မန်ယူအသင်း ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက် ဘရိုက်တန်နဲ့ပွဲအတွက် ပွဲထွက်ကစားသမား ၆ ယောက် သေချာသလောက် ရှိနေပြီလား
မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ရာသီအသစ်အတွက် ပြင်ဆင်နေပြီး နည်းပြကြီး တန်းဟဂ်အနေနဲ့လဲ အဖွင့်ပွဲစဉ်ကို စဉ်းစားနေလောက်ပါပြီ။

အဖွင့်နေ့ပွဲစဉ်တွေမှာ ခံစားချက်တွေ အနေအထားတွေက အမြဲတမ်း အထူးစပါယ်ရှယ်ပါပဲ။ ပြီးတော့ မန်ယူအသင်းဆိုတာကလဲ အဖွင့်ပွဲနေ့ပွဲတွေမှာ နိုင်ပွဲယူနိုင်တဲ့နှုန်းက ပရီးမီးယားပြိုင်ဘက်အားလုံးထက် ပိုများပါတယ်။ အခု နည်းပြသစ် တန်းဟဂ်လက်ထက်မှာလဲ အဲဒီစံချိန်ကို ထပ်တိုးချင်နေမှာ မလွဲပါဘူး။
ယူနိုက်တက်ဟာ ရာသီအကြိုခြေစမ်းပွဲတွေ အနေနဲ့ ယနေ့ထိ လီဗာပူး၊ မဲလ်ဘုန်း ဗစ်ထွရီ၊ ပဲလေ့စ် တို့နဲ့ ၃ ပွဲ ကစားပြီးခဲ့ပါပြီ။ နည်းပြကြီး တန်းဟဂ်အနေနဲ့ကလဲ မာလာစီယာ၊ အဲရစ်ဆင်၊ မာတီနက်ဇ်တို့ကို ခေါ်ယူခဲ့ပြီးပါပြီ။ ဒါပေမယ့်လဲ ဒီဂျောင်အတွက် ဆွေးနွေးဆဲ့ အခြေအနေတွေ၊ ထွက်ခခွါချင်ရနေတဲ့ စ်စတီယာနို ရောနယ်ဒိုရဲ့ အခြေအနေတွေ၊ ပြီးခဲ့တဲ့နှစ်တွေက ခြေစွမ်းမမှန်ခဲ့တဲ့ မာရှယ်ရဲ့ အခြေအနေတွေကြောင့် ရာသီအဖွင့်ပွဲမှာ သုံးမယ့်လူစာရင်းဟာ အသေချာမှုတွေ ပြည့်နေဆဲပါပဲ။ ဒါပေမယ့်… ကစားသမားတချို့တဝက်ကတော့ ဘရိုက်တန်နဲ့ အဖွင့်ပွဲမှာ ပါဝင်ကစားဖို့ အာမခံချက်ရှိနေသယောင် ထင်ရပါတယ်။
တန်းဟဂ်ရဲ့ လူစာရင်းစာရွက်ပေါ်မှာ ပထမဆုံးချရေးမယ်သူ့ကတော့ ၁။ ဒဟဲယား ပါပဲ။ ပြီးခဲ့တဲ့ရာသီမှာ လက်စွမ်းအငြိမ်ဆုံးပြသခဲ့ပြီး ပထမဂိုးသမားနေရာကို ပြန်သိမ်းပိုက်ဖို့ ကြိုးစားပြခဲ့ရာမှာ ဟန်ဒါဆင်ကို အခုနှစ်နေ့မှာ တင်ဟမ်ဖောရက်စ်ကို အငှားချရတဲ့အထိတောင် ဖြစ်သွားခဲ့ရပါတယ်။ အရင်နှစ်ကလို ပုံစံကောင်း ဆက်ပြဖို့ မျှော်လင့်နေမှာ အမှန်ပါပဲ။
နွေရာသီနဲ့ ရာသီကြို အင်တာဗျူးတွေမှာ ပြောခဲ့တဲ့ နည်းပြကြီးရဲ့ စကားတွေအရဆိုရင် နောက်တန်းအလယ် ညာဘက်ခြမ်းမှာ ၂။ မက်ဂွိုင်းယား ပွဲထွက်လာဖို့ သေချာသလောက်ရှိနေပါတယ်။ သူ့ကို ကပ္ပတိန်အနေနဲ့ ဆက်ထားမယ်ဆိုတာရယ် ခြေစမ်းပွဲတွေက သူ့ခြေစွမ်းကို သဘောကျကြောင်း နည်းပြကြီးက ပြောခဲ့တာကိုး။
မက်ဂွိုင်းယားရဲ့ ဘယ်ခြမ်းမှာ တွဲကစားဖို့က လူသစ်မာတီနက်ဇ် နဲ့ လူဟောင်းဗာရိန်းတို့ ၂ ယောက်ထဲက ဘယ်သူဖြစ်မယ် ဆိုတာတော့ သေချာမပြောနိုင်သေးပါဘူး။ ဒါပေမယ့် နောက်တန်းညာခြမ်းက ၃။ ဒါးလော့ အတွက်ကတော့ သေချာနေသလောက်ပါပဲ။ ဒါးလော့ဟာ ကွင်းရဲ့ တိုက်စစ်ဘက်အခြမ်း final third မှာ ထိရောက်တဲ့ အရည်အချင်းတချို့ ပြသထားပြီး အဲဒါကလဲ နည်းပြကြီး တန်းဟဂ်လိုချင်နေတာပဲ ဖြစ်နေပြန်ပါတယ်။
ကွင်းလယ်မှာတော့ ပေါ်တူဂီကနေပြောင်းလာပြီးကတည်းက ပွဲထွက်ကစားသမားနေရာ ဆက်တိုက်နီးပါးကစားလာတဲ့ ၄။ ဖာနန်ဒက် ပါပဲ။ သူနဲ့အတူ ၅။ ဖရက်ဒ် ကလဲ ပြီးခဲ့တဲ့ရာသီနဲ့ အခုရာသီကြိုပွဲတွေမှာ တော်မီနေးထက် ပိုသာတဲ့ ခြေစွမ်း ပြခဲ့တာမို့ တနေရာ သေချာနေမှာပါ။
အဖွင့်ပွဲနေ့မှာ ကစားရဖို့ သေချာနေတဲ့ မောက်ဆုံးတစ်ယောက်ကတော့ ၆။ ဆန်ချို ပါပဲ။ ဘယ် ညာ တောင်ပံ ၂ ဖက်လုံးမှာ ကစားနိုင်တဲ့ သူ့ရဲ့ အားသာချက်ကြောင့်လဲ ပါပါတယ်။
အီလန်ဂါ နဲ့ ယှဉ်ရမှာမို့ ရက်ရှ်ဖို့ဒ် အနွက်နေရာက မသေချာသေးပါဘူး။ အဲလိုပဲ ခြေစွမ်းပြန်ပြလာတဲ့ မာရှယ်အနေနဲ့ကလဲ ရောနယ်ဒိုသာ အသင်းမပြောင်းဖြစ်ခဲ့ရင် ဆိုပြီး မရေရာမှုတွေရှိနေဆဲပါပဲ။
ဆိုတော့… အဲဒီကျန်သေးတဲ့ နေရာ ၅ ခုအတွက် ယူနိုက်တက် ကစားသမားတွေ အပြိုင်ကြိုးစားပြီး ခြေစွမ်းပြဖို့ ၂ ပါတ်ကျော်လောက်ပဲ လိုပါတော့တယ်။
ဘရိုက်တန်နဲ့ပွဲမှာ ဘယ်သူတွေနဲ့ ထွက်လာမလဲ ဘယ်သူတွေ ဖြစ်သင့်ပြီး ဘယ်သူတွေ မဖြစ်သင့်လဲ အိုင်ဒီယာလေးတွေလဲ share ပေးခဲ့ကြပါဦး 😊