ဂျူဗီတို့ ဒီနှစ် စီးရီးအေ ချန်ပီယံဖြစ်ဖို့ မီလန် ၂ သင်းကို စိန်ခေါ်နိုင်မလား?

LAS VEGAS, NV – JULY 22: Paul Pogba of Juventus during the Preseason Friendly match between Juventus and Chivas de Guadalajara at Allegiant Stadium on July 22, 2022 in Las Vegas, Nevada. (Photo by James Williamson – AMA/Getty Images)

Unicode

ဂျူဗီတို့အနေနဲ့ ပြီးခဲ့တဲ့ရာသီအဆုံးမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ဆွဲတင်နိုင်ခဲ့ပေမယ့် အဲလောက်နဲ့တော့ အီတလီထိပ်သီးအသင်းရဲ့ စိတ်ပျက်စရာ ရာသီကို စိတ်ပြေစရာအခြေအနေ ဖြစ်မသွားခဲ့ပါဘူး။

ချန်ပီယံ အေစီတို့နဲ့ ၁၆ မှတ်အကွာမှာ အဆုံးသတ်ခဲ့ရတဲ့အတွက် Old Ladyတို့အနေနဲ့ ရာသီအသစ်မှာ ထမ်းပိုးပြီးဝင်လာရမယ့် ဖိအားတွေ နည်းမှာမဟုတ်ပါဘူး။

မန်ယူကနေ စာချုပ်ကုန်ပြီး အလွတ်နဲ့ပြောင်းလာတဲ့ ပေါ့ဘာကို ကြိုဆိုရင်း နည်းပြကြီး အယ်လီဂရီအနေနဲ့ အဖွင့်ပွဲ Sassuolo ပွဲကစလို့ ရာသီအစကို ရှယ်ရလဒ်တွေနဲ့ ဖြတ်သန်းဖို့ စိတ်အားထက်သန်နေလောက်ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မီလန် နှစ်သင်းလုံး ပြန်အားကောင်းလာတဲ့ အနေအထားကို ကြည့်ရင် ဒီရာသီမှာ ဂျူဗီတို့ တကယ့်စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြရတော့မှာပါ။ ဒီတခါမှာကော ဂျူဗီတို့ ချန်ပီယံဆုအတွက် ရှေ့ဆုံးကပြေးနိုင်မလား??

တူရင်ကွင်းမှာ ခံတပ်ပြင်မယ်

စီးရီးအေ နောက်ဆုံးပွဲမှာ သရေတစ်မှတ်သာ ယူနိုင်ခဲ့ပြီးတဲ့မောက်မှာတော့ နည်းပြကြီး အယ်လီဂရီ တစ်ယောက် သူ့အသင်းကို အိမ်ကွင်းတူရင်မှာ ခြေစွမ်းငြိမ်အောင်လုပ်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သဘောပေါက်လောက်ပါပြီ။

မတ်လတုန်းက ဗိလာရီးယဲလ်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ ဟိုးလေးတကျော် ရှုံးပြီး ချန်ပီယံလိဂ်ကထွက်ခဲ့ရတဲ့နောက်ပိုင်းကစလို့ ဂျူဗီတို့ အိမ်ကွင်းခြေမမှန်တာ လူပြောများလာခဲ့ပါတယ်။

စီးရီးအေ အိမ်ကွင်းနောက်ဆုံး ၇ ပွဲမှာ ၃ ပွဲပဲနိုင်အောင်စွမ်းနိုင်ခဲ့တဲ့ Old Ladyတို့ဟာ ချန်ပီယံလုဘက်တွေ အိမ်ကွင်းလာကန်တိုင်းလဲ ရုန်းကန်ခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့ရာသီက အင်တာ၊ လာဇီယို၊ နာပိုလီ၊ အတ္တလန်တာ၊ အေစီတို့ကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့တဲ့ပွဲတွေမှာ တစ်ပွဲမှ နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။

အဲလိုပဲ မနှစ်က ရာသီအဖွင့်ပွဲ အမ်ပိုလီ နဲ့ အိမ်ကွင်းပွဲတုန်းကလဲ ၀-၁ နဲ့ ရှုံးခဲ့ကြသေးတာပါ။

ဆိုတော့… အိမ်ကွင်းမှာ ခြေစွမ်းတိုးတက်လာဖို့က နည်းပြကြီး အယ်လီဂရီရဲ့ ဒီရာသီ ဦးစားပေး ရည်မှန်းချက်တောင် ဖြစ်နေနိုင်ပါတယ်။

ယိုယွင်းနေတဲ့ နောက်တန်းအတွက် ဖြေဆေး

သူတို့အသင်းရဲ့ နယ်သာလန်နောက်တန်းကစားသမား ဒီလစ် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားချိန်မှာ Juve Fan တွေ စိတ်အပျက်ကြီး ပျက်ခဲ့ကြရပါတယ်။ ဒါဟာလဲ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။

အသင်းအနေနဲ့ အဲဒီနေရာအတွက် တိုရီနိုက Gleison Bremer ကို မြန်မြန်ဆန်ဆန် ခေါ်ပြီး အားဖြည့်ခဲ့ပေမယ့် အသင်းရဲ့ နောက်တန်း icon ချီလီနီနေရာကို ပြန်ဖြည့်နိုင်ဖို့ လူအသည်းအသန်ရှာစရာလိုနေသေးတာကို သိကြလို့ပါပဲ။

ဂျူဗီနောက်တန်းဟာ ပြီးခဲ့တဲ့ရာသီကတည်းက ပြဿနာမျိုးစုံ တက်နေခဲ့တာပါ။ ကိုပါအီတာလီယာ ဖလားပွဲမှာ အင်တာကို ၄-၂ နဲ့ ရှုံးတဲ့ပွဲအပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာ clean sheet ရခဲ့တာဟာ အီတလီထိပ်သီး အသင်းတသင်းအနေနဲ့ ကျေနပ်စရာ ဖြစ်မနေပါဘူး။

အဲလိုပဲ စီးရီးအေ တစ်ခုတည်းကိုပဲ ကြည့်မယ်ဆိုရင်လဲ အယ်လီဂရီရဲ့ အဖွဲ့သားတွေဟာ နောက်ဆုံး ၁၄ ပွဲမှာ clean sheet က ၂ ပွဲသာ ရထားခဲ့ကြပါတယ်။ အချိန်အားဖြင့်ကြည့်ရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဆိုတော့ စိုးရိမ်စရာကောင်းလောက်အောင် ကြာနေပြီဖြစ်တဲ့ ပြဿနာပါပဲ။

Vlahović ကို အကောင်းဆုံး အသုံးချနိုင်ရေး

PSG စူပါစတား ဒီမာရီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပေမယ့် ဂျူဗီတို့ရဲ့ အဓိကဂိုးသွင်းတာဝန်ဟာ ဗလာဟိုဗစ်ရဲ့ ပုခုန်းပေါ်မှာပဲ ရှိနေဦးမယ်ဆိုတာ သံသယဖြစ်ဖို့မရှိပါဘူး။

ဇန်နဝါရီတုန်းက ပေါင် ၅၈ သန်းဝန်းကျင်နဲ့ ဖီအိုရင်တီးနားကနေ တူရင်ကိုပြောင်းလာခဲ့တဲ့ ဆားဘီးယားသားဟာ ပြီးခဲ့တဲ့ရာသီက ရွှေဖိနပ်ဆု ရနိုင်တယ်လို့တောင် ထင်ကြေးပေးခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ခရမ်းပြာတွေနဲ့ ပထမရာသီဝက်မှာတင် ဂိုး ၂၀ သွင်းနိုင်ခဲ့တဲ့ ဆရာသမားဟာ ဂျူဗီနဲ့ ရာသီပိတ် စာရင်းချုပ်တဲ့အခါမှာတော့ ၆ ပွဲ မှ ၁ ဂိုးနှုန်းနဲ့ မှန်းချက်မကိုက် ဖြစ်ခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နွေရာသီ အပြောင်းအရွှေ့မှာ အိုးထရက်ဖို့ဒ်ကိုပြောင်းသွားတဲ့ ရောနယ်ဒိုဆီကနေ နံပါတ် ၇ အင်္ကျီကိုဆက်ခံထားသူမို့ အယါလီဂရီရဲ့ ချန်ပီယံပြန်လည်သိမ်းပိုက်ရေး ပလန်မှာ အဓိကနေရာက ပါဝင်သွားရမှာကတော့ အသေအချာပါပဲ။

အခုလို စိတ်ဝင်စားစရာ ဆောင်းပါးလေးတွေ မလွတ်တမ်းဖတ်နိုင်အောင်လို့ ကျနော်တို့ရဲ့ Premier Highlight ဖေ့ဘွတ်page လေးကိုလဲ Like လုပ်ထားပေးကြပါဦး ညီကိုတို့ရေ 😊😊

Zawgyi

LAS VEGAS, NV – JULY 22: Paul Pogba of Juventus during the Preseason Friendly match between Juventus and Chivas de Guadalajara at Allegiant Stadium on July 22, 2022 in Las Vegas, Nevada. (Photo by James Williamson – AMA/Getty Images)

ဂ်ဴဗီတို႔အေနနဲ႔ ၿပီးခဲ့တဲ့ရာသီအဆုံးမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ ဆြဲတင္ႏိုင္ခဲ့ေပမယ့္ အဲေလာက္နဲ႔ေတာ့ အီတလီထိပ္သီးအသင္းရဲ႕ စိတ္ပ်က္စရာ ရာသီကို စိတ္ေျပစရာအေျခအေန ျဖစ္မသြားခဲ့ပါဘူး။

ခ်န္ပီယံ ေအစီတို႔နဲ႔ ၁၆ မွတ္အကြာမွာ အဆုံးသတ္ခဲ့ရတဲ့အတြက္ Old Ladyတို႔အေနနဲ႔ ရာသီအသစ္မွာ ထမ္းပိုးၿပီးဝင္လာရမယ့္ ဖိအားေတြ နည္းမွာမဟုတ္ပါဘူး။

မန္ယူကေန စာခ်ဳပ္ကုန္ၿပီး အလြတ္နဲ႔ေျပာင္းလာတဲ့ ေပါ့ဘာကို ႀကိဳဆိုရင္း နည္းျပႀကီး အယ္လီဂရီအေနနဲ႔ အဖြင့္ပြဲ Sassuolo ပြဲကစလို႔ ရာသီအစကို ရွယ္ရလဒ္ေတြနဲ႔ ျဖတ္သန္းဖို႔ စိတ္အားထက္သန္ေနေလာက္ပါတယ္။

ၿပီးခဲ့တဲ့ ၂ ႏွစ္အတြင္း မီလန္ ႏွစ္သင္းလုံး ျပန္အားေကာင္းလာတဲ့ အေနအထားကို ၾကည့္ရင္ ဒီရာသီမွာ ဂ်ဴဗီတို႔ တကယ့္စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ၾကရေတာ့မွာပါ။ ဒီတခါမွာေကာ ဂ်ဴဗီတို႔ ခ်န္ပီယံဆုအတြက္ ေရွ႕ဆုံးကေျပးႏိုင္မလား??

တူရင္ကြင္းမွာ ခံတပ္ျပင္မယ္

စီးရီးေအ ေနာက္ဆုံးပြဲမွာ သေရတစ္မွတ္သာ ယူႏိုင္ခဲ့ၿပီးတဲ့ေမာက္မွာေတာ့ နည္းျပႀကီး အယ္လီဂရီ တစ္ေယာက္ သူ႔အသင္းကို အိမ္ကြင္းတူရင္မွာ ေျခစြမ္းၿငိမ္ေအာင္လုပ္ဖို႔ ဘယ္ေလာက္အေရးႀကီးလဲဆိုတာ သေဘာေပါက္ေလာက္ပါၿပီ။

မတ္လတုန္းက ဗိလာရီးယဲလ္ကို အိမ္ကြင္းမွာ ၃-၀ နဲ႔ ဟိုးေလးတေက်ာ္ ရႈံးၿပီး ခ်န္ပီယံလိဂ္ကထြက္ခဲ့ရတဲ့ေနာက္ပိုင္းကစလို႔ ဂ်ဴဗီတို႔ အိမ္ကြင္းေျခမမွန္တာ လူေျပာမ်ားလာခဲ့ပါတယ္။

စီးရီးေအ အိမ္ကြင္းေနာက္ဆုံး ၇ ပြဲမွာ ၃ ပြဲပဲႏိုင္ေအာင္စြမ္းႏိုင္ခဲ့တဲ့ Old Ladyတို႔ဟာ ခ်န္ပီယံလုဘက္ေတြ အိမ္ကြင္းလာကန္တိုင္းလဲ ႐ုန္းကန္ခဲ့ၾကရပါတယ္။ ၿပီးခဲ့တဲ့ရာသီက အင္တာ၊ လာဇီယို၊ နာပိုလီ၊ အတၱလန္တာ၊ ေအစီတို႔ကို အိမ္ကြင္းမွာ ဧည့္ခံကစားခဲ့တဲ့ပြဲေတြမွာ တစ္ပြဲမွ ႏိုင္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ၾကပါဘူး။

အဲလိုပဲ မႏွစ္က ရာသီအဖြင့္ပြဲ အမ္ပိုလီ နဲ႔ အိမ္ကြင္းပြဲတုန္းကလဲ ၀-၁ နဲ႔ ရႈံးခဲ့ၾကေသးတာပါ။

ဆိုေတာ့… အိမ္ကြင္းမွာ ေျခစြမ္းတိုးတက္လာဖို႔က နည္းျပႀကီး အယ္လီဂရီရဲ႕ ဒီရာသီ ဦးစားေပး ရည္မွန္းခ်က္ေတာင္ ျဖစ္ေနႏိုင္ပါတယ္။

ယိုယြင္းေနတဲ့ ေနာက္တန္းအတြက္ ေျဖေဆး

သူတို႔အသင္းရဲ႕ နယ္သာလန္ေနာက္တန္းကစားသမား ဒီလစ္ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕သြားခ်ိန္မွာ Juve Fan ေတြ စိတ္အပ်က္ႀကီး ပ်က္ခဲ့ၾကရပါတယ္။ ဒါဟာလဲ အေၾကာင္းမဲ့ေတာ့ မဟုတ္ပါဘူး။

အသင္းအေနနဲ႔ အဲဒီေနရာအတြက္ တိုရီႏိုက Gleison Bremer ကို ျမန္ျမန္ဆန္ဆန္ ေခၚၿပီး အားျဖည့္ခဲ့ေပမယ့္ အသင္းရဲ႕ ေနာက္တန္း icon ခ်ီလီနီေနရာကို ျပန္ျဖည့္ႏိုင္ဖို႔ လူအသည္းအသန္ရွာစရာလိုေနေသးတာကို သိၾကလို႔ပါပဲ။

ဂ်ဴဗီေနာက္တန္းဟာ ၿပီးခဲ့တဲ့ရာသီကတည္းက ျပႆနာမ်ိဳးစုံ တက္ေနခဲ့တာပါ။ ကိုပါအီတာလီယာ ဖလားပြဲမွာ အင္တာကို ၄-၂ နဲ႔ ရႈံးတဲ့ပြဲအပါအဝင္ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၁၀ ပြဲမွာ ၁ ပြဲသာ clean sheet ရခဲ့တာဟာ အီတလီထိပ္သီး အသင္းတသင္းအေနနဲ႔ ေက်နပ္စရာ ျဖစ္မေနပါဘူး။

အဲလိုပဲ စီးရီးေအ တစ္ခုတည္းကိုပဲ ၾကည့္မယ္ဆိုရင္လဲ အယ္လီဂရီရဲ႕ အဖြဲ႕သားေတြဟာ ေနာက္ဆုံး ၁၄ ပြဲမွာ clean sheet က ၂ ပြဲသာ ရထားခဲ့ၾကပါတယ္။ အခ်ိန္အားျဖင့္ၾကည့္ရင္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကတည္းက ဆိုေတာ့ စိုးရိမ္စရာေကာင္းေလာက္ေအာင္ ၾကာေနၿပီျဖစ္တဲ့ ျပႆနာပါပဲ။

Vlahović ကို အေကာင္းဆုံး အသုံးခ်ႏိုင္ေရး

PSG စူပါစတား ဒီမာရီယာကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့ေပမယ့္ ဂ်ဴဗီတို႔ရဲ႕ အဓိကဂိုးသြင္းတာဝန္ဟာ ဗလာဟိုဗစ္ရဲ႕ ပုခုန္းေပၚမွာပဲ ရွိေနဦးမယ္ဆိုတာ သံသယျဖစ္ဖို႔မရွိပါဘူး။

ဇန္နဝါရီတုန္းက ေပါင္ ၅၈ သန္းဝန္းက်င္နဲ႔ ဖီအိုရင္တီးနားကေန တူရင္ကိုေျပာင္းလာခဲ့တဲ့ ဆားဘီးယားသားဟာ ၿပီးခဲ့တဲ့ရာသီက ေ႐ႊဖိနပ္ဆု ရႏိုင္တယ္လို႔ေတာင္ ထင္ေၾကးေပးခံခဲ့ရပါတယ္။

ဒါေပမယ့္လည္း ခရမ္းျပာေတြနဲ႔ ပထမရာသီဝက္မွာတင္ ဂိုး ၂၀ သြင္းႏိုင္ခဲ့တဲ့ ဆရာသမားဟာ ဂ်ဴဗီနဲ႔ ရာသီပိတ္ စာရင္းခ်ဳပ္တဲ့အခါမွာေတာ့ ၆ ပြဲ မွ ၁ ဂိုးႏႈန္းနဲ႔ မွန္းခ်က္မကိုက္ ျဖစ္ခဲ့ရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အိုးထရက္ဖို႔ဒ္ကိုေျပာင္းသြားတဲ့ ေရာနယ္ဒိုဆီကေန နံပါတ္ ၇ အက်ႌကိုဆက္ခံထားသူမို႔ အယါလီဂရီရဲ႕ ခ်န္ပီယံျပန္လည္သိမ္းပိုက္ေရး ပလန္မွာ အဓိကေနရာက ပါဝင္သြားရမွာကေတာ့ အေသအခ်ာပါပဲ။

အခုလို စိတ္ဝင္စားစရာ ေဆာင္းပါးေလးေတြ မလြတ္တမ္းဖတ္ႏိုင္ေအာင္လို႔ က်ေနာ္တို႔ရဲ႕ Premier Highlight ေဖ့ဘြတ္page ေလးကိုလဲ Like လုပ္ထားေပးၾကပါဦး ညီကိုတို႔ေရ 😊😊