မန်ယူက Marko Arnautovic ကို ခေါ်ဖို့ကြိုးစားနေရလော​က်အောင် အခြေအနေဆိုးနေပြီလား?


(Unicode) မန်ယူတို့ကတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၁ – ၂ နဲ့ရှုံးပြီး ရာသီအကြိုက ပြခဲ့တဲ့ ခြေစွမ်းလေးတွေ သဲထဲရေသွန်လိုက်ကြပါပြီ။

မန်ယူက Marko Arnautovic ကို ခေါ်ဖို့ကြိုးစားနေရလော​က်အောင် အခြေအနေဆိုးနေပြီလား?

တဆက်တည်းကြားလိုက်ရတဲ့ သတင်းက Series A က Bologna မှာ ကစားနေတဲ့ ၃၃ နှစ်အရွယ် Marko Arnautovic ကို ခေါ်ဖို့ ကြိုးစားနေတယ်တဲ့။
မန်စီးတီးက ချန်ပီယံဖြစ်ပြီးတာတောင် ဟာလန်းကို အရခေါ်ခဲ့တယ်။ လီဗာပူးကလဲ ဒုတိယဖြစ်ခဲ့တာတောင် ဒါဝင်နူးနက်ဇ်ကို စောစောစီးစီး ရအောင် ခေါ်နိုင်ခဲ့တယ်။ မန်ယူတို့ကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးဆုံးရာသီ နဲ့ အဆင့်ခြောက်ရောက်ခဲ့တာတောင် ခုမှ ၃၃ နှစ်သား အီတလီကလပ်က ကစားသမားကို ကြိုးစားနေဆဲ ဆိုတော့ နောက်နေသလိုပဲနော်။

ကြည့်ရတာ နည်းပြ တန်ဟက်သာပြောင်းသွားတယ် မန်ယူမှာ အရင် ဗန်ဟား မော်ရင်ဟို ဆိုးလ်ရှားတို့လက်ထက်တုန်းကတည်းက ရှိခဲ့တဲ့ လူခေါ် သွေးသစ်မလောင်းန်ုင်တဲ့ ပြဿနာ အဲဒီအပိုင်းကို ကိုင်တွယ်ဖြေရှင်းနေတဲ့ အဖွဲ့တွေက မပြောင်းလဲနိုင်ပဲ တလျှောက်လုံး ဒုက္ခလိုက်ပေးနေသလိုပါပဲ။

ရာသီအကြိုမှာ ဘယ်လိုပဲ ဟန်ပြကောင်းခဲ့ပေမယ့် နဖူးတွေ့ဒူးတွေ့ကြုံရချိန်မှာ သရုပ်အမှန်ပေါ်ကာ စိတ်ပျက်စရာဖြစ်ခဲ့တာပါပဲ။ အိမ်ကွင်း အဖွင့်ပွဲမီာ ဘရိုက်တန်ကို ၁-၂ နဲ့ ရှုံးခဲ့တယ်ဆိုတာကတော့ မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ပိုဆိုးအောင် ပြောရရင် ဟိုဘက်က ဘရိုက်တန်ဆိုတာ နွေအပြောင်းအရွှေ့မှာ သူတို့ရဲ့ မဓိကလူ၂ယောက်ဖြစ်တဲ့ Bissouma နဲ့ Cucurella ကို လက်လွှတ်ထားရပြီး လူမစုံတဲ့ အသင်းဖြစ်နေတာပါပဲ။
နည်းပြကြီး တန်ဟက်ဂ်က သူ့စွမိးဆောင်နိုင်စွမ်းကို သေချာပေါက် ယုံကြည်ပါလိမ့်မယ်, ဒါပေမယ့် သူ့ရည်မှန်းချက်နဲ့ ကိုက်ညီမယ့်သူမျိုးတွေ ရမှသာ သူလဲ စွမိးနိုင်ပါလိမ့်မယ်။
ခုလို စိတ်ဝင်စားစရာ ဆောင်းပါးတွေ ဖတ်ရှုပေးတဲ့အနွက် ကျမော်တို့ PremierHighlight အဖွဲ့က ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ


(Zawgyi)





Read more...  ဟာလန်း 2.0 (ပြောင်းလဲတိုးတက်လာတော့မယ့် ဟာလန်းရဲ့ ကစားဟန်)