ပရီးမီးယားလိဂ် ရာသီကြို ခန့်မှန်းချက်များ: ဖလားဘယ်သူရမလဲ? ဘယ်သူတွေ ချန်ပီယံလိဂ် ဝင်မလဲ?
(Unicode) ပရီးမီးယားလိဂ် ရာသီသစ်ကတော့ ဒီတစ်ပါတ် သောကြာမှာ အာဆင်နယ် – ခရစ်စတယ်ပဲလေ့စ်ပွဲနဲ့ စဖွင့်ပါတော့မယ်။ ရာသီသစ် မစခင် လာမယ့်ရာသီမှာ ဘယ်အသင်းတွေ ဘာတွေဖြစ်မလဲ ခန့်မှန်းချက်လေးတွေ နားထောင်ကြည့်လိုက်ကြရအောင်

ဘယ်သူဖလားရမလဲ? ဘာလို့လဲ?
Dominic Fifield: မန်စီးတီးက လီဗာပူးထက် နှာတဖျားလေးသာနေသလိုပဲ။ ဒါပေမယ့်လဲ တကယ့်ပါးပါးလေးပါ။ နောက်ဆုံးမှာတော့ အဓိက ကစားသမားတွေ ဒဏ်ရာအနာတရဖြစ်တာမျိုး နဲ့ ရာသီအလယ်ပိုင်းလောက်မှာ ကန်ရမယ့် ကမ္ဘာ့ဖလားမှာ ကစားသမားတွေ အာရုံများပြီး ခြေကျတာမျိုးလို ကံတရားတွေကပဲ အဆုံးအဖြတ်ပေးသွားမယ့် ရာသီလို့ပဲ ထင်တယ်။ ၂ သင်းလုံးက စာရွက်ပေါ်ကလူစာရင်း တောင့်တင်းမှုမှာကော ရှေ့တန်းကို အသစ်ပြန်အားဖြည့်တဲ့နေရာမှာကော တခြား ၁၈ သင်းလုံးကို အားနာစရာကောင်းအောင်ကို သာနေကြတာကိုး။ ဆိုတော့ သူတို့ကိုပဲ စောင့်ကြည့်ရမှာပါပဲ။
Carl Anka: မန်စီးတီးပါပဲ။ ဂွါဒီယိုလာက ဟာလန်းကို ဝယ်ရုံလေး လုပ်ခဲ့တာမဟုတ်ဘူး။ သူ့အသင်းရဲ့ ရှေ့တန်းပုံစံကိုပါ ဟာလန်းနဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် ပြန်ပြင်ခဲ့တာ။ ဂရီးလစ်ရှ် နဲ့ ဖိုဒန်တို့ ရှယ်ခြေစွမ်းပြမယ့်ရာသီ၊ သူတို့က ဟာလန်းဂိုးသွင်းနိုင်အောင် ဖန်တီးပေးကြရမယ့်သူတွေမို့ပဲ။
Maram AlBaharna: ချန်ပီယံက မန်စီးတီးပါ၊ လွယ်တော့ လွယ်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့အသင်းကို ဟာလန်း ထပ်ပေါင်းလိုက်တာနဲ့တင် လုံလောက်ပါပြီ။
Stuart James: ဒီနှစ်ကတော့ ခေါင်းပန်းလှန်ရမယ့် နှစ်ပါပဲ။ မန်စီးတီး နဲ့ လီဗာပူးကြားမှာ ရွေးစရာ ခြားနားချက်က သိပ်မရှိဘူးလေ။ ဟာလန်းရောက်လာတာ ထူးရှယ်ပဲလေ၊ သူရောက်လာလို့ မန်စီးတီးက ပိုကောင်းလာမှာတော့ အမှန်ပဲ။ အခုချိန်မှာ နူနက်ဇ်ရောက်လာတာ လီဗာပူးလဲ ပိုကောင်းလာမှာပဲလို့တော့ ပြောလို့မရသေးဘူး၊ လာလို့လဲဆိုတော့ မနှစ်က အရမ်းကောင်းခဲ့တဲ့ မာနေးကို ဒီနှစ်မှာ သူတို့ လက်လွှတ်ခဲ့ရတာကိုး။ ဒါပေမယ့် မနှစ်က တစ်မှတ်တည်းနဲ့ ချန်ပီယံဝေးခဲ့တဲ့အဖြစ်ကို လီဗာပူးတို့ နာကျည်းနေမှာ အမှန်ပဲလို့ ကျမော်တော့ အာရုံရနေတယ်၊ အဲဒီဟာကပဲ သူတို့ကို တွန်းအားဖြစ်သွားစေပြီး ပေါက်ကွဲပြသွားမယ်ထင်မိတယ်။
Sarah Shephard: မန်စီးတီးပဲရမယ် ထင်တယ်။ ပြီးခဲ့တဲ့ ရာသီက ၁၃ ဂိုးသွင်းပေးခဲ့တဲ့ စတာလင်ကို လက်လွှတ်လိုက်ရတယ်၊ ၈ ဂိုးသွင်းခဲ့တဲ့ ဂျေးဇုကိုရောပဲ။ ဒါပေမယ့် ဟာလန်း နဲ့ ကီဗင် ဖိလစ်ကို ပြန်ဖြည့်ခဲ့တာက အဲဒါတွေကို ကာမိမှာပါ။ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးကိုတော့ အဲလိုပြောလို့မရဘူး၊ မာနေးကို ဆုံးရှုံးရတာကို သူတို့ခံစားရလိမ့်မယ် ထင်တယ်။
ချန်ပီယံလိဂ် ဝင်ခွင့် ဘယ်သူတွေ ရမလဲ?
Dominic Fifield: စပါးတို့ကတော့ အားကောင်းလာတဲ့အသင်းပဲ။ ပြိုင်ဆိုင်လိုစိတ်ပြင်းပြီး မောင်းနှင်နိုင်စွမ်းအပြည့်ရှိတဲ့ နည်းပြလဲရှိနေတယ်လေ။ အပြောင်းအရွှေ့တွေလုပ်ထားတာလဲ မဆိုးဘူး (ဒါတောင် နည်းပြကတော့ အားရဦးမှာ မဟုတ်သေးဘူး) ။ ချယ်ဆီးကိုတော့ အပြောင်းအရွှေ့တွေ မပိတ်ခင်ထိ ခန့်မှန်းလို့မရသေးဘူး။ ပိုင်ရှင်ပြောင်းတာတွေဖြစ်ပြီးတဲ့နောက်ပိုင်း နွေအပြောင်းအရွှေ့မှာ အမီလိုက်ဖို့ ကြိုးစားနေကြတုန်းပဲ။ မန်ယူကလဲ ခုထိ ဘာမှန်းမသိသေးဘူး။ ဒါပေမယ့် သူတို့ကိုကြည့်ရတာ တူချယ်ရဲ့ ချယ်ဆီးနဲ့ယှဉ်ပြီး နေရာလုဖို့ ဝေးနေပါသေးတယ်။ သူတို့နဲ့စာရင် အာဆင်နယ်က ပိုခြိမ်းခြောက်နိုင်မယ် ထင်ရတယ်။ ဒါပေမယ့်လဲ ပြီးခဲ့တဲ့ရာသီကလဲ ဒီလိုပြောပြီး အဆုံးသတ်ကျ ကျနော်တို့ အရူးဖြစ်ခဲ့ရတာပါပဲ။
Carl Anka: သိပ်စဉ်းစားနေစရာမလိုပါဘူး၊ လီဗာပူး ဒုတိယ၊ စပါးက တတိယဖြစ်မယ်။ ချယ်ဆီးက ဂဂျိုးဂဂျောင်ရှေ့တန်းနဲ့ပေမယ့် စတုတ္ထနေရာကိုတော့ မန်ယူ၊ အာဆင်နယ်တို့ မယူနိုင်အောင် ကာကွယ်နိုင်ဦးမှာပါ။
Maram AlBaharna: ဒီနှစ်အတွက် စွန့်စားပြီး ပြောရရင် စပါးအသင်းက သူတို့အတွက် မဖြစ်နိုင်တဲ့ ချန်ပီယံဆုကို ရအောင်ယူဖို့ ကြိုးစားရင်း ဒုတိယနေရာမှာ အဆုံးသတ်လိမ့်မယ်။ ပြီးရင်တော့ လီဗာပူးပေါ့။ နောက်ပြီးတော့ ခြေစွမ်းတက်ပြီးရင်း တက်လာနေတဲ့ အာဆင်နယ်ပါပဲ။
Stuart James: စပါးကတော့ လောလောဆယ်မှာ ချယ်ဆီးထက် အခြေအနေ ပိုကောင်းနေသလိုပဲ။ ဆိုတော့ နောက်ဆုံး နံပါတ်လေးနေရာအတွက် ချယ်ဆီး၊ အာဆင်နယ်၊ မန်ယူ ၃ သင်းအပြိုင်လုရင်း ချယ်ဆီးက ပွတ်ကာသီကာနဲ့ ပန်းဝင်သွားလိမ့်မယ်။
Sarah Shephard: သေချာတဲ့အသင်းကတော့ လီဗာပူးပေါ့။ ပြီးရင်တော့ ချယ်ဆီးက အားလုံးထင်တာနဲ့ ဆန့်ကျင်ပြီး ခြေစွမ်းကောင်းတွေ ပြသွားလိမ့်မယ်လို့ ထင်နေမိတယ်။ နောက်ဆုံးတနေရာအတွက် စပါး၊ အာဆင်နယ်၊ မန်ယူတို့ ပြိုင်ကြရလိမ့်မယ်။ မဖြစ်မနေ တစ်သင်းရွေးပါဆိုရင်တော့ စပါးကိုပဲ မရဲတရဲ ရွေးရလိမ့်မယ်။
အခုလို ဆောင်းပါးကောင်းလေးတွေ အမြဲပေါ်လာပြီး မလွတ်တမ်းဖတ်လို့ရအောင် ကျနော်တို့ရဲ့ Premier Highlight ဖေ့ဘွတ် page လေးကိုလဲ Like လုပ်ပေးထားကြပါဦး ညီအစ်ကိုတို့ 😊😊
(Zawgyi)
ပရီးမီးယားလိဂ္ ရာသီသစ္ကေတာ့ ဒီတစ္ပါတ္ ေသာၾကာမွာ အာဆင္နယ္ – ခရစ္စတယ္ပဲေလ့စ္ပြဲနဲ႔ စဖြင့္ပါေတာ့မယ္။ ရာသီသစ္ မစခင္ လာမယ့္ရာသီမွာ ဘယ္အသင္းေတြ ဘာေတြျဖစ္မလဲ ခန႔္မွန္းခ်က္ေလးေတြ နားေထာင္ၾကည့္လိုက္ၾကရေအာင္

ဘယ္သူဖလားရမလဲ? ဘာလို႔လဲ?
Dominic Fifield: မန္စီးတီးက လီဗာပူးထက္ ႏွာတဖ်ားေလးသာေနသလိုပဲ။ ဒါေပမယ့္လဲ တကယ့္ပါးပါးေလးပါ။ ေနာက္ဆုံးမွာေတာ့ အဓိက ကစားသမားေတြ ဒဏ္ရာအနာတရျဖစ္တာမ်ိဳး နဲ႔ ရာသီအလယ္ပိုင္းေလာက္မွာ ကန္ရမယ့္ ကမာၻ႔ဖလားမွာ ကစားသမားေတြ အာ႐ုံမ်ားၿပီး ေျခက်တာမ်ိဳးလို ကံတရားေတြကပဲ အဆုံးအျဖတ္ေပးသြားမယ့္ ရာသီလို႔ပဲ ထင္တယ္။ ၂ သင္းလုံးက စာ႐ြက္ေပၚကလူစာရင္း ေတာင့္တင္းမႈမွာေကာ ေရွ႕တန္းကို အသစ္ျပန္အားျဖည့္တဲ့ေနရာမွာေကာ တျခား ၁၈ သင္းလုံးကို အားနာစရာေကာင္းေအာင္ကို သာေနၾကတာကိုး။ ဆိုေတာ့ သူတို႔ကိုပဲ ေစာင့္ၾကည့္ရမွာပါပဲ။
Carl Anka: မန္စီးတီးပါပဲ။ ဂြါဒီယိုလာက ဟာလန္းကို ဝယ္႐ုံေလး လုပ္ခဲ့တာမဟုတ္ဘူး။ သူ႔အသင္းရဲ႕ ေရွ႕တန္းပုံစံကိုပါ ဟာလန္းနဲ႔ အလိုက္ဖက္ဆုံးျဖစ္ေအာင္ ျပန္ျပင္ခဲ့တာ။ ဂရီးလစ္ရွ္ နဲ႔ ဖိုဒန္တို႔ ရွယ္ေျခစြမ္းျပမယ့္ရာသီ၊ သူတို႔က ဟာလန္းဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးၾကရမယ့္သူေတြမို႔ပဲ။
Maram AlBaharna: ခ်န္ပီယံက မန္စီးတီးပါ၊ လြယ္ေတာ့ လြယ္မွာ မဟုတ္ပါဘူး၊ ဒါေပမယ့္ သူတို႔အသင္းကို ဟာလန္း ထပ္ေပါင္းလိုက္တာနဲ႔တင္ လုံေလာက္ပါၿပီ။
Stuart James: ဒီႏွစ္ကေတာ့ ေခါင္းပန္းလွန္ရမယ့္ ႏွစ္ပါပဲ။ မန္စီးတီး နဲ႔ လီဗာပူးၾကားမွာ ေ႐ြးစရာ ျခားနားခ်က္က သိပ္မရွိဘူးေလ။ ဟာလန္းေရာက္လာတာ ထူးရွယ္ပဲေလ၊ သူေရာက္လာလို႔ မန္စီးတီးက ပိုေကာင္းလာမွာေတာ့ အမွန္ပဲ။ အခုခ်ိန္မွာ ႏူနက္ဇ္ေရာက္လာတာ လီဗာပူးလဲ ပိုေကာင္းလာမွာပဲလို႔ေတာ့ ေျပာလို႔မရေသးဘူး၊ လာလို႔လဲဆိုေတာ့ မႏွစ္က အရမ္းေကာင္းခဲ့တဲ့ မာေနးကို ဒီႏွစ္မွာ သူတို႔ လက္လႊတ္ခဲ့ရတာကိုး။ ဒါေပမယ့္ မႏွစ္က တစ္မွတ္တည္းနဲ႔ ခ်န္ပီယံေဝးခဲ့တဲ့အျဖစ္ကို လီဗာပူးတို႔ နာက်ည္းေနမွာ အမွန္ပဲလို႔ က်ေမာ္ေတာ့ အာ႐ုံရေနတယ္၊ အဲဒီဟာကပဲ သူတို႔ကို တြန္းအားျဖစ္သြားေစၿပီး ေပါက္ကြဲျပသြားမယ္ထင္မိတယ္။
Sarah Shephard: မန္စီးတီးပဲရမယ္ ထင္တယ္။ ၿပီးခဲ့တဲ့ ရာသီက ၁၃ ဂိုးသြင္းေပးခဲ့တဲ့ စတာလင္ကို လက္လႊတ္လိုက္ရတယ္၊ ၈ ဂိုးသြင္းခဲ့တဲ့ ေဂ်းဇုကိုေရာပဲ။ ဒါေပမယ့္ ဟာလန္း နဲ႔ ကီဗင္ ဖိလစ္ကို ျပန္ျဖည့္ခဲ့တာက အဲဒါေတြကို ကာမိမွာပါ။ အနီးဆုံးၿပိဳင္ဘက္ျဖစ္တဲ့ လီဗာပူးကိုေတာ့ အဲလိုေျပာလို႔မရဘူး၊ မာေနးကို ဆုံးရႈံးရတာကို သူတို႔ခံစားရလိမ့္မယ္ ထင္တယ္။
ခ်န္ပီယံလိဂ္ ဝင္ခြင့္ ဘယ္သူေတြ ရမလဲ?
Dominic Fifield: စပါးတို႔ကေတာ့ အားေကာင္းလာတဲ့အသင္းပဲ။ ၿပိဳင္ဆိုင္လိုစိတ္ျပင္းၿပီး ေမာင္းႏွင္ႏိုင္စြမ္းအျပည့္ရွိတဲ့ နည္းျပလဲရွိေနတယ္ေလ။ အေျပာင္းအေ႐ႊ႕ေတြလုပ္ထားတာလဲ မဆိုးဘူး (ဒါေတာင္ နည္းျပကေတာ့ အားရဦးမွာ မဟုတ္ေသးဘူး) ။ ခ်ယ္ဆီးကိုေတာ့ အေျပာင္းအေ႐ႊ႕ေတြ မပိတ္ခင္ထိ ခန႔္မွန္းလို႔မရေသးဘူး။ ပိုင္ရွင္ေျပာင္းတာေတြျဖစ္ၿပီးတဲ့ေနာက္ပိုင္း ေႏြအေျပာင္းအေ႐ႊ႕မွာ အမီလိုက္ဖို႔ ႀကိဳးစားေနၾကတုန္းပဲ။ မန္ယူကလဲ ခုထိ ဘာမွန္းမသိေသးဘူး။ ဒါေပမယ့္ သူတို႔ကိုၾကည့္ရတာ တူခ်ယ္ရဲ႕ ခ်ယ္ဆီးနဲ႔ယွဥ္ၿပီး ေနရာလုဖို႔ ေဝးေနပါေသးတယ္။ သူတို႔နဲ႔စာရင္ အာဆင္နယ္က ပိုၿခိမ္းေျခာက္ႏိုင္မယ္ ထင္ရတယ္။ ဒါေပမယ့္လဲ ၿပီးခဲ့တဲ့ရာသီကလဲ ဒီလိုေျပာၿပီး အဆုံးသတ္က် က်ေနာ္တို႔ အ႐ူးျဖစ္ခဲ့ရတာပါပဲ။
Carl Anka: သိပ္စဥ္းစားေနစရာမလိုပါဘူး၊ လီဗာပူး ဒုတိယ၊ စပါးက တတိယျဖစ္မယ္။ ခ်ယ္ဆီးက ဂဂ်ိဳးဂေဂ်ာင္ေရွ႕တန္းနဲ႔ေပမယ့္ စတုတၳေနရာကိုေတာ့ မန္ယူ၊ အာဆင္နယ္တို႔ မယူႏိုင္ေအာင္ ကာကြယ္ႏိုင္ဦးမွာပါ။
Maram AlBaharna: ဒီႏွစ္အတြက္ စြန႔္စားၿပီး ေျပာရရင္ စပါးအသင္းက သူတို႔အတြက္ မျဖစ္ႏိုင္တဲ့ ခ်န္ပီယံဆုကို ရေအာင္ယူဖို႔ ႀကိဳးစားရင္း ဒုတိယေနရာမွာ အဆုံးသတ္လိမ့္မယ္။ ၿပီးရင္ေတာ့ လီဗာပူးေပါ့။ ေနာက္ၿပီးေတာ့ ေျခစြမ္းတက္ၿပီးရင္း တက္လာေနတဲ့ အာဆင္နယ္ပါပဲ။
Stuart James: စပါးကေတာ့ ေလာေလာဆယ္မွာ ခ်ယ္ဆီးထက္ အေျခအေန ပိုေကာင္းေနသလိုပဲ။ ဆိုေတာ့ ေနာက္ဆုံး နံပါတ္ေလးေနရာအတြက္ ခ်ယ္ဆီး၊ အာဆင္နယ္၊ မန္ယူ ၃ သင္းအၿပိဳင္လုရင္း ခ်ယ္ဆီးက ပြတ္ကာသီကာနဲ႔ ပန္းဝင္သြားလိမ့္မယ္။
Sarah Shephard: ေသခ်ာတဲ့အသင္းကေတာ့ လီဗာပူးေပါ့။ ၿပီးရင္ေတာ့ ခ်ယ္ဆီးက အားလုံးထင္တာနဲ႔ ဆန႔္က်င္ၿပီး ေျခစြမ္းေကာင္းေတြ ျပသြားလိမ့္မယ္လို႔ ထင္ေနမိတယ္။ ေနာက္ဆုံးတေနရာအတြက္ စပါး၊ အာဆင္နယ္၊ မန္ယူတို႔ ၿပိဳင္ၾကရလိမ့္မယ္။ မျဖစ္မေန တစ္သင္းေ႐ြးပါဆိုရင္ေတာ့ စပါးကိုပဲ မရဲတရဲ ေ႐ြးရလိမ့္မယ္။
အခုလို ေဆာင္းပါးေကာင္းေလးေတြ အၿမဲေပၚလာၿပီး မလြတ္တမ္းဖတ္လို႔ရေအာင္ က်ေနာ္တို႔ရဲ႕ Premier Highlight ေဖ့ဘြတ္ page ေလးကိုလဲ Like လုပ္ေပးထားၾကပါဦး ညီအစ္ကိုတို႔ 😊😊