ရာသီသစ်မှာ ဘာကာတို့ ရီးယဲလ်ဆီက ချန်ပီယံဆုကို အရယူနိုင်မလား?

Unicode
ပြီးခဲ့တဲ့နှစ်က ဒုတိယနေရာကနေ ပန်းဝင်ခဲ့ပေမယ် ဒီနှစ်မှာတော့ ပိုကြီုးစားကြရမယ်ဆိုတာကို ဘာကာတို့ သိနေပြီးဖြစ်ပါလိမ့်မယ်။ အမှတ် ၁၃ မှတ်ထိဖြတ်ပြီး ချန်ပီယံဖလားကို ပြန်လည်ရယူသွားခဲ့တဲ့ ရီးယဲလ်တို့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီးတဲ့ အခါမှာ လူတွေက ဇာဗီနဲ့ အဖွဲ့သားတွေ ဘာလုပ်ကိုမလဲ ဆိုတာကို စောင့်ကြည့်လာကြပါတော့တယ်။
ဗယ်လက်ကာနိုနဲ့ အဖွင့်ပွဲကစပြီး ဒီရာသီသစ်မှာ ဘာကာတို့ ရီးရဲယ်လ်ကို ဘယ်လိုတွေ စိန်ခေါ်နိုင်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။
လီဝန်ဒေါစကီး ရဲ့ အကျိုးသက်ရောက်မှု
မနှစ်က အာဆင်နယ်က အူဘာမီယန် တစ်ရောက် ရောက်ရောက်ချင်း ခြေစွမ်းပြပြီးတဲ့နောက် ဇာဗီရဲ့ အဖွဲ့သားတွေဟာ ဒီနှစ်မှာလဲ ဥရောပထိပ်သီး တစ်ယောက်ကို ထပ်ကြိုဆိုလိုက်ကြပါတယ်။
ပိုလန်သား လီဝန်ဒေါစကီး ဟာ ဘိုင်ယန်ကနေ ပေါင် ၄၂.၅ သန်းဝန်းကျင်နဲ့ ပြောင်းလာတာဖြစ်ပါတယ်။ ဘာကာကတော့ ဒီ ၃၃ နှစ်သားကို စပါယ်ရှယ်ခြေစွမ်းတွေပြဖို့ မျှော်လင့်နေမှာ အသေချာပါပဲ။
မနှစ်က ဘန်ဇီးမားတစ်ယောက် ရီးယဲလ်တို့ ဖလား ၂ လုံးရဖို့ ခြေစွမ်းပြ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ လီဝန်ဒေါစကီးဟာ ဒီပြင်သစ်သားကို ဂိုးသွင်းအများဆုံး ရွှေဖိနပ်ပြိုင်ဘက်အနေနဲ့ ဖိအားတွေ ပေးတော့မှာပါပဲ။
ဒေါ့မွန်ကနေ ဘိုင်ယန်ကို ပြောင်းလာပြီးတဲ့နောက်မှာ စံချိန်တွေ တစ်ခုပြီး တစ်ခု ချိုးထားသူ၊ ပြီးခဲ့တဲ့ရာသီက ၄၆ ပွဲ ကစားပြီး ဂိုး ၅၀ သွင်းပြီး ဘိုင်ယန်ကို ၁၀ ကြိမ်ဆက် ချန်ပီယံ ဖြစ်အောင် ကူညီပေးခဲ့သူ ဟာ လီဝန်ဒေါစကီးပါပဲ။
လက်ရှိ ကမ္ဘာ့အကောင်းဆုံး No.9 တစ်ယောက်ဆိုပြီး တော်တော်များများက သတ်မှတ်ထားတဲ့ လီဝန်ဒေါစကီး ရောက်လာတာဟာ ဘာကာရဲ့ ချန်ပီယံဆုဆီ ပြေးလမ်းကြောင်းမှာ အရေးပါတဲ့ အကျိုးတစ်ခု ဖြစ်စေမှာ အမှန်ပါပဲ။
နောက်တန်း တည်ငြိမ်အောင် ကြိုးပမ်းခြင်း
လီဝန်ဒေါစကီးရောက်လာတာဟာ တကယ့်သတင်းကောင်း ဖြစ်ပေမယ့်လဲ နည်းပြဇာဗီ အနေနဲ့ သူ့အသင်းရဲ့ နောက်တန်းကို တည်ငြိမ်အောင်လုပ်ဖို့တော့ မဖြစ်မနေ လိုအပ်နေတုန်းပဲ ဖြစ်ပါတယ်။
ဂွါဒီယိုလာ လက်ထက်တုန်းက တောင့်တင်းခဲ့တဲ့ နောက်တန်းဟာ အခုနောက်ပိုင်းမှာတော့ လျော့ရဲလာတယ်လို့ မြင်လာကြပါတယ်။ 2021-22 ရာသီ နောက်ဆုံးပွဲမီာ ဗီလာရီးယဲလ်ကို ၂-၀ နဲ့ရှုံးပြီးတဲ့အခါမှာ ဘာကာတို့ဟာ တစ်ရာသီလုံး ၃၈ ဂိုးပေးခဲ့ရပါတယ်။ ဒါဟာ ဆီဗီးလား၊ ဆိုစီဒက်၊ ဗီလာရီးယဲလ် နဲ့ ဘီဘာအိုတို့လို အသင်းတွေထက်ကို ပိုဆိုးတဲ့ ပေးဂိုးအရေအတွက်ပါပဲ။
လောလောဆယ်မှာတော့ ချယ်ဆီးကစားသမား ခရစ်စတင်ဆင်ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူထားပါတယ်။ ၃၃ နှစ်သားဟာ ဇာဗီရဲ့ ပလန်မှာ အရေးကြီးတဲ့နေရာက ပါရမယ့်ပုံပါပဲ။
ဘာကာတို့ဟာ ယူရိုပါလိဂ်မှာ ဖရန့်ဖွတ်ကို ၃-၂ နဲ့ ရှုံးပြီး ထွက်ခဲ့ရသလို ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲမှာ clean sheet ဆိုလို့ ၂ ပွဲသာရခဲ့ပါတယ်။
ပရိတ်သတ်တွေကို စည်းရုံးဖို့လိုနေခြင်း
လီဝန်ဒေါစကီး နဲ့ ခရစ္စတင်ဆင် တို့ရောက်လာခဲ့ပြီးပေမယ့် ဇာဗီလက်အောက်မှာ အောင်မြင်မှုတွေ ယူဖို့ ပြင်ဆင်ရင်း အလုပ်တွေ ရှုပ်နေကြတုန်းပါပဲ။
ဘရာဇီးသား ရာဖင်ညာကို ပေါင် ၅၅ သန်းပေးပြီး လိဒ်စ်ကနေ ခေါ်ထားနိုင်ခဲ့သလို Frank Kessie ကိုလဲ AC ဆီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ထားပါသေးတယ်။
ခုလို နာမည်ကြီးကစားသမားတွေကို နူးကမ့်အရောက် ခေါ်ထားခဲ့ပေမယ့် ဘာကာတို့ဟာ ငွေကြေးအရှုပ်အထွေးတွေ ရှိနေကြတုန်းပါပဲ။ အရင် ဥက္ကဌဟောင်းဘာတိုမျူလက်ထက်က လုပ်ခဲ့တဲ့ အလွဲတွေကြောင့် အသင်းအနေနဲ့ ပေးစရာအကြွေး ၁.၂ ဘီလျံပေးစရာရှိနေသေးကြောင်း ကြေငြာလိုက်တဲ့အခါမှာတော့ အသင်း အုပ်ချုပ်ရေးအဖွဲ့တွေ နဲ့ ပရိတ်သတ်တွေကြား အစေးမကပ်တာတွေ သိသိသာသာပေါ်လာခဲ့ပါတော့တယ်။
ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ ယူရိုပါလိဂ်ပွဲ လက်မှတ်တွေ ရောင်းမထွက်ခဲ့တာကြုံခဲ့ရပြီးတဲ့နောက်မှာတော့ ချန်ပီယံလိဂ်ဖလားချန်ပီယံဟောင်းဟာ သူတို့ ပရိတ်သတ်တော်တော်များများဆီက ထောက်ခံမှုပြန်ရအောင် ကြိုးပမ်းလာပါတယ်။
ချန်ပီယံ ပြေးလမ်းပေါ်က ရီးရဲလ်နဲ့ သူတို့နဲ့အကြားက ခြားနားမှုကို အတတ်နိုင်ဆုံးလျှော့ချနိုင်ရေးမှာ ပရိတ်သတ်တွေရဲ့ ထောက်ခံမှုက ပြောမပြနိုင်လောက်အောင် အရေးပါပါတယ်လို့ ဇာဗီကိုယ်တိုင်ကလဲ ပြောထားပါတယ်။
ဒီလို အခြေအနေတွေမှာ ဘာကာတို့အနေနဲ့ ၂၀၁၉ ကတည်းက ဝေးကွာနေတဲ့ ချန်ပီယံ သရဖူကို ပြန်လည်ရယူနိုင်ဖို့ အဆင်သင့်ဖြစ်နေပါ့မလား ဆိုတာတော့…
အခုလို စိတ်ဝင်စားစရာ ဆောင်းပါးလေးတွေ မလွတ်တမ်းဖတ်နိုင်အောင်လို့ ကျနော်တို့ရဲ့ Premier Highlight ဖေ့ဘွတ်page လေးကိုလဲ Like လုပ်ထားပေးကြပါဦး ညီကိုတို့ရေ 😊😊

Zawgyi

ၿပီးခဲ့တဲ့ႏွစ္က ဒုတိယေနရာကေန ပန္းဝင္ခဲ့ေပမယ္ ဒီႏွစ္မွာေတာ့ ပိုႀကီဳးစားၾကရမယ္ဆိုတာကို ဘာကာတို႔ သိေနၿပီးျဖစ္ပါလိမ့္မယ္။ အမွတ္ ၁၃ မွတ္ထိျဖတ္ၿပီး ခ်န္ပီယံဖလားကို ျပန္လည္ရယူသြားခဲ့တဲ့ ရီးယဲလ္တို႔ရဲ႕ စြမ္းေဆာင္ရည္ကို ၾကည့္ၿပီးတဲ့ အခါမွာ လူေတြက ဇာဗီနဲ႔ အဖြဲ႕သားေတြ ဘာလုပ္ကိုမလဲ ဆိုတာကို ေစာင့္ၾကည့္လာၾကပါေတာ့တယ္။
ဗယ္လက္ကာႏိုနဲ႔ အဖြင့္ပြဲကစၿပီး ဒီရာသီသစ္မွာ ဘာကာတို႔ ရီးရဲယ္လ္ကို ဘယ္လိုေတြ စိန္ေခၚႏိုင္မလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္။
လီဝန္ေဒါစကီး ရဲ႕ အက်ိဳးသက္ေရာက္မႈ
မႏွစ္က အာဆင္နယ္က အူဘာမီယန္ တစ္ေရာက္ ေရာက္ေရာက္ခ်င္း ေျခစြမ္းျပၿပီးတဲ့ေနာက္ ဇာဗီရဲ႕ အဖြဲ႕သားေတြဟာ ဒီႏွစ္မွာလဲ ဥေရာပထိပ္သီး တစ္ေယာက္ကို ထပ္ႀကိဳဆိုလိုက္ၾကပါတယ္။
ပိုလန္သား လီဝန္ေဒါစကီး ဟာ ဘိုင္ယန္ကေန ေပါင္ ၄၂.၅ သန္းဝန္းက်င္နဲ႔ ေျပာင္းလာတာျဖစ္ပါတယ္။ ဘာကာကေတာ့ ဒီ ၃၃ ႏွစ္သားကို စပါယ္ရွယ္ေျခစြမ္းေတြျပဖို႔ ေမွ်ာ္လင့္ေနမွာ အေသခ်ာပါပဲ။
မႏွစ္က ဘန္ဇီးမားတစ္ေယာက္ ရီးယဲလ္တို႔ ဖလား ၂ လုံးရဖို႔ ေျခစြမ္းျပ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ လီဝန္ေဒါစကီးဟာ ဒီျပင္သစ္သားကို ဂိုးသြင္းအမ်ားဆုံး ေ႐ႊဖိနပ္ၿပိဳင္ဘက္အေနနဲ႔ ဖိအားေတြ ေပးေတာ့မွာပါပဲ။
ေဒါ့မြန္ကေန ဘိုင္ယန္ကို ေျပာင္းလာၿပီးတဲ့ေနာက္မွာ စံခ်ိန္ေတြ တစ္ခုၿပီး တစ္ခု ခ်ိဳးထားသူ၊ ၿပီးခဲ့တဲ့ရာသီက ၄၆ ပြဲ ကစားၿပီး ဂိုး ၅၀ သြင္းၿပီး ဘိုင္ယန္ကို ၁၀ ႀကိမ္ဆက္ ခ်န္ပီယံ ျဖစ္ေအာင္ ကူညီေပးခဲ့သူ ဟာ လီဝန္ေဒါစကီးပါပဲ။
လက္ရွိ ကမာၻ႔အေကာင္းဆုံး No.9 တစ္ေယာက္ဆိုၿပီး ေတာ္ေတာ္မ်ားမ်ားက သတ္မွတ္ထားတဲ့ လီဝန္ေဒါစကီး ေရာက္လာတာဟာ ဘာကာရဲ႕ ခ်န္ပီယံဆုဆီ ေျပးလမ္းေၾကာင္းမွာ အေရးပါတဲ့ အက်ိဳးတစ္ခု ျဖစ္ေစမွာ အမွန္ပါပဲ။
ေနာက္တန္း တည္ၿငိမ္ေအာင္ ႀကိဳးပမ္းျခင္း
လီဝန္ေဒါစကီးေရာက္လာတာဟာ တကယ့္သတင္းေကာင္း ျဖစ္ေပမယ့္လဲ နည္းျပဇာဗီ အေနနဲ႔ သူ႔အသင္းရဲ႕ ေနာက္တန္းကို တည္ၿငိမ္ေအာင္လုပ္ဖို႔ေတာ့ မျဖစ္မေန လိုအပ္ေနတုန္းပဲ ျဖစ္ပါတယ္။
ဂြါဒီယိုလာ လက္ထက္တုန္းက ေတာင့္တင္းခဲ့တဲ့ ေနာက္တန္းဟာ အခုေနာက္ပိုင္းမွာေတာ့ ေလ်ာ့ရဲလာတယ္လို႔ ျမင္လာၾကပါတယ္။ 2021-22 ရာသီ ေနာက္ဆုံးပြဲမီာ ဗီလာရီးယဲလ္ကို ၂-၀ နဲ႔ရႈံးၿပီးတဲ့အခါမွာ ဘာကာတို႔ဟာ တစ္ရာသီလုံး ၃၈ ဂိုးေပးခဲ့ရပါတယ္။ ဒါဟာ ဆီဗီးလား၊ ဆိုစီဒက္၊ ဗီလာရီးယဲလ္ နဲ႔ ဘီဘာအိုတို႔လို အသင္းေတြထက္ကို ပိုဆိုးတဲ့ ေပးဂိုးအေရအတြက္ပါပဲ။
ေလာေလာဆယ္မွာေတာ့ ခ်ယ္ဆီးကစားသမား ခရစ္စတင္ဆင္ကို ေျပာင္းေ႐ႊ႕ေၾကးအလြတ္နဲ႔ ေခၚယူထားပါတယ္။ ၃၃ ႏွစ္သားဟာ ဇာဗီရဲ႕ ပလန္မွာ အေရးႀကီးတဲ့ေနရာက ပါရမယ့္ပုံပါပဲ။
ဘာကာတို႔ဟာ ယူ႐ိုပါလိဂ္မွာ ဖရန႔္ဖြတ္ကို ၃-၂ နဲ႔ ရႈံးၿပီး ထြက္ခဲ့ရသလို ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၁၁ ပြဲမွာ clean sheet ဆိုလို႔ ၂ ပြဲသာရခဲ့ပါတယ္။
ပရိတ္သတ္ေတြကို စည္း႐ုံးဖို႔လိုေနျခင္း
လီဝန္ေဒါစကီး နဲ႔ ခရစၥတင္ဆင္ တို႔ေရာက္လာခဲ့ၿပီးေပမယ့္ ဇာဗီလက္ေအာက္မွာ ေအာင္ျမင္မႈေတြ ယူဖို႔ ျပင္ဆင္ရင္း အလုပ္ေတြ ရႈပ္ေနၾကတုန္းပါပဲ။
ဘရာဇီးသား ရာဖင္ညာကို ေပါင္ ၅၅ သန္းေပးၿပီး လိဒ္စ္ကေန ေခၚထားႏိုင္ခဲ့သလို Frank Kessie ကိုလဲ AC ဆီကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚထားပါေသးတယ္။
ခုလို နာမည္ႀကီးကစားသမားေတြကို ႏူးကမ့္အေရာက္ ေခၚထားခဲ့ေပမယ့္ ဘာကာတို႔ဟာ ေငြေၾကးအရႈပ္အေထြးေတြ ရွိေနၾကတုန္းပါပဲ။ အရင္ ဥကၠဌေဟာင္းဘာတိုမ်ဴလက္ထက္က လုပ္ခဲ့တဲ့ အလြဲေတြေၾကာင့္ အသင္းအေနနဲ႔ ေပးစရာအေႂကြး ၁.၂ ဘီလ်ံေပးစရာရွိေနေသးေၾကာင္း ေၾကျငာလိုက္တဲ့အခါမွာေတာ့ အသင္း အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြ နဲ႔ ပရိတ္သတ္ေတြၾကား အေစးမကပ္တာေတြ သိသိသာသာေပၚလာခဲ့ပါေတာ့တယ္။
ၿပီးခဲ့တဲ့ရာသီက အသင္းရဲ႕ ယူ႐ိုပါလိဂ္ပြဲ လက္မွတ္ေတြ ေရာင္းမထြက္ခဲ့တာႀကဳံခဲ့ရၿပီးတဲ့ေနာက္မွာေတာ့ ခ်န္ပီယံလိဂ္ဖလားခ်န္ပီယံေဟာင္းဟာ သူတို႔ ပရိတ္သတ္ေတာ္ေတာ္မ်ားမ်ားဆီက ေထာက္ခံမႈျပန္ရေအာင္ ႀကိဳးပမ္းလာပါတယ္။
ခ်န္ပီယံ ေျပးလမ္းေပၚက ရီးရဲလ္နဲ႔ သူတို႔နဲ႔အၾကားက ျခားနားမႈကို အတတ္ႏိုင္ဆုံးေလွ်ာ့ခ်ႏိုင္ေရးမွာ ပရိတ္သတ္ေတြရဲ႕ ေထာက္ခံမႈက ေျပာမျပႏိုင္ေလာက္ေအာင္ အေရးပါပါတယ္လို႔ ဇာဗီကိုယ္တိုင္ကလဲ ေျပာထားပါတယ္။
ဒီလို အေျခအေနေတြမွာ ဘာကာတို႔အေနနဲ႔ ၂၀၁၉ ကတည္းက ေဝးကြာေနတဲ့ ခ်န္ပီယံ သရဖူကို ျပန္လည္ရယူႏိုင္ဖို႔ အဆင္သင့္ျဖစ္ေနပါ့မလား ဆိုတာေတာ့…
အခုလို စိတ္ဝင္စားစရာ ေဆာင္းပါးေလးေတြ မလြတ္တမ္းဖတ္ႏိုင္ေအာင္လို႔ က်ေနာ္တို႔ရဲ႕ Premier Highlight ေဖ့ဘြတ္page ေလးကိုလဲ Like လုပ္ထားေပးၾကပါဦး ညီကိုတို႔ေရ 😊😊
