အချိန်တိုအတွင်း အထိုင်ကျ ခြေစွမ်းပြခဲ့တဲ့ နူနက်ဇ်နဲ့အတူ မန်စီးတီးကို အနိုင်ယူခဲ့တဲ့ ကြိုးကြာနီတို့ရဲ့ အောင်ပွဲ

(Unicode)

လီဗာပူးရဲ့ တိုက်စစ်မှူးသစ် ဒါဝင်နူးနက်ဇ်ကတော့ ပွဲဦးထွက်မိတ်ဆက်ပွဲမှာတင် နောက်ကျဂိုးသွင်းပြီး ၃-၁ အနိုင်ပွဲနဲ့ ကွန်မြူနီတီဒိုင်းယူသွားပြီ။ သွင်းသွားတာကလဲ ချန်ပီယံပြိုင်ဘက် မန်စီးတီးကို။

ဘင်ဖီကာကနေ ယူရို ၇၅ သန်းနဲ့ခေါ်ထားတဲ့ ဥရုဂွေးသားလေးဟာ အရန်ခုံကနေထလာပြီး ဝင်ကစားသွားတာ တက်တက်ကြွကြွ၊ နောက်ဆုံးနာကျင်အချိန်ပိုမှာ ဂိုးလဲသွင်းပြီးသွားရော ကြိုးကြာနီ ပရိတ်သတ်တွေရဲ့ အသည်းကျော်တစ်ယောက် ချက်ချင်းဖြစ်သွားတော့တာပဲ။

မန်စီးတီးဘက်ကလဲ ဈေးကြီးပေးခေါ်ထားတဲ့ ဟာလန်းကို ထည့်သုံးသွားတာပဲ။ ဒါပေမယ့် နူနက်ဇ်နဲ့ ယှဉ်လိုက်တော့ ဒီပွဲက သူ့အတွက် စိတ်ပျက်စရာ၊ အသင်းဖော်တွေနဲ့ အချိတ်ဆက်က မမိ၊ အပိုင်လုံးတွေကလဲ လွဲ။

တော်သေးတယ် နောက်ထပ်လူအသစ် အယ်လ်ဗာရက်ဇ်က ဒုတိယပိုင်းမှ ဝင်လာပြီး ဂိုးပေါက်တွေ့သွားလို့ မန်စီးတီးတို့ ခံသာသွားတာ။

ပွဲရဲ့အဖွင့်ဂိုးကို လီဗာပူးနောက်တန်းကစားသမား ထရန့် အလက္ဇ်န်းဒါး အာနိုးက သွင်းသွားတာ။ သီယာဂိုက ညာခြမ်းက မိုဆားလားဆီ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အီဂျစ်နတ်ဘုရားကြီးက အာနိုးဆီ ပြန်ချပေးလိုက်တဲ့အခါမှာ အဝေးဒေါင့်ထဲကို ကွေ့ဝိုက်ပြီး ကန်သွင်းယူသွားတာ၊ ၂၁ မိနဟ်နဲ့ ဦးတောင်ဂိုးရလို့ ကလောပ်ကြီးလဲ ဖြီးလို့ပေါ့ဗျာ 😁

ဟာလန်းကတော့ ပထမပိုင်းတင် အပိုင် ၂ လုံးလောက် ဖြုန်းပစ်လိုက်ပြီး ဂွါဒီယိုလာရဲ့ အဖွဲ့သားတွေကလဲ ကစားတာ အ,ထစ် အ,ထစ်နဲ့ လိုရင်းမရောက်ဘူး ဖြစ်နေသေးတယ်။

မိနစ် ၇၀ ရောက်မှ ဖိုဒန်ကန်တဲ့ဘောလုံး အေဒရီရန်နဲ့ထိပြီး ဂိုးရှေ့မှာ လည်နေတုန်း ရေးဗားပလိတ်က ခေါ်ထားတဲ့ လူသစ်လေး အယ်လ်ဗာရက်ဇ်က ကန်သွင်းယူလိုက်လို့ မန်စီးတီးတို့ ချေပဂိုးရသွားတယ်။ ဒါတောင် ဖြောင့်ဖြောင့်တန်းတန်းမရဘူး၊ အစက လူကျွံနေတယ်ဆိုပြီး မပေးသေးဘူး VAR အကြာကြီး ကြည့်ပြီးမှ ဂွါဒီယိုလာ သက်ပြင်းချနိုင်တော့တယ်။

သိပ်ကြာကြာမခံလိုက်ပါဘူး မိနစ် ၈၀ လောက်မှာ နူနက်ဇ်ရဲ့ အနီးကပ် ခေါင်းတိုက်ချက်ကို စီးတီး နောက်တန်းလူ ဒီးယက်စ် လက်နဲ့ထိတယ်ဆိုပြီး ပယ်နယ်တီ အပေးခံလိုက်ရရှာတယ်။ မိုဆားလား အေးဆေးပဲ ဂိုးသမားရဲ့ ဘယ်ဒေါင့်ကို အနိမ့်ဘောကန်သွင်းပြီး ၂-၁။

တက်ကြွနေတဲ့ နူနက်ဇ် အရှိန်မသတ်သေးဘဲ ပွဲပြီးလို့ နာကျင်အချိန်ပိုမှာ ဂိုးသမားရှေ့လေးကတင်ခေါင်းတိုက်ထပ်သွင်းပြီး ၃-၁ နဲ့ အပြတ်အသတ် အနိုင်သေချာအောင် လုပ်သွားလိုက်သေးတယ်လေ။

ဟာလန်န်ကတော့ ဖိုဒန်ကန်သွင်းတာကို ဂိုးသမားပုတ်ထုတ်လို့ သူ့ရှေ့ကျလာတဲ့ အပိုင်လုံးကိုတောင် ပေါ်ဘားတန်းထိပြီး လျှံထွက်သွားအောင် ကန်ပစ်လိုက်ပြီး သူ့ရဲ့ ပွဲဦးထွက်ကို နှုတ်ဆက်လိုက်ရတော့တယ်။

ပွဲပြီး အင်တာဗျူးမှာ ထရန့်အာနိုးက ဘော်ဒါအသစ်လေး နူးနက်ဇ်ကို ချီးမွမ်းခန်းဖွင့်သွားတယ်။ “သူ့ကြောင့် ပင်နယ်တီလဲ ရတယ်၊ ကိုယ်တိုင်လဲ ဂိုးရှူးသွားသေးတယ်။ တကယ်တော်တယ် အစွမ်းအစရှိတယ်၊ ကျနော်တို့နဲ့လဲ မြန်မြန် အဖွဲ့ကျတယ်” တဲ့

အခုလို ပွဲပြီး သုံးသပ်ချက်လေးတွေ မလွတ်တမ်း ပေါ်လာပြီး ဖတ်လို့ရအောင် ကျနော်တို့ရဲ့ ပရီးမီးယားဟိုက်လိုက် (Premier Highlight) Page လေးကို Like လုပ်ပေးထားဖို့ မမေ့ကြနဲ့ဦးနော် ညီအစ်ကိုတို့ရေ 😊😊

(Zawgyi)

လီဗာပူးရဲ႕ တိုက္စစ္မႉးသစ္ ဒါဝင္ႏူးနက္ဇ္ကေတာ့ ပြဲဦးထြက္မိတ္ဆက္ပြဲမွာတင္ ေနာက္က်ဂိုးသြင္းၿပီး ၃-၁ အႏိုင္ပြဲနဲ႔ ကြန္ျမဴနီတီဒိုင္းယူသြားၿပီ။ သြင္းသြားတာကလဲ ခ်န္ပီယံၿပိဳင္ဘက္ မန္စီးတီးကို။

ဘင္ဖီကာကေန ယူ႐ို ၇၅ သန္းနဲ႔ေခၚထားတဲ့ ဥ႐ုေဂြးသားေလးဟာ အရန္ခုံကေနထလာၿပီး ဝင္ကစားသြားတာ တက္တက္ႂကြႂကြ၊ ေနာက္ဆုံးနာက်င္အခ်ိန္ပိုမွာ ဂိုးလဲသြင္းၿပီးသြားေရာ ႀကိဳးၾကာနီ ပရိတ္သတ္ေတြရဲ႕ အသည္းေက်ာ္တစ္ေယာက္ ခ်က္ခ်င္းျဖစ္သြားေတာ့တာပဲ။

မန္စီးတီးဘက္ကလဲ ေဈးႀကီးေပးေခၚထားတဲ့ ဟာလန္းကို ထည့္သုံးသြားတာပဲ။ ဒါေပမယ့္ ႏူနက္ဇ္နဲ႔ ယွဥ္လိုက္ေတာ့ ဒီပြဲက သူ႔အတြက္ စိတ္ပ်က္စရာ၊ အသင္းေဖာ္ေတြနဲ႔ အခ်ိတ္ဆက္က မမိ၊ အပိုင္လုံးေတြကလဲ လြဲ။

ေတာ္ေသးတယ္ ေနာက္ထပ္လူအသစ္ အယ္လ္ဗာရက္ဇ္က ဒုတိယပိုင္းမွ ဝင္လာၿပီး ဂိုးေပါက္ေတြ႕သြားလို႔ မန္စီးတီးတို႔ ခံသာသြားတာ။

ပြဲရဲ႕အဖြင့္ဂိုးကို လီဗာပူးေနာက္တန္းကစားသမား ထရန႔္ အလကၨ္န္းဒါး အာႏိုးက သြင္းသြားတာ။ သီယာဂိုက ညာျခမ္းက မိုဆားလားဆီ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို အီဂ်စ္နတ္ဘုရားႀကီးက အာႏိုးဆီ ျပန္ခ်ေပးလိုက္တဲ့အခါမွာ အေဝးေဒါင့္ထဲကို ေကြ႕ဝိုက္ၿပီး ကန္သြင္းယူသြားတာ၊ ၂၁ မိနဟ္နဲ႔ ဦးေတာင္ဂိုးရလို႔ ကေလာပ္ႀကီးလဲ ၿဖီးလို႔ေပါ့ဗ်ာ 😁

ဟာလန္းကေတာ့ ပထမပိုင္းတင္ အပိုင္ ၂ လုံးေလာက္ ျဖဳန္းပစ္လိုက္ၿပီး ဂြါဒီယိုလာရဲ႕ အဖြဲ႕သားေတြကလဲ ကစားတာ အ,ထစ္ အ,ထစ္နဲ႔ လိုရင္းမေရာက္ဘူး ျဖစ္ေနေသးတယ္။

မိနစ္ ၇၀ ေရာက္မွ ဖိုဒန္ကန္တဲ့ေဘာလုံး ေအဒရီရန္နဲ႔ထိၿပီး ဂိုးေရွ႕မွာ လည္ေနတုန္း ေရးဗားပလိတ္က ေခၚထားတဲ့ လူသစ္ေလး အယ္လ္ဗာရက္ဇ္က ကန္သြင္းယူလိုက္လို႔ မန္စီးတီးတို႔ ေခ်ပဂိုးရသြားတယ္။ ဒါေတာင္ ေျဖာင့္ေျဖာင့္တန္းတန္းမရဘူး၊ အစက လူကြၽံေနတယ္ဆိုၿပီး မေပးေသးဘူး VAR အၾကာႀကီး ၾကည့္ၿပီးမွ ဂြါဒီယိုလာ သက္ျပင္းခ်ႏိုင္ေတာ့တယ္။

သိပ္ၾကာၾကာမခံလိုက္ပါဘူး မိနစ္ ၈၀ ေလာက္မွာ ႏူနက္ဇ္ရဲ႕ အနီးကပ္ ေခါင္းတိုက္ခ်က္ကို စီးတီး ေနာက္တန္းလူ ဒီးယက္စ္ လက္နဲ႔ထိတယ္ဆိုၿပီး ပယ္နယ္တီ အေပးခံလိုက္ရရွာတယ္။ မိုဆားလား ေအးေဆးပဲ ဂိုးသမားရဲ႕ ဘယ္ေဒါင့္ကို အနိမ့္ေဘာကန္သြင္းၿပီး ၂-၁။

တက္ႂကြေနတဲ့ ႏူနက္ဇ္ အရွိန္မသတ္ေသးဘဲ ပြဲၿပီးလို႔ နာက်င္အခ်ိန္ပိုမွာ ဂိုးသမားေရွ႕ေလးကတင္ေခါင္းတိုက္ထပ္သြင္းၿပီး ၃-၁ နဲ႔ အျပတ္အသတ္ အႏိုင္ေသခ်ာေအာင္ လုပ္သြားလိုက္ေသးတယ္ေလ။

ဟာလန္န္ကေတာ့ ဖိုဒန္ကန္သြင္းတာကို ဂိုးသမားပုတ္ထုတ္လို႔ သူ႔ေရွ႕က်လာတဲ့ အပိုင္လုံးကိုေတာင္ ေပၚဘားတန္းထိၿပီး လွ်ံထြက္သြားေအာင္ ကန္ပစ္လိုက္ၿပီး သူ႔ရဲ႕ ပြဲဦးထြက္ကို ႏႈတ္ဆက္လိုက္ရေတာ့တယ္။

ပြဲၿပီး အင္တာဗ်ဴးမွာ ထရန႔္အာႏိုးက ေဘာ္ဒါအသစ္ေလး ႏူးနက္ဇ္ကို ခ်ီးမြမ္းခန္းဖြင့္သြားတယ္။ “သူ႔ေၾကာင့္ ပင္နယ္တီလဲ ရတယ္၊ ကိုယ္တိုင္လဲ ဂိုးရႉးသြားေသးတယ္။ တကယ္ေတာ္တယ္ အစြမ္းအစရွိတယ္၊ က်ေနာ္တို႔နဲ႔လဲ ျမန္ျမန္ အဖြဲ႕က်တယ္” တဲ့

အခုလို ပြဲၿပီး သုံးသပ္ခ်က္ေလးေတြ မလြတ္တမ္း ေပၚလာၿပီး ဖတ္လို႔ရေအာင္ က်ေနာ္တို႔ရဲ႕ ပရီးမီးယားဟိုက္လိုက္ (Premier Highlight) Page ေလးကို Like လုပ္ေပးထားဖို႔ မေမ့ၾကနဲ႔ဦးေနာ္ ညီအစ္ကိုတို႔ေရ 😊😊

Leave a Reply

Your email address will not be published.