လီဗာပူး vs မန်စီးတီး Community Shield ပွဲ၊ ပွဲကြို သုံးသပ်ချက် နဲ့ ခန့်မှန်းချက်များ
Unicode
အင်္ဂလိပ်ဘောလုံးရာသီကတော့ ပြန်စပါပြီ။
ရိုးရာမပျက် ရာသီအဖွင့်ပွဲ အနေနဲ့ လိဂ်ချန်ပီယံ မန်စီးတီး နဲ့ FA ဖလားရှင် လီဗာပူးတို့ ဒီနေ့ စနေနေ့ည ၁၀ နာရီမှာ Community Shield ပွဲ ကန်ကြပါတော့မယ်။
ဒီရာသီမှာ အသစ်ခေါ်ထားတဲ့ကစားသမားတွေကို အစဦးဆုံး မြင်တွေ့ရမယ့်ပွဲဆိုလဲ မမှားဘူးပေါ့။ အထူးသဖြင့် ရွှေဖိနပ်ဆုပြိုင်ဘက်တွေ ဖြစ်ကြမယ်လို့ ခန့်မှန်းထားကြတဲ့ ဟာလန်း နဲ့ နူးနက်ဇ်တို့လို ကစားသမားတွေပေါ့။ ဒါတင်မက ဒီပွဲဟာ နည်းပြကြီးတွေ ဖြစ်တဲ့ ဂွါဒီယိုလာ နဲ့ ကလော့ပ်တို့ရဲ့ နည်းစနစ်တိုက်ပွဲ စာမျက်နှာ နောက်တစ်ခုလို့ဆိုရင်လဲ မှန်နေမှာ အသေအချာပါပဲ။
မန်စီးတီး နည်းပြကြီး ဂွါဒီယိုလာဟာ ဒီ Community ဒိုင်းကို ၂ ခါ ရယူထားသူပါ။ ဒါပေမယ့် အဲဒါဟာ ၂၀၁၉ ကနောက်ဆုံးပါပဲ။ လီဗာပူးရဲ့ ကလော့ပ်ကတော့ ၂၀၁၉ နဲ့ ၂၀၂၀ တို့မှာ ၂ ကြိမ်လုံး လက်လွှတ်ခဲ့ရပြီး တစ်ကြိမ်မှ ကိုင်မြှောက်ဖူးခြင်း မရှိသေးပါဘူး။ တကယ်တော့ လီဗာပူးအနေနဲ့ ကွန်မြူနီတီဒိုင်းမရတာ ၂၀၀၆ ကတည်းကပါပဲ။ အဲဒီတုန်းကတော့ ပီတာခရော့ချ်ရဲ့ နောက်ကျအနိုင်ဂိုးနဲ့ ချယ်ဆီးကို ၂-၁ နဲ့နိုင်ကာ ရယူခဲ့တာပါ။
နိုင်ငံခြား ဘွတ်ကီဒိုင်တွေရဲ့ လောင်းကြေးတွေဖွင့်တာကို ကြည့်ပြီး ခန့်မှန်းရင် ဒီ ၂ သင်းအကြားမှာ အနိုင်ရလဒ်အတွက် ခြားနားမှုကတော့ ပါးပါးလေးပဲ ရှိမယ်လို့ မှန်းကြပုံပါပဲ။ မနစ်က ရာသီပိတ်ချိန် တစ်မှတ်ပဲ ကွာတဲ့ အသင်းတွေ အတွက် မထူးဆန်းတဲ့ ခန့်မှန်းချက်လို့ပြောရမှာပါ။ (Man City သရေ -၂၅ရှုံး)
သွင်းဂိုးတွေတော့ များလိမ့်မယ်၊ ၂ သင်းလုံးလဲ ဂိုးတွေ သွင်းကြလိမ့်မယ်၊ ဒါပေမယ့်လဲ ၂ သင်းပေါင်း သွင်းဂိုး ၂.၅ ထက်ကျော်ဖို့တော့ သိပ်မသေချာတဲ့ပုံမျိုး ခန့်မှန်းပြီး ကြေးဖွင့်ထားကြပါတယ်။ (၃ လုံး +၈၀ နိုင်)
သုံးသပ် ခန့်မှန့်ချက်
ဒီပွဲကတော့ သရေပွဲ တစ်ပွဲ ဖြစ်မယ်ဆိုတာကို အချက်တော်တော်များများက ညွှန်ပြနေပါတယ်။
ပထမဆုံးအနေနဲ့ ဒီ ၂ သင်းကြား ကွာဟချက် ကြီးကြီးမားမား ရှိမနေတာပါ။ အချင်းချင်းဆုံခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလဲ ၃ ပွဲက သရေနဲ့ အဆုံးသတ်ခဲ့တာပါပဲ။ အဲဒီရဲ့ရှေ့ထိ ဆန့်ကြည့်ရင်လဲ ၂၀၁၈-၁၉ ကတည်းက ၁၀ ခါဆုံတာမှာ ၅ ခါ သရေကျခဲ့ကြတာပါ။ အဲဒီထဲက တစ်ပွဲကတော့ ၂၀၁၉ ကွန်မြူနီတီဒိုင်းပွဲပေါ့၊ ၁-၁ သရေကျခဲ့ပြီး မန်စီးတီးက ပင်နယ်တီမှာ အနိုင်ရသွားခဲ့တာပေါ့လေ။
ဒိုင်းပွဲ အနေနဲ့ ကြည့်ပြန်ရင်လဲ လာတော့မယ့် ရာသီအတွက် ပြင်ဆင်နေကြဆဲ ကာလမို့ ဒီဒိုင်းပွဲမှာ အသင်းတွေက ရေကုန်ရေခမ်းကန်ကြတာ ရှားပါတယ်။ ဒါကြောင့်မို့လို့လဲ Community Shield နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲက သရေကျပြီး ပင်နယ်တီကန်ခဲ့ကြရတာ တေံရပါတယ်။
မဖြစ်မနေ အနိုင်တသင်းရွေးကို ရွေးချင်တယ်ဆိုရင်တော့ မန်စီးတီးက နည်းနည်း သာ သလိုရှိပါတယ်၊ ဒါပေမယ့်လဲ ဖြစ်နိုင်ခြေကတော့ ပါးပါးလေးပဲရှိပါတယ်။
သွင်းဂိုးအရေအတွက်
ဒီ ၂ သွင်းတွေ့တိုင်း ဂိုးတွေများလေ့ရှိပါတယ်၊ နောက်ဆုံး ၄ ပွဲမှာတင် စုစုပေါင်း ၁၈ ဂိုးထိ အားရပါးရ သွင်းထားကြတာတွေ့ရပါတယ်၊ ဒါပေမယ့် ကွန်မြူနီတီဒိုင်းပွဲကတော​့ အဲဒါတွေနဲ့ မတူတဲ့ အခြေအနေတစ်ခုလို့ ယူဆရမှာပါ။
၂ သင်းလုံးကတော့ အသစ်ဝယ်ထားတဲ့ တိုက်စစ်မှူးတွေနဲ့ ပွဲထွက်လာမှာ အသေချာပါပဲ။ ဒါပေမယ့် သူတို့ခြေစွမ်းပြပြီး ဂိုးတွေသွင်းဖို့တော့ သိပ်မသေချာပါဘူး။ ဟာလန်းအနေနဲ့ ဘိုင်ယန်နဲ့ပွဲက ၁ ဂိုးပဲ သွင်းထားရသေးပြီး အသင်းဖော်တွေနဲ့ အချိတ်အဆက်မိဖို့ အချိန်ယူရဦးမယ့် ပုံပါပဲ။ လီဗာပူးရဲ့ နူနက်ဇ်က လိုက်ပ်ဇစ်ကို ၄ ဂိုးသွင်းထားတယ်ဆိုပေမယ့် သူနဲ့မရင်းနှီးသေးတဲ့ အင်္ဂလန်လိဂ်က ပြိုင်ဘက်အသင်းနဲ့တွေ့တဲ့အခါ ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ရင်လဲ မအံ့ဩပါနဲ့။
ကွန်မြူနီတီဒိုင်းပွဲ နောက်ဆုံး ၅ ပွဲကိုကြည့်ရင် ဂိုးအရေအတွက် ၃ ဂိုးထက်နည်းတာတွေ့ရပါတယ်။ ၂၀၁၃ အထိ ပြန်ကြည့်ရင်တောင် ၉ ပွဲမှာ ၂ ပွဲသာ ၃ ဂိုးနဲ့အထက်ရှိနေပါတယ်။
အခုလို ပွဲကြို သုံးသပ်ချက်တွေ နဲ့ ခန့်မှန်းချက်တွေ မလွတ်တမ်း ဖတ်နိုင်ဖို့ ကျနော်တို့ရဲ့ PremierHighlight (ပရီးမီးယား ဟိုက်လိုက်) page လေးကိုလဲ like လုပ်ပေးထားဖို့ မမေ့နဲ့ဦးမော် ညီအစ်ကိုတို့ 😊😊
Zawgyi
သွင်းဂိုးအရေအတွက်
အခုလို ပွဲကြို သုံးသပ်ချက်တွေ နဲ့ ခန့်မှန်းချက်တွေ မလွတ်တမ်း ဖတ်နိုင်ဖို့ ကျနော်တို့ရဲ့ PremierHighlight (ပရီးမီးယား ဟိုက်လိုက်) page လေးကိုလဲ like လုပ်ပေးထားဖို့ မမေ့နဲ့ဦးနော် ညီအစ်ကိုတို့ 😊😊