Crystal Palace Vs Arsenal ပွဲကြိုခန့်မှန်းချက်

(Unicode) ဒီနှစ် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ပထမဦးဆုံးပွဲ ပဲလေ့စ် နဲ့ အာကြီး ပွဲကို ခန့်မှန်းကြည့်ရအောင် ညီအစ်ကိုတို့

တွေ့ဆုံမှုသမိုင်းအရ ၁ ပွဲစီနိုင် ၃ ပွဲသရေ နဲ့ ဒီ ၂ သင်းက လယ်ဗယ်တူလောက်ပဲ။ ပြီးခဲ့တဲ့နှစ် ဗီအဲယား ရောက်လာပြီးမှ ပဲလေ့စ်က အသင်းကြီးတွေဆို ခံကစားပြီး လွယ်လွယ်အလျှော့မပေးတာ တွေ့ရတယ်။ အဆင်နယ်မှာလဲ စမစ်ရိုး၊ တိုမီယာစု၊ တီယာနေးတို့လို အဓိကလူတွေ နာနေတာနဲ့ တွက်လိုက်ရင် သရေကျရင် ၇၅ပြားစားရမယ့် အိမ်ရှင် ပဲလေ့စ်တွေဘက်က အခြေအနေ မဆိုးလောက်ဘူး။

ဂျေးဆုတို့ ဇာဟာတို့လို ရှေ့တန်းကစားသမားကောင်းတွေနဲ့မို့ ဒီပွဲဟာ ဂိုးများလိမ့်မယ်လို့လဲ ထင်မိတယ်။ ၃ ဂိုးနဲ့အထက်ပေါ့။

Bro တို့ရော ဘယ်လိုမြင်လဲ အထင်အမြင်လေးတွေ ပြောပြခဲ့ကြပါဦး။

Read more...  နူးနက်ဇ် + ဆားလား = လီဗာပူးရဲ့ ကြောက်စရာ ရှေ့တန်း ကစားပုံအသစ်