ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းရဲ့ အပြောင်းအရွှေ့ အခြေအနေ

Unicode

ပရီးမီးယားလိဂ်အသင်းတွေဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ငွေအလုံးအရင်းသုံးပြီး လှုပ်ရှားနေကြတယ်။ ဟာလန်း၊ ဒါဝင် နူနက်ဇ်၊ ဖေဘီယို ဗီအဲယာ၊ မာတီနက်ဇ်တို့လို ရင်ခုန်စရာ အပြောင်းအရွှေ့တွေပြီးခဲ့ပြီးပြီ။

အချိန် ၂ ပါတ်လောက်အလိုမှာ အပြောင်းအရွှေ့ကိစ္စတွေ ပြီးပြီလို့ပြောတဲ့ ဂျာဂင်ကလော့ပ်လို နည်းပြမျိုးတွေ ရှိသလို၊ ရာသီအသစ်အတွက် အဆင်သင့်မဖြစ်သေးဘူး လူတွေ ထပ်ဖြည့်ဖို့လိုသေးတယ်လို့ပြောတဲ့ ချယ်ဆီးနည်းပြတူချယ်လ်လို နည်းပြတွေလဲ ရှိနေပါသေးတယ်။ ဒါကြောင့် ဘယ်အသင်းတွေက ဘယ်သူတွေဝယ်ပြီးပြီလဲ ဘယ်အသင်းတွေက ဘယ်လိုနေရာတွေမှာ ထပ်ဖြည့်ဖို့ လိုနေသေးလဲ? ကြည့်လိုက်ကြရအောင်…

၁။ အာဆင်နယ် (Arsenal)

ပြီးခဲ့တဲ့ ရာသီက သန်း ၁၆၀ ကျော် သုံးခဲ့တဲ့ နည်းပြ အာတီတာဟာ ဒီရာသီမှာတော့ အရည်အသွေးရှိတဲ့သူတွေကို ဦးစားပေး ခေါ်ထားတာတွေ့ရပါတယ်။ ရှေ့တန်းအတွက် ဂျေးဆု၊ အလယ်တန်းမှာ ဖေဘီယို ဗီအဲယာ၊ အရန်ဂိုးသမားနေရာအတွက် မတ် တာနာ (Matt Turner)၊ ကွင်းလယ် ဘယ်ခြမ်းနေရာအတွက် ဇင်ချန်ကို တို့ကို ခေါ်ထားခဲ့ပြီးပြီဖြစ်ပါတယ်။

ဒါပေမယ့် ရှေ့တန်းတောင်ပံတွေ ထွက်ကစားနိုင်တဲ့သူမျိုးရယ်၊ ကွင်းလယ်မှာ box-to-box ကစားနိုင်တဲ့သူမျိုးရယ် ထပ်လိုချင်နေပါသေးတယ်။ ကွင်းလယ်အတွက် Tielemens ကို ချိန်နေပါတယ်။

ဒါ့အပြင် အသင်းလူစာရင်းထဲက မလိုတော့တဲ့သူတွေကိုလဲ ရောင်းထုတ်ပစ်ချင်နေပါသေးတယ်။ ဟက်တာဘာလင်၊ မိတ်လန်းနိုင်းလ်စ်၊ နီကိူလင်စ် ပေပေ နဲ့ Pablo Mari တို့လိုလူတွေပေါ့။

အဲဒီတော့ ကြည့်ရတာ အာဆင်နယ်အတွက်ကတော့ အပြောင်းအရွှေ့ မပိတ်ခင်ထိ အလုပ်ရှုပ်နေဦးမယ့် သဘောရှိပါတယ်။

၂။ ချယ်ဆီး (Chelsea)

လက်ရှိအချိန်ထိ စတာလင်း နဲ့ ကူလီဘာလီ တို့ နှစ်ယောက် အဝင်ရှိထားပါတယ်။အတွေ့အကြုံပြည့် စတာလင်ကတော့ ချယ်ဆီးတိုက်စစ် ဘယ်ခြမ်းမှာ ပုံမှန်နေရာယူလာဖို့ရှိတယ်။ ကူလီဘာလီကတော့ သီယာဂိုဆေးလ်ဗားနဲ့တွဲပြီး အသင်းခံစစ်ပိုင်းကို ကွင်းလယ်ကစပြီး တည်ငြိမ်အောင် ထိန်းပေးမယ့် အနေအထားရှိပါတယ်။

တူချယ်အနေနဲ့ကတော့ အတွေ့အကြုံရင့် နောက်တန်းအလယ်လူ နှစ်ယောက်လောက် ထပ်ရှာနေသေးတဲ့ သဘောရှိပါတယ်။ ဆီဗီးလားက Jules Kounde နဲ့ PSG က ဝါရင့် Kimpembe တို့နဲ့ ဆွေးနွေးနေတဲ့ သတင်းတွေ တွေ့နေရပါတယ်။ အလယ်တန်းအတွက် Sporting က ၂၃ နှစ်သားလေး Matheus Nunes ကိုလဲ ချိန်နေတယ်။ ဒါ့အပြင် တိုက်စစ်မှူးအသစ်တွေ အားဖြည့်ထားတဲ့ မန်စီးတီး နဲ့ လီဗာပူးတို့ကို ယှဉ်နိုင်ဖို့ တိုက်စစ်မှူးလဲ လိုချင်နေသေးတဲ့ ပုံပါပဲ။

၃။ လီဗာပူး (Liverpool)

မာနေးကို လက်လွှတ်ထားရတဲ့ ကြိုးကြာနီတွေဟာ ဒါဝင်နူနက်ဇ်ကို ကလပ်စံချိန်တင် ပေါင် ၈၅ သန်းအထိပေးပြီး ခေါ်ထားခဲ့ပါတယ်။ မနှစ်က ချန်ပီယံရှစ်မှာ ခြေစွမ်းပြခဲ့တဲ့ ဆယ်ကျော်သက်လေး Fabio Cavalho ကိုလဲ ပြန်ခေါ်ထားခဲ့တာမို့ ရှေ့တန်းအင်အား တောင့်တင်းသွားပါပြီ။ နော့တင်ဟမ်ကို ထွက်သွားတဲ့ Neco Williams နေရာကိုလဲ Aberdeen က အလားလာကောင်း လူငယ်လေး Calvin Ramsey နဲ့ ပြန်ဖြည့်ထားပြီးပြီမို့ ခံစစ်ညာခြမ်းက Alexander-Arnold နေရာအတွက် အရန်အင်အားလဲ လုံလောက်သွားတဲ့ အခြေအနေဖြစ်သွားပါပြီ။

ဒါကြောင့်လဲ နည်းပြကြီး ကလော့ပ်က အပြောင်းအရွှေ့တွေ ပြီးသွားပြီ လို့ပြောခဲ့တာ ဖြစ်မှာပါပဲ။

၄။ မန်ချက်စတာ စီးတီး (Manchester City)

ဂွါဒီယိုလာအနေနဲ့ သူ့ရဲ့ လက်ရှိချန်ပီယံအသင်းအင်အားကို ရာသီအစမှာကတည်းက ပိုမိုတောင့်တင်းနေစေဖို့ ဟာလန်းလို အကောင်းစားခေါ်ယူမှုတွေ လုပ်ထားခဲ့ပြီးပါပြီ။

အင်္ဂလန်စတား Kalvin Phillips ကိုလဲခေါ်ယူထားတာမို့ အလယ်တန်းအင်အား ပိုတောင့်တင်းလာစေပါတယ်။ တောင်ပံကစားသမားတွေ အလျှံအပယ်ရှိနေတာမို့လဲ အာဆင်နယ်ကို စတာလင် ထွက်ခွါသွားတာက ပြဿနာမဟုတ်တော့ပါဘူး။

ဒါပေမယ့် ဇင်ချန်ကို ကိုလက်လွှတ်လိုက်ရတာ နဲ့ Legal ပြဿနာတွေကြောင့် အသင်းကို မရောက်လာနိုင်သေးတဲ့ Benjamin Mendy တို့ကြောင့်တော့ နောက်တန်းဘယ်ခြမ်းက အားနည်းနေသေးပါတယ်။

၅။ မန်ချက်စတာ ယူနိုက်တက် (Manchester United)

Eriksan နဲ့ Martinez တို့ကို ခေါ်လိုက်နိုင်တာဟာ မန်ယူရဲ့ လိုအပ်တဲ့နေရာတွေကို အတော်အတန် အားဖြည့်ပြီးသလို ဖြစ်နေပါပြီ။ ဒါပေမယ့် မပြတ်သားသေးတဲ့ ဒီဂျောင် ရဲ့ အပြောင်းအရွှေ့နဲ့ ရော်နယ်ဒို ရဲ့ အခြေအနေတွေကြောင့်တော့ နည်းပြကြီး အနေနဲ့ ဒီအပြောင်းအရွှေ့ကာလက စိတ်ရှုပ်စရာဖြစ်နေမှာပါပဲ။

တကယ်လို့များ ရော်နယ်ဒို ပြောင်းသွားဖို့ သေချာသွားရင် မန်ယူရှေ့တန်းမှာ အားနည်းသွားသလို ဖြစ်သွားပါလိမ့်မယ်။ ရက်ရှ်ဖို့ဒ် နဲ့ မာရှယ် ကို နည်းပြကြီးက အရင်လို ခြေစွမ်းမျိုး ပြန်ရအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်နေတာလဲ ဖြစ်ချင်ဖြစ်မှာပါ။

၆။ တော့တင်ဟန် ဟော့ စပါး (Tottenham)

အပြောင်းအရွှေ့စားရိတ် သန်း ၁၅၀ ရထားတဲ့ နည်းပြကြီး ကွန်တီ တစ်ယောက် အောင်မြင်မှုတွေ ဆက်ယူပေးနိုင်မယ့် အသင်းတစ်ခုဖြစ်အောင် ပုံဖော်ရင်း အလုပ်ရှုပ်နေပါတယ်။

Richarlison တစ်ယောက် ပေးထားတဲ့ဈေးနဲ့ တန်တဲ့ ခြေစွမ်း ပြနိုင်မလား မသေချာသေးပါဘူး။ ဒါပေမယ့် Ivan Perisic ကို ပြောင်းရွှေ့တပြားမှ ပေးစရာမလိုပဲ ခေါ်နိုင်ခဲ့တာတော့ ဆရာကျသွားပါတယ်။ ကွန်တီအနေနဲ့ အသင်းအနေအထားကို လုံးဝစိတ်ကျေနပ်တဲ့အနေရောက်ဖို့ဆို မောက်တန်းအလယ်လူ တစ်ယောက်လောက် ခေါ်ဖို့လိုနေပါသေးတယ်။ ပြီးတော့ ဟယ်ရီကိန်းနေရာအတွက် အရန်အင်အား လောက်လောက်လားလား အားကိုးစရာ မရှိဘူး ဖြစ်နေပါသေးတယ်။

ဒီနှစ် အပြောင်းအရွှေ့လုပ်ထားတာတွေကို ကြည့်ရင်တော့ စပါး အသင်းဟာ မနှစ်ကထက် အင်အား ပိုတောင့်တင်းလာတာတော့ အမှန်ပါပဲ။

ကိုယ့်အသင်းတွေရဲ့ အပြောင်းအရွှေ့တွေ လူစာရင်းတွေနဲ့ ပါတ်သတ်ပြီး ထင်မြင်ချက်လေးတွေရှိရင် comment လေးတွေ ပေးခဲ့ကြပါဦး 😊😊

Zawgyi

ပရီးမီးယားလိဂ္အသင္းေတြဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ေငြအလုံးအရင္းသုံးၿပီး လႈပ္ရွားေနၾကတယ္။ ဟာလန္း၊ ဒါဝင္ ႏူနက္ဇ္၊ ေဖဘီယို ဗီအဲယာ၊ မာတီနက္ဇ္တို႔လို ရင္ခုန္စရာ အေျပာင္းအေ႐ႊ႕ေတြၿပီးခဲ့ၿပီးၿပီ။

အခ်ိန္ ၂ ပါတ္ေလာက္အလိုမွာ အေျပာင္းအေ႐ႊ႕ကိစၥေတြ ၿပီးၿပီလို႔ေျပာတဲ့ ဂ်ာဂင္ကေလာ့ပ္လို နည္းျပမ်ိဳးေတြ ရွိသလို၊ ရာသီအသစ္အတြက္ အဆင္သင့္မျဖစ္ေသးဘူး လူေတြ ထပ္ျဖည့္ဖို႔လိုေသးတယ္လို႔ေျပာတဲ့ ခ်ယ္ဆီးနည္းျပတူခ်ယ္လ္လို နည္းျပေတြလဲ ရွိေနပါေသးတယ္။ ဒါေၾကာင့္ ဘယ္အသင္းေတြက ဘယ္သူေတြဝယ္ၿပီးၿပီလဲ ဘယ္အသင္းေတြက ဘယ္လိုေနရာေတြမွာ ထပ္ျဖည့္ဖို႔ လိုေနေသးလဲ? ၾကည့္လိုက္ၾကရေအာင္…

၁။ အာဆင္နယ္ (Arsenal)

ၿပီးခဲ့တဲ့ ရာသီက သန္း ၁၆၀ ေက်ာ္ သုံးခဲ့တဲ့ နည္းျပ အာတီတာဟာ ဒီရာသီမွာေတာ့ အရည္အေသြးရွိတဲ့သူေတြကို ဦးစားေပး ေခၚထားတာေတြ႕ရပါတယ္။ ေရွ႕တန္းအတြက္ ေဂ်းဆု၊ အလယ္တန္းမွာ ေဖဘီယို ဗီအဲယာ၊ အရန္ဂိုးသမားေနရာအတြက္ မတ္ တာနာ (Matt Turner)၊ ကြင္းလယ္ ဘယ္ျခမ္းေနရာအတြက္ ဇင္ခ်န္ကို တို႔ကို ေခၚထားခဲ့ၿပီးၿပီျဖစ္ပါတယ္။

ဒါေပမယ့္ ေရွ႕တန္းေတာင္ပံေတြ ထြက္ကစားႏိုင္တဲ့သူမ်ိဳးရယ္၊ ကြင္းလယ္မွာ box-to-box ကစားႏိုင္တဲ့သူမ်ိဳးရယ္ ထပ္လိုခ်င္ေနပါေသးတယ္။ ကြင္းလယ္အတြက္ Tielemens ကို ခ်ိန္ေနပါတယ္။
ဒါ့အျပင္ အသင္းလူစာရင္းထဲက မလိုေတာ့တဲ့သူေတြကိုလဲ ေရာင္းထုတ္ပစ္ခ်င္ေနပါေသးတယ္။ ဟက္တာဘာလင္၊ မိတ္လန္းႏိုင္းလ္စ္၊ နီကိူလင္စ္ ေပေပ နဲ႔ Pablo Mari တို႔လိုလူေတြေပါ့။
အဲဒီေတာ့ ၾကည့္ရတာ အာဆင္နယ္အတြက္ကေတာ့ အေျပာင္းအေ႐ႊ႕ မပိတ္ခင္ထိ အလုပ္ရႈပ္ေနဦးမယ့္ သေဘာရွိပါတယ္။

၂။ ခ်ယ္ဆီး (Chelsea)

လက္ရွိအခ်ိန္ထိ စတာလင္း နဲ႔ ကူလီဘာလီ တို႔ ႏွစ္ေယာက္ အဝင္ရွိထားပါတယ္။အေတြ႕အႀကဳံျပည့္ စတာလင္ကေတာ့ ခ်ယ္ဆီးတိုက္စစ္ ဘယ္ျခမ္းမွာ ပုံမွန္ေနရာယူလာဖို႔ရွိတယ္။ ကူလီဘာလီကေတာ့ သီယာဂိုေဆးလ္ဗားနဲ႔တြဲၿပီး အသင္းခံစစ္ပိုင္းကို ကြင္းလယ္ကစၿပီး တည္ၿငိမ္ေအာင္ ထိန္းေပးမယ့္ အေနအထားရွိပါတယ္။
တူခ်ယ္အေနနဲ႔ကေတာ့ အေတြ႕အႀကဳံရင့္ ေနာက္တန္းအလယ္လူ ႏွစ္ေယာက္ေလာက္ ထပ္ရွာေနေသးတဲ့ သေဘာရွိပါတယ္။ ဆီဗီးလားက Jules Kounde နဲ႔ PSG က ဝါရင့္ Kimpembe တို႔နဲ႔ ေဆြးေႏြးေနတဲ့ သတင္းေတြ ေတြ႕ေနရပါတယ္။ အလယ္တန္းအတြက္ Sporting က ၂၃ ႏွစ္သားေလး Matheus Nunes ကိုလဲ ခ်ိန္ေနတယ္။ ဒါ့အျပင္ တိုက္စစ္မႉးအသစ္ေတြ အားျဖည့္ထားတဲ့ မန္စီးတီး နဲ႔ လီဗာပူးတို႔ကို ယွဥ္ႏိုင္ဖို႔ တိုက္စစ္မႉးလဲ လိုခ်င္ေနေသးတဲ့ ပုံပါပဲ။

၃။ လီဗာပူး (Liverpool)

မာေနးကို လက္လႊတ္ထားရတဲ့ ႀကိဳးၾကာနီေတြဟာ ဒါဝင္ႏူနက္ဇ္ကို ကလပ္စံခ်ိန္တင္ ေပါင္ ၈၅ သန္းအထိေပးၿပီး ေခၚထားခဲ့ပါတယ္။ မႏွစ္က ခ်န္ပီယံရွစ္မွာ ေျခစြမ္းျပခဲ့တဲ့ ဆယ္ေက်ာ္သက္ေလး Fabio Cavalho ကိုလဲ ျပန္ေခၚထားခဲ့တာမို႔ ေရွ႕တန္းအင္အား ေတာင့္တင္းသြားပါၿပီ။ ေနာ့တင္ဟမ္ကို ထြက္သြားတဲ့ Neco Williams ေနရာကိုလဲ Aberdeen က အလားလာေကာင္း လူငယ္ေလး Calvin Ramsey နဲ႔ ျပန္ျဖည့္ထားၿပီးၿပီမို႔ ခံစစ္ညာျခမ္းက Alexander-Arnold ေနရာအတြက္ အရန္အင္အားလဲ လုံေလာက္သြားတဲ့ အေျခအေနျဖစ္သြားပါၿပီ။

ဒါေၾကာင့္လဲ နည္းျပႀကီး ကေလာ့ပ္က အေျပာင္းအေ႐ႊ႕ေတြ ၿပီးသြားၿပီ လို႔ေျပာခဲ့တာ ျဖစ္မွာပါပဲ။

၄။ မန္ခ်က္စတာ စီးတီး (Manchester City)

ဂြါဒီယိုလာအေနနဲ႔ သူ႔ရဲ႕ လက္ရွိခ်န္ပီယံအသင္းအင္အားကို ရာသီအစမွာကတည္းက ပိုမိုေတာင့္တင္းေနေစဖို႔ ဟာလန္းလို အေကာင္းစားေခၚယူမႈေတြ လုပ္ထားခဲ့ၿပီးပါၿပီ။

အဂၤလန္စတား Kalvin Phillips ကိုလဲေခၚယူထားတာမို႔ အလယ္တန္းအင္အား ပိုေတာင့္တင္းလာေစပါတယ္။ ေတာင္ပံကစားသမားေတြ အလွ်ံအပယ္ရွိေနတာမို႔လဲ အာဆင္နယ္ကို စတာလင္ ထြက္ခြါသြားတာက ျပႆနာမဟုတ္ေတာ့ပါဘူး။

ဒါေပမယ့္ ဇင္ခ်န္ကို ကိုလက္လႊတ္လိုက္ရတာ နဲ႔ Legal ျပႆနာေတြေၾကာင့္ အသင္းကို မေရာက္လာႏိုင္ေသးတဲ့ Benjamin Mendy တို႔ေၾကာင့္ေတာ့ ေနာက္တန္းဘယ္ျခမ္းက အားနည္းေနေသးပါတယ္။

၅။ မန္ခ်က္စတာ ယူႏိုက္တက္ (Manchester United)

Eriksan နဲ႔ Martinez တို႔ကို ေခၚလိုက္ႏိုင္တာဟာ မန္ယူရဲ႕ လိုအပ္တဲ့ေနရာေတြကို အေတာ္အတန္ အားျဖည့္ၿပီးသလို ျဖစ္ေနပါၿပီ။ ဒါေပမယ့္ မျပတ္သားေသးတဲ့ ဒီေဂ်ာင္ ရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ ေရာ္နယ္ဒို ရဲ႕ အေျခအေနေတြေၾကာင့္ေတာ့ နည္းျပႀကီး အေနနဲ႔ ဒီအေျပာင္းအေ႐ႊ႕ကာလက စိတ္ရႈပ္စရာျဖစ္ေနမွာပါပဲ။

တကယ္လို႔မ်ား ေရာ္နယ္ဒို ေျပာင္းသြားဖို႔ ေသခ်ာသြားရင္ မန္ယူေရွ႕တန္းမွာ အားနည္းသြားသလို ျဖစ္သြားပါလိမ့္မယ္။ ရက္ရွ္ဖို႔ဒ္ နဲ႔ မာရွယ္ ကို နည္းျပႀကီးက အရင္လို ေျခစြမ္းမ်ိဳး ျပန္ရေအာင္ လုပ္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာလဲ ျဖစ္ခ်င္ျဖစ္မွာပါ။

၆။ ေတာ့တင္ဟန္ ေဟာ့ စပါး (Tottenham)

အေျပာင္းအေ႐ႊ႕စားရိတ္ သန္း ၁၅၀ ရထားတဲ့ နည္းျပႀကီး ကြန္တီ တစ္ေယာက္ ေအာင္ျမင္မႈေတြ ဆက္ယူေပးႏိုင္မယ့္ အသင္းတစ္ခုျဖစ္ေအာင္ ပုံေဖာ္ရင္း အလုပ္ရႈပ္ေနပါတယ္။

Richarlison တစ္ေယာက္ ေပးထားတဲ့ေဈးနဲ႔ တန္တဲ့ ေျခစြမ္း ျပႏိုင္မလား မေသခ်ာေသးပါဘူး။ ဒါေပမယ့္ Ivan Perisic ကို ေျပာင္းေ႐ႊ႕တျပားမွ ေပးစရာမလိုပဲ ေခၚႏိုင္ခဲ့တာေတာ့ ဆရာက်သြားပါတယ္။ ကြန္တီအေနနဲ႔ အသင္းအေနအထားကို လုံးဝစိတ္ေက်နပ္တဲ့အေနေရာက္ဖို႔ဆို ေမာက္တန္းအလယ္လူ တစ္ေယာက္ေလာက္ ေခၚဖို႔လိုေနပါေသးတယ္။ ၿပီးေတာ့ ဟယ္ရီကိန္းေနရာအတြက္ အရန္အင္အား ေလာက္ေလာက္လားလား အားကိုးစရာ မရွိဘူး ျဖစ္ေနပါေသးတယ္။

ဒီႏွစ္ အေျပာင္းအေ႐ႊ႕လုပ္ထားတာေတြကို ၾကည့္ရင္ေတာ့ စပါး အသင္းဟာ မႏွစ္ကထက္ အင္အား ပိုေတာင့္တင္းလာတာေတာ့ အမွန္ပါပဲ။

ကိုယ့္အသင္းေတြရဲ႕ အေျပာင္းအေ႐ႊ႕ေတြ လူစာရင္းေတြနဲ႔ ပါတ္သတ္ၿပီး ထင္ျမင္ခ်က္ေလးေတြရွိရင္ comment ေလးေတြ ေပးခဲ့ၾကပါဦး 😊😊