ပရီးမီးယားလိဂ် အသင်းပိုင်ရှင်များ: ကိုယ်အားပေးတဲ့အသင်းရဲ့ ကြိုးကိုင်ရှင်က ဘယ်သူလဲ?
(Unicode)
၂၀၂၂-၂၃ ရာသီကလဲ စခါနီးချိန်၊ အပြောင်းအရွှေ့ဈေးကွက်လဲ အရှိန်တက်လာတာနဲ့အမျှ အသင်းပိုင်ရှင်တွေလဲ လူသတိထားမိလာကြပြီလေ။
ချယ်ဆီးအသင်းက ပိုင်ရှင်သစ်ဆီ လက်ပြောင်း၊ ဖူလ်ဟမ် ဘုန်းမောက် နော့်တင်ဟမ်တို့လို တန်းတက် ၃ သင်းနဲ့ဆိုတော့ မျက်နှာသစ်ပိုင်ရှင်တွေနဲ့ ပရီးမီးယားလိဂ် ရာသီ စ ကြတော့မှာပေါ့။
ကဲ.. ကိုယ်အားပေးတဲ့အသင်း ဘယ်သူတွေ ပိုင်၊ ဘယ်လောက်ပိုင်၊ အပြောင်းအရွှေ့တွေ ရည်မှန်းချက်တွေမှာ အဓိက ဆုံးဖြတ်ချက်တွေ ဘယ်သူတွေပေးနေလဲ အသေးစိတ် ကြည့်လိုက်ကြရအောင်
အာဆင်နယ် (Arsenal)
ထပ်တစ်ရာလိုပဲ အဆင့်ဆင့် ပိုင်ဆိုင်မှုတွေနဲ့ ဒါပေမယ့် အဆုံးသတ်ကတော့ တစ်ယောက်တည်းပါပဲ။ အာဆင်နယ်အသင်းကို Arsenal Football Club PLC က ရာနှုန်းပြည့်ပိုင်တယ်၊ အဲဒီ Arsenal Football Club PLC ကို Arsenal Holdings Limited က ရာနှုန်းပြည့် ပိုင်ပြန်ပါတယ်၊ ဒီမှာတင် မပြီးသေးပါဘူး အဲဒီ Arsenal Holdings Limited ကိုလဲ KSE UK Inc က ရာနဥန်းပြည့် ပိုင်ပါတယ်။ အဲ… အဲဒီ KSE UK Inc ကိုတော့ အားလုံးသိတဲ့အတိုင်း အမေရိကန် စီးပွါးရေးသမား စတန် ခရွန်ကီ (Stan Kroenke)ပါပဲ။ (ဒီဘဲ ထက်တစ်ရာ ကြိုက်ပုံပဲ 😁) ဘဲကြီးက အာဆင်နယ်တင်လိုပဲ အမေရိကန် ဘောလုံး (NFL) က Los Angeles Rams အသင်းကိုလဲ ပိုင်သေးတယ်တဲ့

အက်စတွန်ဗီလာ (Aston Villa)
အီဂျစ်ဘီလျံနာ နက်ဆက်ဖ် ဆာဝီရစ်စ် (Nassef Sawiris) နဲ့ အမေရိကန် ဘီလျံနာ ဝက်စ်အီဒင် (Wes Edens) တို့ ၂ ယောက် ပူးတွဲပိုင်ပြီး CEO ခရစ်ရှန် ပါစလို (Christian Purslow) ကလဲ နည်းနည်းပိုင်ပါတယ်။
ပိုင်ရှင် ၂ ယောက်မှာ ဆာဝီရစ်စ် Sawiris က အသင်းကိစ္စတွေမှာ ပိုပြီးပါပါတယ်၊ ဒါပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ အီဒင် Edens ရဲ့ အမြင်ကိုလဲ အလေးထားထည့်တွက်ရတယ်။ အရင်ပိုင်ရှင်ဟောင်း တိုနီ ရှား Tony Xia ဆီကနေ 2018 မှာ ဝယ်လိုက်တုန်းက CEO ပါစလို Purslow က သူ့ကို ရှယ်ယာနည်းနည်းပေးမှ အသင်းမှာ ဆက်နေမယ်ပြောလို့ ရှယ်ယာနည်းနည်းခွဲပေးထားတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောထားတယ်၊ ရှယ်ယာ ဘယ်လောက် ဆိုတာတော့ ပြောပြမထားဘူး။

ဘုန်းမောက် (Bournemouth)
ဘုန်းမောက်ရဲ့ ပိုင်ရှင်ကို ခြေရာခဲကြည့်ရင် British Virgin Island မှာ မှတ်ပုံတင်ထားတဲ့ AFCB Enterprise Limited က ၁၀၀ ရာခိုင်နှုန်းပိုင်ပါတယ်။ အဲဒီ AFCB ကို ငွေထောက်ပံ့ပေးနေတာကတော့ Maxim Demin ဆိုတဲ့ ရုရှသူဌေးမိသားစု ဆိုတော့ ရုရှားပိုင်အသင်းလို့ပဲ ပြောရမှာပေါ့။

ဘရန့်ဖို့ဒ် (Brentford)
Brentford အသင်းကို ပိုင်တဲ့သူကတော့ Matthew Benham လို့ခေါ်ပါတယ်။ ဒီဘဲကြီး ပိုင်ရှင်ဖြစ်လာပုံကလဲ တခြားသူတွေနဲ့ မတူဘူး။ အရင်က ဘရန့်ဖို့ကို သူ့ပရိတ်တွေ စုထောင်ထားတဲ့အဖွဲ့ Bees United က အများစုပိုင်တာ။ ၂၀၁၀ သူတို့အသင်း တတိယတန်းမှာ ကန်နေတုန်းလောက်ကတည်းက စ ပြီး ငွေရေးကြေးရေး ကြပ်လာတော့ ဒီ Matthew Benham ဆီကနေ တစ်နှစ် ၁ သန်းစီ နဲ့ချေးပြီး အသက်ဆက်လာကြတာ ၁၀၁၂ အရောက်မှာတော့ သူတို့ပိုင်သမျှရှယ်ယာအစုကို သူ့ဆီရောင်းပြီး အသင်းကို တိုးတက်အောင်လုပ်ဖို့ စီစဉ်လိုက်ကြတယ်။ ပိုင်ရှင်သစ် Benham ကလဲ BeesUnited ကလူတွေကို ဘုတ်အဖွဲ့ထဲ ထည့်ပေးထားပြီး အသင်းရဲ့ အသင်းစိတ်ဓာတ် ပျောက်မသွားအောင် လုပ်ပေးခဲ့တယ်။ အခုနှစ် ပရီးမီးယားလ်ဂ်ရောက်လာတာဟာ ၇၄ နှစ်အတွင်း ပထမဆုံးပြန်ရောက်တာဆိုတော့ မယုံကြည်နိုင်လောက်အောင် တိုဒတက်လာတာ အမှန်ပဲ။

ဘရိုက်တန် (Brighton)
ဘရိုက်တန် အသင်းကို အင်္ဂလန်သား Tony Bloom က ၉၄ ရာခိုင်နှုန်းပိုင်တယ်။ ကျန်တဲ့ ရာခိုင်နှုန်းနည်းနည်းစီကိုတော့ သူ့ဦးလေး Ray Bloom ရယ် အရင် ဥက္ကဌဟောင်း Dick Knight ရယ်က ပိုင်ပါတယ်။ Tony Bloom ဒီအသင်းကို ပိုင်လာတာ ၂၀၀၉ ကတည်းကဆိုတော့ အခုဆို ၁၃ နှစ်လောက်တောင် ရှိပြီပဲ။

ချယ်ဆီး (Chelsea)
၁၉ နှစ်ကြာ အေဘရာမိုဗစ်ခေတ် အဆုံးသတ်သွားပြီး ချယ်ဆီးမှာ အစစအရာရာ မြေလှန်လိုက်သလိုဖြစ်နေပြီ။
အမေရိကန် သူဌေး တော့ဒ် ဘိုလေး နဲ့ တခြားအဖွဲ့တစ်ခုပေါင်းပြီး ပေါင် ၄.၂၅ ဘီလျံပေးပြီးဝယ်လိုက်ပေမယ့် မိုဗစ်ခမျာ ဆန်ရှင်ထိပြီး အဲ့ငွေတွေ ထုတ်မရလိုက်ဘူး။ ရောင်းလဲပြီးရော အရင် ဘုတ်အဖွဲ့ဝင်တွေ တစ်ယောက်ပြီး တစ်ယောက်ထွက်ကုန်ပြီး လူသစ်တွေနဲ့ အစားထိုးလိုက်တယ်။

ခရစ္စတယ်ပဲလေ့စ် (Crystal Palace)
အင်္ဂလန်သား Steve Parish နဲ့ အမေရိကန် သူဌေး ၃ ယောက် (Josh Harris, David Blitzer, John Textor) စုပေါင်းပိုင်ကြတယ်။ တခြားရှယ်ယာရှင် သေးသေးလေးတွေလဲ အများကြီးတော့ပါသေးတာပေါ့လေ။ ဒါပေမယ့် structure ကတော့ ရှင်းတယ်၊ အရေးကြီးဆုံးဖြတ်ချက်တွေကို အဲဒီ ၄ ယောက် သဘောတူမှ ဆက်လုပ်လို့ရမယ် ဒါပဲ။

အဲဗာတန် (Everton)
အင်္ဂလိပ်-အီရန် ကပြား စီးပွါးရေးသမား ဖာဟဒ် မိုရှီရီ Farhad Moshiri ၉၂ ရာခိုင်နှုန်းကျော်ပိုင်ထားပြီးတော့ လက်ရှိ ဥက္ကဌ ဘီလ် ကင်ရိုက် Bill Kenwright ကလဲ ၂ ရခိုင်နှုန်းနီးပါးပိုင်ပါတယ်တဲ့။
လောလောဆယ်တော့ Moshiri က အသင်းကို ပြန်ရောင်းချင်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဖူလ်ဟမ် (Fulham)
အမေရိကန် စီးပွါးရေးသမား ရှာဟစ်ခန်း (Shahid Khan) က ၂၀၁၃ ကတည်းက လက်လွှဲဝယ်ခဲ့တာပါ။ ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဘိုးတော်က ကားပစ္စည်းတွေရောင်းပြီး ချမ်းသာလာတဲ့သူပါ။ သူက ဖူဟမ်အပြင် NFL အသင်း Jacksonville Jaguars ရော၊ နပန်းကုမ္ပဏီ All Elite Wrestling ပါ ပိုင်ထားပါသေးတယ်။ ဒီနေ့ထိ ဖူဟမ်အသင်းတွက် ငွေထုတ်ထားတာ ပေါင်သန်း ၄၄၀ နီးပါးရှိပြီတဲ့

လိဒ်စ်ယူနိုက်တက် (Leeds United)
လက်ရှိဥက္ကဌ Andrea Radrizzani က ၂၀၁၇ တုန်းက ရှယ်ယာတွေ အကုန်ဝယ်ပြီး ပိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဩစတြေးလျ စီးပွားရေးသမား Peter Lowy, Youtube ငိုစထောင်ခဲ့တဲ့ Chad Hurley, နာမည်ကြီး online shop Zappos ပိုင်ရှင် Nick Swinmurn, နဲ့ ရက်ပါ LL Cool J တို့ပိုင်တဲ့ 49ers Enterprise ကို ၄၄ ရာခိူင်နှုန်း ပြန်ရောင်းခဲ့တာဆိုတော့ သူတို့ ၂ ဖွဲ့ ပေါင်းပြီး ပိုင်တယ်လို့ပြောရမှာပေါ့

လက်စတာစီးတီး (Leicester City)
ထိုင်း သူဌေးမိသားစု Srivaddhanaprabha မိသားစုက ရာနှုန်းပြည့်ပိုင်ပါတယ်။
လက်ရှိဥက္ကဌ Aiyawatt Srivaddhanaprabha ဟာ သူ့အဖေ အရင်ဥက္ကဌ Khun Vichai ဟယ်လီကော်ပတာ ပျက်ကျပြီး ဆုံးသွားတဲ့နောက် ရာထူးတိုးယူထားတာဖြစ်ပါတယ်။

လီဗာပူး (Liverpool)
အမေရိကန် ဘီလျံနာ John Henry ရဲ့ Fenway Sports Group (FSG) က ရာနှုန်းပြည့်ပိုင်ပါတယ်။ သူ့ရဲ့ FSG က လီဗာပးတင်မကပဲ ဘေ့ဘောအသင်း Boston Red Sox တို့ Nescar ကားပြိုင်ပွဲကအသင်းတို့ကိုလဲ ပိုင်ပါသေးတယ်။

မန်စီးတီး (Manchester City)
မန်စီးတီးအသင်းကို City Football Group Limited (CFG) က ပိုင်ပါတယ်။ CFG ရဲ့ ၇၇ ရာခိုင်နှုန်းကို UAE ဒုဝန်ကြီးချုပ်၊ Abu Dhabi တော်ဝင်မိသားစုဝင် Sheikh Mansour Al-Nahyan ကပိုင်ပါတယ်။ ကျန်တာတွေထဲကမှ ၁၀ ရာခိုင်နှုန်းကို အမေရိကန်ကုမ္ပဏီ Silver Lake ကပိုင်ပြီး တရုတ်ကုမ္ပဏီ CMG Holdings နဲ့ CITIC Capital တို့က နှစ်ခုပေါင်း ၁၃ ရာခိုင်နှုန်းပိုင်ပါတယ်။

မန်ယူ (Manchester United)
အမေရိကန် အခြေစိုက် ဂလေဇာ မိသားစုက ၂၀၀၅ တုန်းက ရာနှုန်းပြည့်ဝယ်ပြီး အသင်းကို အပိုင်ယူခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့လက်ထဲ ၆၉ ရာခိုင်နှုန်းပဲ ချန်ထားပြီး ကျန်တာကို နယူးယော့ စတော့အိတ်ချိန်းမှာတင်ပြီး ရောင်းထားခဲ့ပါတယ်၊

နယူးကာဆယ် (Newcastle United)
ဆော်ဒီအစိုးရရဲ့ ရင်းနှီးမြုပ်နှံမှုရန်ပုံငွေအဖွဲ့ (Public Investment Fund – PIF) က ၈၀ ရာခိုင်နှုန်း၊ PCP capital partners နဲ့ Reuben brothers တို့က ၁၀ ရာခိုင်နှုန်းစီ ပိုင်ကြပါတယ်။ လောလောဆယ် PCP က နိစ္စဒူဝ အုပ်ချုပ်ရေးပိုင်းကိစ္စတွေကို တာဝန်ယူထားပေမယ့် အရေးကြီးကိစ္စတွေဆို PIF ရဲ့သဘောထားကို အလေးထားတောင်းခံနေရဆဲ ဖြစ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ် (Nottingham Forest)
ဂရိ သင်္ဘောလိုင်းနဲ့ မီဒီယာသူဌေး Evangelos Marinakis က ၈၀ ရာခိုင်နှုန်းပိုင်ပါတယ်။ ကျန်တဲ့ ၂၀ ကိုတော့ တယ်လီကွန်းလောကက Sokratis Kominakis က ပိုင်ပါတယ်။ အရေးကြီး ဆုံးဖြတ်ချက်တိုင်းကို Marinakis ဆီကပဲ ဆုံးဖြတ်ပေးပါတယ်။ Marinakis ဟာ ဂရိဘောလုံးအသင်း Olympiacos ကိုလဲ ပိုင်ပါသေးတယ်။

ဆောက်သမ်တန် (Southampton)
ဒီအသင်းက ပြီးခဲ့တဲ့ ဇန္နဝါရီကမှ ပေါင်သန်း၁၀၀နဲ့ ပိုင်ရှင်ပြောင်းသွားခဲ့တာ။ ဆားဘီးယား စီးပွါးရေးသမား Dragan Solak, Brentford အသင်းဒါရိုက်တာဟောင်း Rasmus Ankersen, Henrik Kraft တို့ပေါင်းထောင်ထားတဲ့ Sports Republic ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ Katharina Liebherr က ၂၀ ရာခိုင်နှုန်း ပိုင်ကြပါတယ်။ Sports Republic အဖွဲ့ဟာ တူရကီ နဲ့ ပြင်သစ်တို့မှာလဲ တခြားဘောလုံးအသင်းတွေ ဝယ်ဖို့ စကားပြောနေကြတယ်လို့ ပြောပါတယ်။

စပါး (Tottenham Hotspur)
ဥက္ကဌ ဒန်နီယယ်လဲဗီး Daniel Levy နဲ့ ဘီလျံနာ Joe Lewis တို့က ၈၆ ရာခိုင်နှုန်းနီးပါး ပိုင်ကြပါတယ်။ ကျန်တဲ့ ၁၄ ရာခိုင်နှုန်းလောက်ကို လန်ဒန်အိတ်ချိန်းမှာ ခနတင်လိုက်တုန်းက အမိအရဝယ်ထားတဲ့ ပရိတ်သတ်တွေက ပိုင်ကြပါတယ်တဲ့။ ကြာကြာသာတင်မိရင် အကုန်ဝယ်ပစ်ကြမယ့်သဘောရှိတယ် ဒီ Fan တွေ မလွယ်ဘူး

ဝက်စ်ဟမ်း (West Ham United)
David Sullivan နဲ့ David Gold တို့က ၂၀၁၀ ဇန္နဝါရီမှာ ဝယ်ခဲ့ပြီးတော့ နောက်ပိုင်းမှာ ချက် ဘီလျံနာ Daniel Kretinsky ကို ၂၇ ရာခိုင်နှုန်းခွဲရောင်းခဲ့တာဆိုတော့ ဒီအသင်းက David Sullivan, David Gold နဲ့ Daniel Kretinsky တို့ ၃ ယောက်ပိုင်ပေါ့။

ဝုလ်ဖ် (Wolverhampton Wanderers)
ဝုလ်ဖ်တွေက တရုတ်သူဌေးတွေ ပိုင်တဲ့ အသင်းပါ။ Guo Guangchang ဦးဆောင်တဲ့ Fosun International က ရာနှုန်းပြည့်ပိုင်ပြီး ဘုတ်အဖွဲ့ထဲမှာလဲ တရုတ်နွယ်တဲ့သူတွေကို ထည့်ပြီး အုပ်ချုပ်ရေးကို လွှဲထားတာတွေ့ရပါတယ်

အခုလို စိတ်ဝင်စားစရာ ဆောင်းပါးလေးတွေ မလွတ်တမ်းပေါ်လာစေဖို့ ကျနော်တို့ရဲ့ PremierHighlight ဖေ့ဘွတ် Page ကို like လုပ်ပေးထားကြပါဦး ညီအစ်ကိုတို့ 😊😊
(Zawgyi)
၂၀၂၂-၂၃ ရာသီကလဲ စခါနီးခ်ိန္၊ အေျပာင္းအေ႐ႊ႕ေဈးကြက္လဲ အရွိန္တက္လာတာနဲ႔အမွ် အသင္းပိုင္ရွင္ေတြလဲ လူသတိထားမိလာၾကၿပီေလ။
ခ်ယ္ဆီးအသင္းက ပိုင္ရွင္သစ္ဆီ လက္ေျပာင္း၊ ဖူလ္ဟမ္ ဘုန္းေမာက္ ေနာ့္တင္ဟမ္တို႔လို တန္းတက္ ၃ သင္းနဲ႔ဆိုေတာ့ မ်က္ႏွာသစ္ပိုင္ရွင္ေတြနဲ႔ ပရီးမီးယားလိဂ္ ရာသီ စ ၾကေတာ့မွာေပါ့။
ကဲ.. ကိုယ္အားေပးတဲ့အသင္း ဘယ္သူေတြ ပိုင္၊ ဘယ္ေလာက္ပိုင္၊ အေျပာင္းအေ႐ႊ႕ေတြ ရည္မွန္းခ်က္ေတြမွာ အဓိက ဆုံးျဖတ္ခ်က္ေတြ ဘယ္သူေတြေပးေနလဲ အေသးစိတ္ ၾကည့္လိုက္ၾကရေအာင္
အာဆင္နယ္ (Arsenal)
ထပ္တစ္ရာလိုပဲ အဆင့္ဆင့္ ပိုင္ဆိုင္မႈေတြနဲ႔ ဒါေပမယ့္ အဆုံးသတ္ကေတာ့ တစ္ေယာက္တည္းပါပဲ။ အာဆင္နယ္အသင္းကို Arsenal Football Club PLC က ရာႏႈန္းျပည့္ပိုင္တယ္၊ အဲဒီ Arsenal Football Club PLC ကို Arsenal Holdings Limited က ရာႏႈန္းျပည့္ ပိုင္ျပန္ပါတယ္၊ ဒီမွာတင္ မၿပီးေသးပါဘူး အဲဒီ Arsenal Holdings Limited ကိုလဲ KSE UK Inc က ရာနဥန္းျပည့္ ပိုင္ပါတယ္။ အဲ… အဲဒီ KSE UK Inc ကိုေတာ့ အားလုံးသိတဲ့အတိုင္း အေမရိကန္ စီးပြါးေရးသမား စတန္ ခ႐ြန္ကီ (Stan Kroenke)ပါပဲ။ (ဒီဘဲ ထက္တစ္ရာ ႀကိဳက္ပုံပဲ 😁) ဘဲႀကီးက အာဆင္နယ္တင္လိုပဲ အေမရိကန္ ေဘာလုံး (NFL) က Los Angeles Rams အသင္းကိုလဲ ပိုင္ေသးတယ္တဲ့

အက္စတြန္ဗီလာ (Aston Villa)
အီဂ်စ္ဘီလ်ံနာ နက္ဆက္ဖ္ ဆာဝီရစ္စ္ (Nassef Sawiris) နဲ႔ အေမရိကန္ ဘီလ်ံနာ ဝက္စ္အီဒင္ (Wes Edens) တို႔ ၂ ေယာက္ ပူးတြဲပိုင္ၿပီး CEO ခရစ္ရွန္ ပါစလို (Christian Purslow) ကလဲ နည္းနည္းပိုင္ပါတယ္။
ပိုင္ရွင္ ၂ ေယာက္မွာ ဆာဝီရစ္စ္ Sawiris က အသင္းကိစၥေတြမွာ ပိုၿပီးပါပါတယ္၊ ဒါေပမယ့္ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြမွာ အီဒင္ Edens ရဲ႕ အျမင္ကိုလဲ အေလးထားထည့္တြက္ရတယ္။ အရင္ပိုင္ရွင္ေဟာင္း တိုနီ ရွား Tony Xia ဆီကေန 2018 မွာ ဝယ္လိုက္တုန္းက CEO ပါစလို Purslow က သူ႔ကို ရွယ္ယာနည္းနည္းေပးမွ အသင္းမွာ ဆက္ေနမယ္ေျပာလို႔ ရွယ္ယာနည္းနည္းခြဲေပးထားတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာထားတယ္၊ ရွယ္ယာ ဘယ္ေလာက္ ဆိုတာေတာ့ ေျပာျပမထားဘူး။

ဘုန္းေမာက္ (Bournemouth)
ဘုန္းေမာက္ရဲ႕ ပိုင္ရွင္ကို ေျခရာခဲၾကည့္ရင္ British Virgin Island မွာ မွတ္ပုံတင္ထားတဲ့ AFCB Enterprise Limited က ၁၀၀ ရာခိုင္ႏႈန္းပိုင္ပါတယ္။ အဲဒီ AFCB ကို ေငြေထာက္ပံ့ေပးေနတာကေတာ့ Maxim Demin ဆိုတဲ့ ႐ုရွသူေဌးမိသားစု ဆိုေတာ့ ႐ုရွားပိုင္အသင္းလို႔ပဲ ေျပာရမွာေပါ့။

ဘရန႔္ဖို႔ဒ္ (Brentford)
Brentford အသင္းကို ပိုင္တဲ့သူကေတာ့ Matthew Benham လို႔ေခၚပါတယ္။ ဒီဘဲႀကီး ပိုင္ရွင္ျဖစ္လာပုံကလဲ တျခားသူေတြနဲ႔ မတူဘူး။ အရင္က ဘရန႔္ဖို႔ကို သူ႔ပရိတ္ေတြ စုေထာင္ထားတဲ့အဖြဲ႕ Bees United က အမ်ားစုပိုင္တာ။ ၂၀၁၀ သူတို႔အသင္း တတိယတန္းမွာ ကန္ေနတုန္းေလာက္ကတည္းက စ ၿပီး ေငြေရးေၾကးေရး ၾကပ္လာေတာ့ ဒီ Matthew Benham ဆီကေန တစ္ႏွစ္ ၁ သန္းစီ နဲ႔ေခ်းၿပီး အသက္ဆက္လာၾကတာ ၁၀၁၂ အေရာက္မွာေတာ့ သူတို႔ပိုင္သမွ်ရွယ္ယာအစုကို သူ႔ဆီေရာင္းၿပီး အသင္းကို တိုးတက္ေအာင္လုပ္ဖို႔ စီစဥ္လိုက္ၾကတယ္။ ပိုင္ရွင္သစ္ Benham ကလဲ BeesUnited ကလူေတြကို ဘုတ္အဖြဲ႕ထဲ ထည့္ေပးထားၿပီး အသင္းရဲ႕ အသင္းစိတ္ဓာတ္ ေပ်ာက္မသြားေအာင္ လုပ္ေပးခဲ့တယ္။ အခုႏွစ္ ပရီးမီးယားလ္ဂ္ေရာက္လာတာဟာ ၇၄ ႏွစ္အတြင္း ပထမဆုံးျပန္ေရာက္တာဆိုေတာ့ မယုံၾကည္ႏိုင္ေလာက္ေအာင္ တိုဒတက္လာတာ အမွန္ပဲ။

ဘ႐ိုက္တန္ (Brighton)
ဘ႐ိုက္တန္ အသင္းကို အဂၤလန္သား Tony Bloom က ၉၄ ရာခိုင္ႏႈန္းပိုင္တယ္။ က်န္တဲ့ ရာခိုင္ႏႈန္းနည္းနည္းစီကိုေတာ့ သူ႔ဦးေလး Ray Bloom ရယ္ အရင္ ဥကၠဌေဟာင္း Dick Knight ရယ္က ပိုင္ပါတယ္။ Tony Bloom ဒီအသင္းကို ပိုင္လာတာ ၂၀၀၉ ကတည္းကဆိုေတာ့ အခုဆို ၁၃ ႏွစ္ေလာက္ေတာင္ ရွိၿပီပဲ။

ခ်ယ္ဆီး (Chelsea)
၁၉ ႏွစ္ၾကာ ေအဘရာမိုဗစ္ေခတ္ အဆုံးသတ္သြားၿပီး ခ်ယ္ဆီးမွာ အစစအရာရာ ေျမလွန္လိုက္သလိုျဖစ္ေနၿပီ။
အေမရိကန္ သူေဌး ေတာ့ဒ္ ဘိုေလး နဲ႔ တျခားအဖြဲ႕တစ္ခုေပါင္းၿပီး ေပါင္ ၄.၂၅ ဘီလ်ံေပးၿပီးဝယ္လိုက္ေပမယ့္ မိုဗစ္ခမ်ာ ဆန္ရွင္ထိၿပီး အဲ့ေငြေတြ ထုတ္မရလိုက္ဘူး။ ေရာင္းလဲၿပီးေရာ အရင္ ဘုတ္အဖြဲ႕ဝင္ေတြ တစ္ေယာက္ၿပီး တစ္ေယာက္ထြက္ကုန္ၿပီး လူသစ္ေတြနဲ႔ အစားထိုးလိုက္တယ္။

ခရစၥတယ္ပဲေလ့စ္ (Crystal Palace)
အဂၤလန္သား Steve Parish နဲ႔ အေမရိကန္ သူေဌး ၃ ေယာက္ (Josh Harris, David Blitzer, John Textor) စုေပါင္းပိုင္ၾကတယ္။ တျခားရွယ္ယာရွင္ ေသးေသးေလးေတြလဲ အမ်ားႀကီးေတာ့ပါေသးတာေပါ့ေလ။ ဒါေပမယ့္ structure ကေတာ့ ရွင္းတယ္၊ အေရးႀကီးဆုံးျဖတ္ခ်က္ေတြကို အဲဒီ ၄ ေယာက္ သေဘာတူမွ ဆက္လုပ္လို႔ရမယ္ ဒါပဲ။

အဲဗာတန္ (Everton)
အဂၤလိပ္-အီရန္ ကျပား စီးပြါးေရးသမား ဖာဟဒ္ မိုရွီရီ Farhad Moshiri ၉၂ ရာခိုင္ႏႈန္းေက်ာ္ပိုင္ထားၿပီးေတာ့ လက္ရွိ ဥကၠဌ ဘီလ္ ကင္႐ိုက္ Bill Kenwright ကလဲ ၂ ရခိုင္ႏႈန္းနီးပါးပိုင္ပါတယ္တဲ့။
ေလာေလာဆယ္ေတာ့ Moshiri က အသင္းကို ျပန္ေရာင္းခ်င္ေနတယ္လို႔ သတင္းေတြထြက္ေနပါတယ္။

ဖူလ္ဟမ္ (Fulham)
အေမရိကန္ စီးပြါးေရးသမား ရွာဟစ္ခန္း (Shahid Khan) က ၂၀၁၃ ကတည္းက လက္လႊဲဝယ္ခဲ့တာပါ။ ၇၂ ႏွစ္ရွိၿပီျဖစ္တဲ့ ဘိုးေတာ္က ကားပစၥည္းေတြေရာင္းၿပီး ခ်မ္းသာလာတဲ့သူပါ။ သူက ဖူဟမ္အျပင္ NFL အသင္း Jacksonville Jaguars ေရာ၊ နပန္းကုမၸဏီ All Elite Wrestling ပါ ပိုင္ထားပါေသးတယ္။ ဒီေန႔ထိ ဖူဟမ္အသင္းတြက္ ေငြထုတ္ထားတာ ေပါင္သန္း ၄၄၀ နီးပါးရွိၿပီတဲ့

လိဒ္စ္ယူႏိုက္တက္ (Leeds United)
လက္ရွိဥကၠဌ Andrea Radrizzani က ၂၀၁၇ တုန္းက ရွယ္ယာေတြ အကုန္ဝယ္ၿပီး ပိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဩစေၾတးလ် စီးပြားေရးသမား Peter Lowy, Youtube ငိုစေထာင္ခဲ့တဲ့ Chad Hurley, နာမည္ႀကီး online shop Zappos ပိုင္ရွင္ Nick Swinmurn, နဲ႔ ရက္ပါ LL Cool J တို႔ပိုင္တဲ့ 49ers Enterprise ကို ၄၄ ရာခိူင္ႏႈန္း ျပန္ေရာင္းခဲ့တာဆိုေတာ့ သူတို႔ ၂ ဖြဲ႕ ေပါင္းၿပီး ပိုင္တယ္လို႔ေျပာရမွာေပါ့

လက္စတာစီးတီး (Leicester City)
ထိုင္း သူေဌးမိသားစု Srivaddhanaprabha မိသားစုက ရာႏႈန္းျပည့္ပိုင္ပါတယ္။
လက္ရွိဥကၠဌ Aiyawatt Srivaddhanaprabha ဟာ သူ႔အေဖ အရင္ဥကၠဌ Khun Vichai ဟယ္လီေကာ္ပတာ ပ်က္က်ၿပီး ဆုံးသြားတဲ့ေနာက္ ရာထူးတိုးယူထားတာျဖစ္ပါတယ္။

လီဗာပူး (Liverpool)
အေမရိကန္ ဘီလ်ံနာ John Henry ရဲ႕ Fenway Sports Group (FSG) က ရာႏႈန္းျပည့္ပိုင္ပါတယ္။ သူ႔ရဲ႕ FSG က လီဗာပးတင္မကပဲ ေဘ့ေဘာအသင္း Boston Red Sox တို႔ Nescar ကားၿပိဳင္ပြဲကအသင္းတို႔ကိုလဲ ပိုင္ပါေသးတယ္။

မန္စီးတီး (Manchester City)
မန္စီးတီးအသင္းကို City Football Group Limited (CFG) က ပိုင္ပါတယ္။ CFG ရဲ႕ ၇၇ ရာခိုင္ႏႈန္းကို UAE ဒုဝန္ႀကီးခ်ဳပ္၊ Abu Dhabi ေတာ္ဝင္မိသားစုဝင္ Sheikh Mansour Al-Nahyan ကပိုင္ပါတယ္။ က်န္တာေတြထဲကမွ ၁၀ ရာခိုင္ႏႈန္းကို အေမရိကန္ကုမၸဏီ Silver Lake ကပိုင္ၿပီး တ႐ုတ္ကုမၸဏီ CMG Holdings နဲ႔ CITIC Capital တို႔က ႏွစ္ခုေပါင္း ၁၃ ရာခိုင္ႏႈန္းပိုင္ပါတယ္။

မန္ယူ (Manchester United)
အေမရိကန္ အေျခစိုက္ ဂေလဇာ မိသားစုက ၂၀၀၅ တုန္းက ရာႏႈန္းျပည့္ဝယ္ၿပီး အသင္းကို အပိုင္ယူခဲ့ၾကပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ သူတို႔လက္ထဲ ၆၉ ရာခိုင္ႏႈန္းပဲ ခ်န္ထားၿပီး က်န္တာကို နယူးေယာ့ စေတာ့အိတ္ခ်ိန္းမွာတင္ၿပီး ေရာင္းထားခဲ့ပါတယ္၊

နယူးကာဆယ္ (Newcastle United)
ေဆာ္ဒီအစိုးရရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕ (Public Investment Fund – PIF) က ၈၀ ရာခိုင္ႏႈန္း၊ PCP capital partners နဲ႔ Reuben brothers တို႔က ၁၀ ရာခိုင္ႏႈန္းစီ ပိုင္ၾကပါတယ္။ ေလာေလာဆယ္ PCP က နိစၥဒူဝ အုပ္ခ်ဳပ္ေရးပိုင္းကိစၥေတြကို တာဝန္ယူထားေပမယ့္ အေရးႀကီးကိစၥေတြဆို PIF ရဲ႕သေဘာထားကို အေလးထားေတာင္းခံေနရဆဲ ျဖစ္ပါတယ္။

ေနာ့တင္ဟမ္ေဖာရက္စ္ (Nottingham Forest)
ဂရိ သေဘၤာလိုင္းနဲ႔ မီဒီယာသူေဌး Evangelos Marinakis က ၈၀ ရာခိုင္ႏႈန္းပိုင္ပါတယ္။ က်န္တဲ့ ၂၀ ကိုေတာ့ တယ္လီကြန္းေလာကက Sokratis Kominakis က ပိုင္ပါတယ္။ အေရးႀကီး ဆုံးျဖတ္ခ်က္တိုင္းကို Marinakis ဆီကပဲ ဆုံးျဖတ္ေပးပါတယ္။ Marinakis ဟာ ဂရိေဘာလုံးအသင္း Olympiacos ကိုလဲ ပိုင္ပါေသးတယ္။

ေဆာက္သမ္တန္ (Southampton)
ဒီအသင္းက ၿပီးခဲ့တဲ့ ဇႏၷဝါရီကမွ ေပါင္သန္း၁၀၀နဲ႔ ပိုင္ရွင္ေျပာင္းသြားခဲ့တာ။ ဆားဘီးယား စီးပြါးေရးသမား Dragan Solak, Brentford အသင္းဒါ႐ိုက္တာေဟာင္း Rasmus Ankersen, Henrik Kraft တို႔ေပါင္းေထာင္ထားတဲ့ Sports Republic ကုမၸဏီက ၈၀ ရာခိုင္ႏႈန္း၊ Katharina Liebherr က ၂၀ ရာခိုင္ႏႈန္း ပိုင္ၾကပါတယ္။ Sports Republic အဖြဲ႕ဟာ တူရကီ နဲ႔ ျပင္သစ္တို႔မွာလဲ တျခားေဘာလုံးအသင္းေတြ ဝယ္ဖို႔ စကားေျပာေနၾကတယ္လို႔ ေျပာပါတယ္။

စပါး (Tottenham Hotspur)
ဥကၠဌ ဒန္နီယယ္လဲဗီး Daniel Levy နဲ႔ ဘီလ်ံနာ Joe Lewis တို႔က ၈၆ ရာခိုင္ႏႈန္းနီးပါး ပိုင္ၾကပါတယ္။ က်န္တဲ့ ၁၄ ရာခိုင္ႏႈန္းေလာက္ကို လန္ဒန္အိတ္ခ်ိန္းမွာ ခနတင္လိုက္တုန္းက အမိအရဝယ္ထားတဲ့ ပရိတ္သတ္ေတြက ပိုင္ၾကပါတယ္တဲ့။ ၾကာၾကာသာတင္မိရင္ အကုန္ဝယ္ပစ္ၾကမယ့္သေဘာရွိတယ္ ဒီ Fan ေတြ မလြယ္ဘူး

ဝက္စ္ဟမ္း (West Ham United)
David Sullivan နဲ႔ David Gold တို႔က ၂၀၁၀ ဇႏၷဝါရီမွာ ဝယ္ခဲ့ၿပီးေတာ့ ေနာက္ပိုင္းမွာ ခ်က္ ဘီလ်ံနာ Daniel Kretinsky ကို ၂၇ ရာခိုင္ႏႈန္းခြဲေရာင္းခဲ့တာဆိုေတာ့ ဒီအသင္းက David Sullivan, David Gold နဲ႔ Daniel Kretinsky တို႔ ၃ ေယာက္ပိုင္ေပါ့။

ဝုလ္ဖ္ (Wolverhampton Wanderers)
ဝုလ္ဖ္ေတြက တ႐ုတ္သူေဌးေတြ ပိုင္တဲ့ အသင္းပါ။ Guo Guangchang ဦးေဆာင္တဲ့ Fosun International က ရာႏႈန္းျပည့္ပိုင္ၿပီး ဘုတ္အဖြဲ႕ထဲမွာလဲ တ႐ုတ္ႏြယ္တဲ့သူေတြကို ထည့္ၿပီး အုပ္ခ်ဳပ္ေရးကို လႊဲထားတာေတြ႕ရပါတယ္

အခုလို စိတ္ဝင္စားစရာ ေဆာင္းပါးေလးေတြ မလြတ္တမ္းေပၚလာေစဖို႔ က်ေနာ္တို႔ရဲ႕ PremierHighlight ေဖ့ဘြတ္ Page ကို like လုပ္ေပးထားၾကပါဦး ညီအစ္ကိုတို႔ 😊😊