ချန်ပီယံလိဂ် အုပ်စုတွေကို သုံးသပ်ကြည့်ခြင်း
(Unicode) ချန်ပီယံလိဂ် အုပ်စုတွေတော့ မဲခွဲပြီးသွားပြီ၊ ဘောလုံးကျွမ်းကျင်သူတွေ ဘာပြောကြလဲ နားထောင်ကြည့်လိုက်ကြရအောင်

စိတ်လှုပ်ရှားစရာအကောင်းဆုံးက ဘယ်အုပ်စုဖြစ်မလဲ?
Raphael Honigstein: နည်းနည်းထူးဆန်းသလို ဖြစ်နေပေမယ့် Group D လို့ပဲ ပြောချင်ပါတယ်။ ယူရိုပါလိဂ် နည်းနည်းဆန်နေတဲ့ အုပ်စုလို့တောင်ပြောလို့ရပါလိမ့်မယ်။ ကွန်တီကလဲ ချန်ပီယံလိဂ်ဆို ရုန်းကန်နေရတာဆိုတော့ ဒီအုပ်စုမှာ အကြိုက်ဆုံးအသင်း၊ ချွန်ထွက်နေတဲ့ အသင်းရယ်လို့ မရှိဘူး။ ဘောလုံးမြို့တော် ၄ ခုက သမိုင်းရှိတဲ့ကွင်း ၄ ကွင်းမှာ ကန်ကြရမှာဆိုတော့ အဆုံးထိ ကြည့်ကောင်းမှာပါ။
Dermot Corrigan: Group D မှာပါတဲ့အသင်းတွေက ခြေညီတဲ့အသင်းတွေချည်းဆိုတော့ ကြည့်ကောင်းမယ့်အုပ်စုပါ။ Group of Death သေမင်းတမန်အုပ်စုကတော့ Group C ပဲပေါ့။ ဒါပေမယ့် Group A ကပွဲတွေကတော့အမှတ်ရစရာ အဖြစ်ကလေးတွေ ပြောစမှတ်ဖြစ်စရာလေးတွေ ပေးနိုင်လိမ့်မယ် ထင်နေမိတယ်။
Jack Pitt-Brooke: ထိပ်တန်းအရည်အချင်းတွေ Group A, C နဲ့ H တွေမှာ တွေ့ရလိမ့်မယ်။ ဒါပေမယ့် Group C ကအကောင်းဆုံးဖြစ်လိမ့်မယ်။ ဘာကာတို့ နွေအပြောင်းအရွှေ့ပိတ်အပြီးမှာ ပိုကောင်းတဲ့ အသင်းဖြစ်လာအောင် လုပ်နိုင်မလားပဲ စောင့်ကြည့်ရလိမ့်မယ်၊ မဟုတ်လို့ကတော့ သူတို့ ယူရိုပါလိဂ်မှာ ၂ နှစ်ဆက်အနေနဲ့ ဆင်းကန်ရလိမ့်မယ်။
James Horncastle: Group H ကတော့ Angel Di Maria အတွက် သူကစားခဲ့တဲ့ အသင်းတွေဆီ အမှတ်တရခရီးပြန်ပို့ပေးတဲ့ အုပ်စုကျနေတာပဲ။ ဘင်ဖီကာ၊ PSG နဲ့ အခု ဂျူဗီ။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကဘောလုံးနောက်က အကြောင်းအရာပါပဲ။ ဂျူဗီ ဥက္ကဌကြီးက စူပါလိဂ်ထောင်ဖို့ဆိုပြီး ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဌနေရာက ဆင်းလာခဲ့တဲ့သူ၊ သူ့နေရာကို ဝင်ယူလိုက်တာက PSG ဥက္ကဌ။ ဂျူဗီရဲ့ တုရင်ကွင်းမှာ ပြန်ဆုံကြမယ့်သူတို့ ၂ ယောက်ရဲ့ အနေအထားကလဲ စိတ်ဝင်စားစရာကောင်းနေတယ်။
ဘယ်အသင်းကြီးတွေ ရုန်းကန်ရမယ်ထင်လဲ?
Honigstein: မနှစ်က ကျနော် ဘာကာကို ရွေးခဲ့တယ်။ ဒီနှစ်လဲ ဘာကာပဲ။ ဇာဗီရဲ့ ပြောင်းလဲမှုလုပ်နေတာတွေကိုသိပ်မယုံကြည်သေးဘူး၊ ပြီးတော့ ဘိုင်ယန် နဲ့ အင်တာ ဆိုတာတွေကလဲ ညှာနေမယ့် အသင်းတွေ မဟုတ်ဘူး။ ထင်တာမှန်းပြောရရင် ချယ်ဆီးတို့လဲ ခက်ခဲလိမ့်ဦးမယ်၊ အဓိက ကစားသမားတွေ ရောက်မလာသေးတာကြောင့်မို့လဲသူတို့ကိုကြည့်ရတာ မပြည့်စုံတဲ့ အသင်းလို ခံစားရတယ်။
Pitt-Brooke: ဘာကာပေါ့။ ပြီးတော့ မနှစ်က ဗိုလ်လုခဲ့ကြတဲ့ ရီးရဲလ် နဲ့ လီဗာပူးတို့လဲ ဒီနှစ်တော့ မနှစ်ကလိုနေရာထိရောက်အောင် မသွားနိုင်လောက်တော့ဘူး ထင်နေမိတယ်။ ဒါပေမယ့်လဲ မထင်မှတ်တာတွေလဲ ဖြစ်သွားနိုင်ပါတယ်လေ။

Horncastle: အုပ်စုအဆင့်ကျော်ဖို့ဆိုတာ ဂျူဗီတို့အတွက် မခက်ခဲခဲ့ဖူးပါဘူး။ ဒါပေမယ့် ချီလီနီ နဲ့ ဒီလစ် ထွက်သွားတဲ့ နောက်တန်းက မက်ဆီ နေမာ ဘာပေးတို့နဲ့ ရင်ဆိုင်ရမှာ မလွယ်လောက်ဘူး။ ပေါ့ဘာ နဲ့ ချီယေဆာကလဲဒဏ်ရာတွေနဲ့ အဆင်သင့် မဖြစ်သေး၊ ဗလာဟိုဗစ်ကလဲ ရှေ့မှာတစ်ယောက်တည်း။ ပြီးနော့ Roger Schmidt အောက်က ဘင်ဖီကာဆိုတာကလဲ ဂျူဗီကြောက်တဲ့ စူပါဖိအားပေးတဲ့ပုံစံနဲ့ ကစားတာဆိုတော့ စိုးရိမ်စရာပါပဲ။ အီတလီအသင်းတွေအကြောင်း ဆက်ပြောရရင် အင်တာမီလန်ရဲ့ အုပ်စုကလဲ ကြောက်စရာပါပဲ။
Corrigan: မနှစ်က ဘာကာတို့ အုပ်စုမကျော်နိုင်ခဲ့ကြဘူး။ ဒီနှစ် သူတို့အုပ်စုက ပိုကြပ်တော့ တကယ့်စိန်ခေါ်မှုဖြစ်မှာပါပဲ။ အက်သလက်တီကိုလဲ မချောင်ဘူး။ ပေါ်တိုတို့ လေဗာကူဆင်တို့နဲ့ ခုနောက်ပိုင်းဆုံတိုင်း ရုန်းကန်ခဲ့ကြရတာ။
တစ်ပွဲပဲ ကြည့်ရမယ်ဆို ဘယ်ပွဲကြည့်မလဲ?
Honigstein: ဒေါ့မွန် နဲ့ ဆီဗီလာ ပွဲ။ ဆဲလ်တစ် နဲ့ ရီးယဲလ်ပွဲလဲ သူတို့ အိမ်ကွင်းကြီးမှာ ကြည့်လို့ကောင်းလောက်တယ်။
Pitt-Brooke: Rangers ရဲ့ ပထမဆုံး အိမ်ကွင်းပွဲ။
Horncastle: ဘိုင်ယန် နဲ့ ဘာကာပွဲပေါ့။ လီဝန်ဒေါစကီး အိမ်အပြန်ပွဲ။ Nagelsmann လက်ထက် ပိုကောင်းလာတဲ့ဘိုင်ယန်က ဈေးကြီးပေး တည်ဆောက်နေတဲ့ ဘာကာထက် ပိုစိတ်လှုပ်ရှားစရာကောင်းနေတယ်လေ။

Corrigan: Celtic နဲ့ ရီးယဲလ် ပွဲပဲ။ ၁၉၈၀-၈၁ တုန်းက ဆဲလ်တစ်ကွင်းမှာ ၂-၀ နဲ့ရှုံးပြီး ဘာနေဗျူးကျမှ ၀-၃ နဲ့ပြန်လာခဲ့ဖူးတဲ့ သမိုင်းကြောင်းလဲ ရှိတယ်လေ။
၁၆ သင်းအဆင့်ကို ဘယ်သူတွေ တက်မလဲ?
Hoencastle:
Liverpool, Napoli
Porto, Athletico
Bayern, Inter
Tottenham, Eintracht
Milan, Chelsea
Real Madrid, Leipzig
Manchester City, Sevilla
PSG, Juve
Liverpool, Napoli
Pitt-Brooke:
Athletico, Porto
Bayern, Inter
Tottenham, Sporting
Chelsea, Milan
Real Madrid, Celtic
Manchester City, Sevilla
PSG, Juve
Corrigan:
Napoli, Liverpool
Porto, Athletico
Bayern, Barca
Tottenham, Sporting
Milan, Chelsea
Real Madrid, Shakhtar
Manchester City, Dortmund
PSG, Juve
Honigstein:
Liverpool, Ajax
Leverkusen, Athletico
Bayern, Inter
Tottenham, Frankfurt
Milan, Chelsea
Real Madrid, Leipzig
Manchester City, Sevilla
PSG, Juve

(Zawgyi) ခ်န္ပီယံလိဂ္ အုပ္စုေတြေတာ့ မဲခြဲၿပီးသြားၿပီ၊ ေဘာလုံးကြၽမ္းက်င္သူေတြ ဘာေျပာၾကလဲ နားေထာင္ၾကည့္လိုက္ၾကရေအာင္

စိတ္လႈပ္ရွားစရာအေကာင္းဆုံးက ဘယ္အုပ္စုျဖစ္မလဲ?
Raphael Honigstein: နည္းနည္းထူးဆန္းသလို ျဖစ္ေနေပမယ့္ Group D လို႔ပဲ ေျပာခ်င္ပါတယ္။ ယူ႐ိုပါလိဂ္ နည္းနည္းဆန္ေနတဲ့ အုပ္စုလို႔ေတာင္ေျပာလို႔ရပါလိမ့္မယ္။ ကြန္တီကလဲ ခ်န္ပီယံလိဂ္ဆို ႐ုန္းကန္ေနရတာဆိုေတာ့ ဒီအုပ္စုမွာ အႀကိဳက္ဆုံးအသင္း၊ ခြၽန္ထြက္ေနတဲ့ အသင္းရယ္လို႔ မရွိဘူး။ ေဘာလုံးၿမိဳ႕ေတာ္ ၄ ခုက သမိုင္းရွိတဲ့ ကြင္း ၄ ကြင္းမွာ ကန္ၾကရမွာဆိုေတာ့ အဆုံးထိ ၾကည့္ေကာင္းမွာပါ။
Dermot Corrigan: Group D မွာပါတဲ့အသင္းေတြက ေျခညီတဲ့အသင္းေတြခ်ည္းဆိုေတာ့ ၾကည့္ေကာင္းမယ့္ အုပ္စုပါ။ Group of Death ေသမင္းတမန္အုပ္စုကေတာ့ Group C ပဲေပါ့။ ဒါေပမယ့္ Group A ကပြဲေတြကေတာ့ အမွတ္ရစရာ အျဖစ္ကေလးေတြ ေျပာစမွတ္ျဖစ္စရာေလးေတြ ေပးႏိုင္လိမ့္မယ္ ထင္ေနမိတယ္။
Jack Pitt-Brooke: ထိပ္တန္းအရည္အခ်င္းေတြ Group A, C နဲ႔ H ေတြမွာ ေတြ႕ရလိမ့္မယ္။ ဒါေပမယ့္ Group C က အေကာင္းဆုံးျဖစ္လိမ့္မယ္။ ဘာကာတို႔ ေႏြအေျပာင္းအေ႐ႊ႕ပိတ္အၿပီးမွာ ပိုေကာင္းတဲ့ အသင္းျဖစ္လာေအာင္ လုပ္ႏိုင္မလားပဲ ေစာင့္ၾကည့္ရလိမ့္မယ္၊ မဟုတ္လို႔ကေတာ့ သူတို႔ ယူ႐ိုပါလိဂ္မွာ ၂ ႏွစ္ဆက္အေနနဲ႔ ဆင္းကန္ရလိမ့္မယ္။
James Horncastle: Group H ကေတာ့ Angel Di Maria အတြက္ သူကစားခဲ့တဲ့ အသင္းေတြဆီ အမွတ္တရခရီး ျပန္ပို႔ေပးတဲ့ အုပ္စုက်ေနတာပဲ။ ဘင္ဖီကာ၊ PSG နဲ႔ အခု ဂ်ဴဗီ။ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတာက ေဘာလုံးေနာက္က အေၾကာင္းအရာပါပဲ။ ဂ်ဴဗီ ဥကၠဌႀကီးက စူပါလိဂ္ေထာင္ဖို႔ဆိုၿပီး ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌေနရာက ဆင္းလာခဲ့တဲ့သူ၊ သူ႔ေနရာကို ဝင္ယူလိုက္တာက PSG ဥကၠဌ။ ဂ်ဴဗီရဲ႕ တုရင္ကြင္းမွာ ျပန္ဆုံၾကမယ့္ သူတို႔ ၂ ေယာက္ရဲ႕ အေနအထားကလဲ စိတ္ဝင္စားစရာေကာင္းေနတယ္။
ဘယ္အသင္းႀကီးေတြ ႐ုန္းကန္ရမယ္ထင္လဲ?
Honigstein: မႏွစ္က က်ေနာ္ ဘာကာကို ေ႐ြးခဲ့တယ္။ ဒီႏွစ္လဲ ဘာကာပဲ။ ဇာဗီရဲ႕ ေျပာင္းလဲမႈလုပ္ေနတာေတြကို သိပ္မယုံၾကည္ေသးဘူး၊ ၿပီးေတာ့ ဘိုင္ယန္ နဲ႔ အင္တာ ဆိုတာေတြကလဲ ညႇာေနမယ့္ အသင္းေတြ မဟုတ္ဘူး။ ထင္တာမွန္းေျပာရရင္ ခ်ယ္ဆီးတို႔လဲ ခက္ခဲလိမ့္ဦးမယ္၊ အဓိက ကစားသမားေတြ ေရာက္မလာေသးတာေၾကာင့္မို႔လဲ သူတို႔ကိုၾကည့္ရတာ မျပည့္စုံတဲ့ အသင္းလို ခံစားရတယ္။
Pitt-Brooke: ဘာကာေပါ့။ ၿပီးေတာ့ မႏွစ္က ဗိုလ္လုခဲ့ၾကတဲ့ ရီးရဲလ္ နဲ႔ လီဗာပူးတို႔လဲ ဒီႏွစ္ေတာ့ မႏွစ္ကလိုေနရာထိေရာက္ေအာင္ မသြားႏိုင္ေလာက္ေတာ့ဘူး ထင္ေနမိတယ္။ ဒါေပမယ့္လဲ မထင္မွတ္တာေတြလဲ ျဖစ္သြားႏိုင္ပါတယ္ေလ။

Horncastle: အုပ္စုအဆင့္ေက်ာ္ဖို႔ဆိုတာ ဂ်ဴဗီတို႔အတြက္ မခက္ခဲခဲ့ဖူးပါဘူး။ ဒါေပမယ့္ ခ်ီလီနီ နဲ႔ ဒီလစ္ ထြက္သြားတဲ့ ေနာက္တန္းက မက္ဆီ ေနမာ ဘာေပးတို႔နဲ႔ ရင္ဆိုင္ရမွာ မလြယ္ေလာက္ဘူး။ ေပါ့ဘာ နဲ႔ ခ်ီေယဆာကလဲ ဒဏ္ရာေတြနဲ႔ အဆင္သင့္ မျဖစ္ေသး၊ ဗလာဟိုဗစ္ကလဲ ေရွ႕မွာတစ္ေယာက္တည္း။ ၿပီးေနာ့ Roger Schmidt ေအာက္က ဘင္ဖီကာဆိုတာကလဲ ဂ်ဴဗီေၾကာက္တဲ့ စူပါဖိအားေပးတဲ့ပုံစံနဲ႔ ကစားတာဆိုေတာ့ စိုးရိမ္စရာပါပဲ။ အီတလီအသင္းေတြအေၾကာင္း ဆက္ေျပာရရင္ အင္တာမီလန္ရဲ႕ အုပ္စုကလဲ ေၾကာက္စရာပါပဲ။
Corrigan: မႏွစ္က ဘာကာတို႔ အုပ္စုမေက်ာ္ႏိုင္ခဲ့ၾကဘူး။ ဒီႏွစ္ သူတို႔အုပ္စုက ပိုၾကပ္ေတာ့ တကယ့္စိန္ေခၚမႈျဖစ္မွာပါပဲ။ အက္သလက္တီကိုလဲ မေခ်ာင္ဘူး။ ေပၚတိုတို႔ ေလဗာကူဆင္တို႔နဲ႔ ခုေနာက္ပိုင္းဆုံတိုင္း ႐ုန္းကန္ခဲ့ၾကရတာ။
တစ္ပြဲပဲ ၾကည့္ရမယ္ဆို ဘယ္ပြဲၾကည့္မလဲ?
Honigstein: ေဒါ့မြန္ နဲ႔ ဆီဗီလာ ပြဲ။ ဆဲလ္တစ္ နဲ႔ ရီးယဲလ္ပြဲလဲ သူတို႔ အိမ္ကြင္းႀကီးမွာ ၾကည့္လို႔ေကာင္းေလာက္တယ္။
Pitt-Brooke: Rangers ရဲ႕ ပထမဆုံး အိမ္ကြင္းပြဲ။
Horncastle: ဘိုင္ယန္ နဲ႔ ဘာကာပြဲေပါ့။ လီဝန္ေဒါစကီး အိမ္အျပန္ပြဲ။ Nagelsmann လက္ထက္ ပိုေကာင္းလာတဲ့ ဘိုင္ယန္က ေဈးႀကီးေပး တည္ေဆာက္ေနတဲ့ ဘာကာထက္ ပိုစိတ္လႈပ္ရွားစရာေကာင္းေနတယ္ေလ။

Corrigan: Celtic နဲ႔ ရီးယဲလ္ ပြဲပဲ။ ၁၉၈၀-၈၁ တုန္းက ဆဲလ္တစ္ကြင္းမွာ ၂-၀ နဲ႔ရႈံးၿပီး ဘာေနဗ်ဴးက်မွ ၀-၃ နဲ႔ ျပန္လာခဲ့ဖူးတဲ့ သမိုင္းေၾကာင္းလဲ ရွိတယ္ေလ။
၁၆ သင္းအဆင့္ကို ဘယ္သူေတြ တက္မလဲ?
Hoencastle:
Liverpool, Napoli
Porto, Athletico
Bayern, Inter
Tottenham, Eintracht
Milan, Chelsea
Real Madrid, Leipzig
Manchester City, Sevilla
PSG, Juve
Pitt-Brooke:
Liverpool, Napoli
Athletico, Porto
Bayern, Inter
Tottenham, Sporting
Chelsea, Milan
Real Madrid, Celtic
Manchester City, Sevilla
PSG, Juve
Corrigan:
Napoli, Liverpool
Porto, Athletico
Bayern, Barca
Tottenham, Sporting
Milan, Chelsea
Real Madrid, Shakhtar
Manchester City, Dortmund
PSG, Juve
Honigstein:
Liverpool, Ajax
Leverkusen, Athletico
Bayern, Inter
Tottenham, Frankfurt
Milan, Chelsea
Real Madrid, Leipzig
Manchester City, Sevilla
PSG, Juve
