပဲ။ ဂျာဂင်ကလော့ပ်ရဲ့ ကွင်းလယ်က ဘာဖြစ်သွားတာလဲ? ဖာဘင်ညိုကို ချန်ထားခဲ့တာ ကလော့ပ်အတွက် ပေးဆပ်မှုကြီးသွားခဲ့ရတယ်။ ဟန်ဒါဆင်၊ မီလ်နာ နဲ့ အဲလိယော့တို့ရဲ့ ကွင်းလယ်က လေးကန် ထုံထိုင်းနေခဲ့တယ်။ ဖိအားမပေးနိုင်၊ လူချင်းမယှဉ်နိုင်၊ ဖန်တီးနိုင်မှုမရှိ၊ သူတို့နောက်ကနောက်တန်းတွေကိုလဲ မကာကွယ်ပေးနိုင်ခဲ့ကြဘူး။  အရင်က ဒီလိုမဟုတ်ပါဘူး။ လီဗာပူးကွင်းလယ်ဆိုတာ တဖက်အသင်းကို အသက်ထွက်မတတ် ဖိအားပေးထားပြီးအခွင့်အရေးမပေးစတမ်း ထိန်းချုပ်ကစားနေကျပါ။ လူတွေ နာနေတာလဲ ပါမှာပေါ့။ သီယာဂို၊ ကာတစ်ဂျုံး၊ ချိန်ဘာလိန် နဲ့ အခုဆို ကီတာပါ လူနာစာရင်းထဲ ဝင်သွားပြီ။  ကလော့ပ်ကတော့ လူခေါ်စရာမလိုဘူး ဆိုပေမယ့် ဒီအခြေအနေကြည့်ရတာတော့ တစ်ယောက်လောက်တော့ လိုလိမ့်ဦးမယ့်ပုံပါပဲ။ ယူနိုက်တက်ရဲ့ တိုက်စစ်ဗျူဟာ လီဗာပူးကို အမြန်ပေးတွေနဲ့ ထိုးနှက်သွားတယ်ဆိုပေမယ့် ပထမဂိုးကိုကြည့်ရင် ဘောပိုင်ဆိုင်မှုထိန်း possession၊တိတိကျကျပေး passing details၊ တတိယတစ်ယောက်ကလှုပ်ရှား third-man run၊ နောက်တန်းသမား full back တွေက ဖြန့်ကစားပြီး တောင်ပံသမား wingers တွေက အထဲ ချိုးဝင်ဆိုတဲ့ တန်ဟက်ဂ်ရဲ့ ရာသီကြိုက သွတ်သွင်းခဲ့တဲ့ပုံစံကနေ လာခဲ့တယ်ဆိုတာ တွေ့ရမှာပါ။  အဲရစ်ဆင်ကို ရှေ့ထိတက်ခိုင်းပြီး အီလန်ဂါနဲ့ တွဲခိုင်းလိုက်တဲ့အခါမှာ ရှေ့တန်းက ၅ယောက်ဖြစ်သွားစေခဲ့ပါတယ်။အဲလိုလုပ်လိုက်တော့ တစ်ယောက်ချင်းတွေ့ရာမှာတောင် အဖျက်အားနည်းတဲ့ ထရမ့်အာနိုး TAA ကို ၂ ယောက် ၁ယောက်နဲ့ လုံးဝအသာစီးရပြီး အီလန်ဂါရဲ့ အမြန်နှုန်းနောက် လိုက်ပြေးဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားတွေ များသွားတော့တာပါပဲ။  အီလန်ဂါကနေ အဲရစ်ဆင်ဆီ ပြန်ပေးလိုက်တဲ့အခါ (မျှားအဖြူ) ပုံပျက်သွားတဲ့ အာနိုးကြောင့် ပြေးလမ်းကြောင်း(အဖြူစက်မျှား) ပွင့်သွားတယ်၊ အဲရစ်ဆင်ဆီ ဘောလုံးရောက်ပြီးတဲ့အခါ နောက်တန်း ၂ ယောက်ကြားကနေ ပြန်ချပေးလိုက်တော့တယ် (မျှားအပြာ)

Read more

ဒီတစ်ပါတ် ပရီးမီးယားလိဂ်ပွဲများအတွက် ပွဲကြိုခန့်မှန်းချက်များ

(Unicode) ဒီတစ်ပါတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ဘီဘီစီက ခရစ်ဆတ်တန်ရဲ့ ခန့်မှန်းချက်လေးတွေ ကြည့်လိုက်ကြရအောင်။ Tottenham v Wolves (စနေ 6:00) ပြီးခဲ့တဲ့အပါတ်က စပါးတို့ ကစားပုံက နည်းနည်းစိတ်ပျက်စရာကောင်းပေမယ့် သရေတစ်မှတ်ယူဖို့ ပြန်ကြိုးစားကြပုံကတော့ ကျေနပ်စရာပါ။ ဝုလ်ဖ်တို့က

Read more

မန်ယူတို့ အိမ်ကွင်းမှာ ဘရိုက်တန်နည်းပြကြီးရဲ့ ဘယ်လိုတွေ ပညာပြသွားတာ ခံလိုက်ရလဲ ဆိုတာ

မန်ယူတို့ ရာသီအသစ်ကို နည်းပြသစ်နဲ့ စ ခဲ့ကြပေမယ့် ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကတော့ နည်းစနစ်ပြိုင်ပွဲမှာ ထပ်ပြီး အနိုင်ယူသွားနိုင်ခဲ့ပြန်ပါတယ်။ မနှစ်က ဘရိုက်တန်အိမ်ကွင်းမှာလဲ ၄-၀ နဲ့ အနိုင်ယူခဲ့သေးတယ်လေ  ဒီပွဲမှာလဲ အဲဒီပွဲတုန်းကလိုပဲ သူ့ရဲ့ 3-box(4)-3 formation ကိုပဲ သုံးသွားခဲ့တာပါပဲ။  ကွင်းလယ် လေးယောက် box ဆင်ထားတာက ဒီလိုပေါ့: နောက်ချန် ကွင်းလယ်သမား ၂ ယောက် နဲ့ တိုက်စစ်အားသန်တဲ့ ကွင်းလယ် ၂ ယောက်။သူတို့ ၄ ယောက်ပေါင်းလိုက်တော့ မန်ယူရဲ့ ကွင်းလယ်လူ ၂ ယောက်ကို အေးအေးဆေးဆေး ထိန်းလို့ရသွားခဲ့ပါတယ်။ ဒုတိယဂိုးက အဲဒီ box combination က ထွက်လာခဲ့တာပါပဲ။ Caicedo ဘောလုံးရလာချိန်မှာ Gross ဖြတ်ပြေးထွက်မယ့်လမ်းထဲ ထိုးထည့်ပေးလိုက်တယ်။ ပြီးတော့ အသင့်ရှိနေတဲ့ ကွင်းလယ် ၂ ယောက် ရှေ့တန်း ၂ ယောက် ပေါင်းပြီး မန်ယူ နောက်တန်း ၃ ယောက်ကို 4 vs 3 နဲ့ တိုက်စစ်ဆင်တော့တာပါပဲ။ ဒန်နီ ဝဲလ်ဘက်ရဲ့ ရွေ့လျားမှုတွေ Gross နဲ့ အလယ်တန်းတိုက်စစ် ၂ ယောက် ဘောလုံးရချိန်တိုင်း ရှေ့က ဝဲလ်ဘက်ရဲ့ ပြေးလမ်းကြောင်းထဲဘောလုံးထိုးပေးကြတယ်။ အဲလို ထိုးပေးလို့ရအောင် နဲ့ သူကိုယ်တိုင်လဲ လူမကျွံရအောင် ဝဲလ်ဘက်က နောက်တန်းလူတွေကြားကွေ့ဝိုက်ပြေးပြီးမှ ထွက်ယူတာမျိုး လုပ်သွားတယ်။  ပထမဂိုးမှာဆိုလဲ ဝဲလ်ဘက်ရဲ့ လှုပ်ရွေ့သွားမှုကြောင့်လို့ပြောလို့ရတယ်။ မက်ဂွိုင်းယား နဲ့ မာတီနက်ဇ်ကြားကနေလွတ်အောင်ပြေးထွက်သွားနိုင်ခဲ့တယ်လေ။ ဘောလုံးရတာနဲ့ တချက်ထိမ်းပြီး Gross ရှူးဖို့ ချပေးလိုက်တော့တာပဲ။တပွဲလုံး ဘရိုက်တန် ၁၂ လုံး ဂိုးပေါက်တည့်တာမှာ ဝဲလ်ဘက်က တဝက်ဆိုင်နေတယ်လေ (၄ လုံးကန်၊ ၂ လုံးဖန်တီးပေး) တောင်ပံ ခံစစ်သမားတွေရဲ့ ကဏ္ဍ ဂရေဟမ်ပေါ်တာရဲ့ 3-box-3 formation မှာ နောက်တန်း အစွန်လူတွေက တော်တော်လေး အရေးပါတယ်။  တိုက်စစ်ဆင်နေချိန်မှာ ရှေ့ထိတက်ပြီး ရှေ့တန်း ၃ ယောက် ဖြစ်အောင်လုပ်တယ်၊ ခံစစ်ပြင်ချိန်မှာ နောက်တန်း ၃ယောက်နဲ့ ပြန်လာပေါင်းပြီး ၅ ယောက်တန်းဖြစ်သွားတယ်။  အဲဒါတွေထက်ပိုအရေးပါတာက ဘရိုက်တန်တို့ဘောလုံးရနေတဲ့အချိန်မှာ သူတို့လုပ်ရတဲ့အပိုင်းပဲ။ လုပ်ရမှာကတော့ ရှင်းရှင်းလေးပါ ဖြတ်တင်ဘောတွေ အရှည်မျှောထိုးပေးတာတွေ လိုမျိုးလုပ်ပေးရတာပါပဲ၊ ဒါပေမယ့် ထူးခြားသွားတာက ဘယ်ခြမ်းက ကစားရတဲ့ Trossard က ညာသန်၊ ညာခြမ်းက ကစားတဲ့ March က ဘယ်သန်ဆိုတော့ Diagonal pass တွေက ရာနှုန်းတော်တော်များများ ခရီးရောက်နေတယ်။ ပထမဂိုးက Trossard ဆီကနေ ဖြတ်တင်ပေးလိုက်တာ။ ဒုတိယဂိုး March ဘယ်ခြေနဲ့  ကန်သွင်း၊ ဒဟဲယား ပုတ်ထုတ်တာကို Gross ပိတ်သွင်းယူသွား။ High

Read more

နူးနက်ဇ် + ဆားလား = လီဗာပူးရဲ့ ကြောက်စရာ ရှေ့တန်း ကစားပုံအသစ်

(Unicode) အရင်နှစ်တွေကတော့ လီဗာပူး ညာခြမ်းက ရိုးရိုးရှင်းရှင်းပါပဲ။ မိုဆားလားက အထဲချိုးဝင်တဲ့ တောင်ပံကစားသမား inverted winger အနေနဲ့ကစားတယ်။ သူကဘယ်သန် ပင်နယ်တီဘောက်ထဲဝင်လာပြီး ကျဉ်းကျဉ်းကျပ်ကျပ် အတိုပေးလေးတွေနဲ့ ကစားပြီး ဂိုးသွင်းဖို့ ကြိုးစားတတ်တယ်။အကောင်းဆုံး တိုက်စစ်အားသန် နောက်ခံလူတစ်ယောက် ဖြစ်လာတဲ့ TAA ထရမ့်အလက်ဇန္ဒား အာနိုးကတော့ ညာသန်ဖြစ်ပြီး တောင်ပံတိုက်စစ်ကို overlap တက်တက်လာတတ်တယ်။  အမြဲတမ်းတော့ မဟုတ်ပေမယ့် ပွဲတော်တော်များများမှာ TAA က final third ရဲ့ ညာခြမ်းတဝက်လောက်မှာ လှည့်ပါတ်မွှေနှောက်၊ ဂိုးပေါက်နား နီးနီးကပ်ကပ်ထိ ဝင်ဝင်လာတတ်တာက တခါတခါ ရှေ့တန်းကစားသမားတွေထက် ပိုကြောက်စရာကောင်းနေတတ်တယ်။ ဒါပေမယ့် သူ့ရဲ့ အဲ့လိုကစားပေါက်က မိုဆားလားကို နေရာပြောင်းကစားရဖို့ဖြစ်သွားတယ်။ အဲလိုအချိန်တွေဆို ဆားလားက အပေါ်ထိတက်ပြီး ကျယ်ကျယ်လွင့်လွင့်ကစားဖို့ လုပ်လာရတယ်။ဒါမှ အထဲဝင်သွားတဲ့ TAA ဘေးကနေရာတွေကို အသုံးချနိုင်မှာကိုး။ အဲလိုနဲ့ ပြီးခဲ့တဲ့နှစ်မှာ လီဗာပူးညာတောင်ပံကိုစိုးမိုးထားတာ ရှေ့တန်းသမား မိုဆားလား ဖြစ်လာခဲ့တယ်။ ဂျာဂင်ကလော့ပ် လက်ထက်မှာ ပထမဆုံးပဲ။ အပေါ်ယံကြည့်ရင်တော့ ဂိုးသွင်းမယ့် ရှေ့တန်းသမားက တောင်ပံကနေ ဘောလုံးတွေ တင်ပေးနေရတာ အချိုးမကျတဲ့ ပုံစံကြီးလို့ ထင်စရာရှိပေမယ့် သေချာကြည့်ရင် အဲဒီပုံစံကြောင့် လီဗာပူးရှေ့တန်း အရမ်းကောင်းသွားတာတွေ့ရတယ်။ မိုဆားလား ၂၃ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးပေးခဲ့တယ်။ သူ့အတွက် ၂၀၁၇-၁၈ နောက်ပိုင်း စံချိန်တင်ပါပဲ။ TAA ရဲ့ တိုက်စစ်ပိုင်းက အဆင့်တခုထိ ထိုးတက်သွားတယ်။ ချုပ်လိုက်တော့ လီဗာပူးတို့ ၉၄ ဂိုးသွင်းနိုင်ခဲ့ကြတယ်။ ကလော့ပ်လက်ထက် အများဆုံးသွင်းဂိုးနဲ့ပေါ့။ မိုဆားလား ညာခြမ်းမှာ ဘောလုံးရသွားရင် လုပ်စရာ ၃ ခုပဲရှိတယ်။ အတွင်းကိုတက်လာတဲ့ TAA (ဒါမှမဟုတ်တခြားတစ်ယောက်ဖြစ်ဖြစ်)ဆီကို ဘောလုံးပေးပြီး ဂိုးဖန်တီးခိုင်းမလား ဒါမှမဟုတ် လိမ်ခေါက် အတွင်းကို ဆွဲဝင်လာပြီး ဂိုးရှုးမလား ဒါမှမဟုတ် ဂိုးနဲ့ဝေးရာ ညာဘက်ကို ဘောလုံးဆွဲသွားမလားဆိုတာရယ်။ ပထမ ၂ ခုကတော့ဘယ်နောက်တန်းမှ မလုပ်စေချင်ကြဘူးလေ။ အဲဒီတော့ သူနဲ့တွေ့ရင် ဘယ်ခြမ်းကို ကာပိတ်ထားပြီး ညာဘက်ကိုပဲဆွဲသွားအောင် ဖိအားပေးကစားတတ်လာကြတယ်။ ရှေ့တန်းသမားတွေ အဲလိုညာခြမ်းဆွဲသွားပြီဆိုရင် အဓိကအားဖြင့် ၃ နေရာကို ဘောလုံးပေးတတ်ကြတယ်။ အနီးတိုင်ဘက်ခြမ်းရယ်၊ အဝေးတိုင်ဘက်ခြမ်းရယ်၊ ပင်နယ်တီကန်တဲ့နေရာနားလေးရယ်။ အများဆုံးကတော့ အနီးတိုင်ဘက်ခြမ်းပေါ့။ ဆာလားလို ညာခြေသိပ်မသန်သူအတွက်ကတော့ အနီးတိုင်ဘက်ခြမ်းကို အနိမ့်ဘောထည့်ပေးလိုက်တာကိုပဲ အများဆုံးလုပ်လေ့ရှိပါတယ်။ သူ့ဆီကထွက်လာတဲ့အလုံးတွေကို အနီးတိုင်ဘက်ခြမ်းမှာပြေးလွှားပြီး အသုံးချမယ့် အဆုံးသတ်မယ့်သူ လိုနေခဲ့တယ်။ အဲဒီမှာ လီဗာပူးတို့ အကြပ်ရိုက်တော့တာပါပဲ။ ကလော့ပ်က ဖာမီနိုကို အဲဒီအခွင့်အရေးတွေ သုံးခိုင်းဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် ဖာမီနိုက False 9 ပုံစံနဲ့ ကစားရတာဆိုတော့ နောက်ထိဆင်းနေရချိန်များတော့ အချိန်နော်တော်များများမှာ အဆင်သင့်ဖြစ်မနေနိုင်ခဲ့ပါဘူး။ အဲဒီမှာ ဒါဝင်နူးနက်ဇ် အခန်းရောက်လာတာပါပဲ။ ဖူလ်ဟမ်နဲ့ အဖွင့်ပွဲမှာ ဖာမီနိုအစား လူစားဝင်လာပြီး ၁၅ မိနစ်အကြာမှာပဲ အဲဒီပုံစံကနေ အပိုင်အခွင့်အရေး ၂ ကြိမ်ထိရခဲ့တယ်၊ ပထမတခါကို ဂိုးသမား ကာကွယ်လိုက်နိုင်ပေမယ့် ဒုတိယအကြိမ်မှာတော့ ဂိုးပေးခဲ့လိုက်ရတယ်။ပြောရရင် ကွန်မြူနီတီဒိုင်းပွဲတုန်းက မန်စီးတီးကိုရခဲ့တဲ့ ပင်နယ်တီကလဲ ဒီပုံစံကပါပဲ။ ဆာလား တင်ပေးလိုက်တဲ့အနိမ့်ဘောကို ပြေးလွှားနေတဲ့ နူးနက်ဇ် ခေါင်းဖြတ်တိုက်လိုက်တာပါပဲ။ မန်စီးတီးနောက်တန်းလူ ဒီယက်ဇ်ရဲ့ လက်ကို ထိသွားလို့သာ ပင်နယ်တီဖြစ်သွားခဲ့တာ။ ဒီလိုနဲ့ လီဗာပူးတို့ဟာ မိုဆားလားရဲ့ ဂိုးသွင်းသေချာမှုလို၊ ထရမ့် အာနိုး TAA ရဲ့ တိုက်စစ်လိုက်ပါမှုလို နဂိုရှိရင်းစွဲရှေ့တန်းအားသာမှုတွေမှာ နူးနက်ဇ်ရဲ့ မြန်ဆန်မှု နေရာယူမှုတွေပေါင်းပြီး ပြည့်စုံလုနီးပါး ကြောက်စရာ ရှေ့တန်းကစားပုံကို ပုံဖော်နိုင်ခဲ့ပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ အခုလို စိတ်ဝင်စားစရာ သုံးသပ်ချက်တွေ မလွတ်တမ်း ဖတ်နိုင်ဖို့ ကျနော်တို့ရဲ့ PremierHighlight page လေးကိုLike လုပ်ထားကြပါဦးနော် ညီအစ်ကိုတို့  (Zawgyi) အရင်နှစ်တွေကတော့ လီဗာပူး

Read more

ဟာလန်း 2.0 (ပြောင်းလဲတိုးတက်လာတော့မယ့် ဟာလန်းရဲ့ ကစားဟန်)

(Unicode) အဖွင့်ပွဲကနေစပြီးတော့ ဟာလန်းကတော့ ရှေ့ဆက် ဘာတွေ ဆက်တွေ့ကြရမလဲဆိုတာ ပြလိုက်ပါပြီဗျာ။ ဂိုးက ၂ ဂိုး။ လျှပ်ပျက်သလို အမြန်နှုန်း၊ စမတ်ကျတဲ့ လှုပ်ရှားမှုတွေ၊ (သူကိုယ်တိုင်ပြောခဲ့သလို) ဘယ်တော့မှ လူမကျွံတဲ့ မွေးရာပါ ကျွမ်းကျင်မှု၊ သွေးအေးအေး

Read more

မန်ယူက Marko Arnautovic ကို ခေါ်ဖို့ကြိုးစားနေရလော​က်အောင် အခြေအနေဆိုးနေပြီလား?

(Unicode) မန်ယူတို့ကတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၁ – ၂ နဲ့ရှုံးပြီး ရာသီအကြိုက ပြခဲ့တဲ့ ခြေစွမ်းလေးတွေ သဲထဲရေသွန်လိုက်ကြပါပြီ။ တဆက်တည်းကြားလိုက်ရတဲ့ သတင်းက Series A က Bologna မှာ ကစားနေတဲ့

Read more