ဟာလန်း 2.0 (ပြောင်းလဲတိုးတက်လာတော့မယ့် ဟာလန်းရဲ့ ကစားဟန်)

(Unicode) အဖွင့်ပွဲကနေစပြီးတော့ ဟာလန်းကတော့ ရှေ့ဆက် ဘာတွေ ဆက်တွေ့ကြရမလဲဆိုတာ ပြလိုက်ပါပြီဗျာ။

ဟာလန်း 2.0 (ပြောင်းလဲတိုးတက်လာတော့မယ့် ဟာလန်းရဲ့ ကစားဟန်)

ဂိုးက ၂ ဂိုး။ လျှပ်ပျက်သလို အမြန်နှုန်း၊ စမတ်ကျတဲ့ လှုပ်ရှားမှုတွေ၊ (သူကိုယ်တိုင်ပြောခဲ့သလို) ဘယ်တော့မှ လူမကျွံတဲ့ မွေးရာပါ ကျွမ်းကျင်မှု၊ သွေးအေးအေး အဆုံးသတ် စွမ်းရည်။

သူက ထူးချွန်တဲ့သူဆိုတာ ကျနော်တို့ အားလုံး သိပြီးသားမို့ပြောစရာ မလိုပါဘူး၊ ဒါပေမယ့် မန်စီးတီးမှာ ဘယ်အချိန် သက်သေပြမလဲ ဆိုတာကိုပဲ စောင့်ကြည့်နေခဲ့ဖို့ပါ။

တခြားကစားဖော်တွေက သူ့ကို အခွင့်အရေးတွေ ဖန်တီးပေးနိုင်ပါ့မလား? သူ့ရဲ့ ဒါရိုက်ဂိုးသွင်းချင်တဲ့ စတိုင်က စိတ်ရှည်ရှည်ကစားတတ်တဲ့ အသင်းသားဆွေနဲ့ အစေးကပ်ပါ့မလား?

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ လူတိုင်းသိပြီးသားဖြစ်တဲ့ သူ့လုပ်နိုင်တဲ့အရာတွေကို ဆက်လုပ်နိုင်ပါ့မလားဆိုတာမဟုတ်ဘဲ သူသိပ်မကျွမ်းတာတွေကို အသင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပြီး ကစားနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းမျိုး ဖြစ်ပါလိမ့်မယ်ဗျာ

ဂွါဒီယိုလာကတော့ “သူက ၅ နှစ်စာချုပ်နဲ့ ရောက်လာတာ၊ ကျနော်တို့ကသူ့ကို ပျော်ပျော်ရွှင်ရွှင်ကစားစေချင်တယ်။ သူက ဂိုးတွေသွင်းဖို့ကတော့ တကယ့်ကို ပါရမီပါတဲ့ကောင်လေးပါ။ ဒါပေမယ့် ကျနော်တို့က သူ့ကို ပိုကောင်းတဲ့ ကစားသမားဖြစ်အောင် ထပ်ဖြည့်ပေးချင်သေးတယ်။ ဂိုးတွေချည်း သွင်းနေတဲ့သူမျိုး အဖြစ်နဲ့တင် ရပ်မနေဘဲ ပိုကောင်ူတဲ့ ကစားသမားဖြစ်အောင် ကျနော်တို့ တတ်နိုင်သမျှ ဖြည့်ဆည်းပံ့ပိုးပေးမှာပါ။” လို့ပြောသွားတယ်လေ

နမူနာ တစ်ခုကတော့ အသင်းနဲ့ ချိတ်ဆက်ပြီး ကစားတဲ့ link-up pkay နေမှာပါ။ မန်စီးတီးက သတင်းပေးတွေ ပြောပုံအရလဲ ဂွါဒီယိုလာက ဟာလန်းနဲ့ကိုက်အောင် အသင်းရဲ့ ကစားဟန်ကို အများကြီးပြောင်းပစ်မှာ မဟုတ်ဘူးလို့ ပြောကြပါတယ်။ အဲဒီတော့ ဟာလန်းကိုယ်တိုင်ကပဲ နောက်ထိ ဆင်းကစားပြီး ချိတ်ဆက်ဖို့ သူ့စတိုင်ကို နည်းနည်းပြင်ရမယ့် သဘောပါပဲ။

ဝက်စ်ဟမ်းနဲ့ အဖွင့်ပွဲမှာ ကစားသွားပုံကို ကြည့်ရင်တော့ သူ့ရဲ့ အားအနည်းဆုံးလို့ပြောရမယ့် အဲဒီ link up play ကို ကစားသွားတာ ကျေနပ်သရာထိ တိုးတက်လာတာတွေ့ရပါတယ်။

မနစ် ၆၀ အကျော်လောက်မှာ။ ဟာလန်းက ကွင်းလယ်နားထိ ဆင်းလာပြီး ရိုဒရီဆီက ဘောလုံးကို ယူတယ်၊ ပြီးရင် Walker ဆီ တဆင့်ပို့ပေးလိုက်ပြီး ချက်ချင်းပဲ ဝက်စ်ဟမိးနော်တန်းတွေကိုကျော်ပြီး ပြေးသွားလိုက်တယ်။

အဲဒီကနေ မန်စီးတီးတသင်းလုံး ချောင်းနေတဲ့ တောင်ပံလူတွေဆီ ဘောလုံးရောက်ပို့နိုင်ဖို့ အခွင့်အရေး အပိုင်ရသွားတယ်၊ ညာဖြမ်းက ဖိုဒန်ဆီကိုပေါ့၊ အဲဒီအချိန်မှာ ဟာလန်း အာရုံနဲ့ ပုံပျက်နေတဲ့ ဝက်စ်ဟမ်းနောက်တန်းတွေကြောင့် ဒီဘရိုင်းရှေ့က ညာခြမ်းတခုလုံးက နေရာလွတ်ကြီးဖြစ်နေပြီ၊

ဒီဘရိုင်းဆီကနေ အနိမ့်ဘောနဲ့ ရှေ့ပြန်ရောက်နေပြီဖြစ်တဲ့ ဟာလန်းဆီလှမ်းပေးလိုက်ပေမယ့် ကံဆိုးပြီး လွဲသွားခဲ့ရတယ်၊ ဒါတောင် ကပ်ပါလာတဲ့ ဂွန်ဒိုဂန် ကောက်စားလို့ ရဦးမလို့ နည်းနည်းလေးပဲလိုသွားလို့သာပဲ။

ဂိုးမဝင်ပေမယ့် ဒီအခိုက်အတန့်လေးက ဟာလန်းတစ်ယောက် ဘာတွေ လုပ်ရမလဲဆိုတာ ပြနေတာပါပဲ၊ ကွင်းလယ်နားထိဆင်းပြီး ချိတ် ဘောလုံးယူ၊ မျက်စိရှင်ရှင်ထားပြီး ရှေ့ပြန်တက်၊အဆုံးသတ်ဂိုးသွင်းဖို့ အခွင့်အရေးရှာ အသင့်ဖြစ်နေဖို့ပဲ ဖြစ်ပါလိမ့်မယ်။

နောက်သိပ်မကြာပါဘူး ဒါမျိုးတခါ ထပ်ကြိုးစားပြန်ပါတယ်။ ဒီတခါတော့ ကွင်းလယ်စက်ဝိုင်းကိုကျော်အောင် ဆင်းလာပြီး Nathan Ake ဆီက ဘောလုံးကို ဆင်းယူလိုက်တယ်၊ ပြီးရင် ရိုဒရီကို ရှာပြီး ဘောလုံးပေူ၊ ချက်ချင်းပဲ ရှေ့မှာ နေရာပြန်ပြေးယူတယ်။

ဒီတခါနော့ ဂိုးသွင်းဖို့ အခွင့်အရေး chance မဖြစ်လိုက်ဖူး၊ ဒါပေမယ့် ဟာလန်းတစ်ယောက် သူကိယ်သူ တိုးတက်ဖို့ ဘာတွေ ကြိုးစားပြောင်းလဲနေသလဲ မြင်ခဲ့ကြရပါတယ်။

နောက်ထပ် တစ်ခုက အရင်လို ဂိုးသွင်းဖို့တင်မဟုတ်တော့ဘဲ ​ဘောလုံးပေးဖို့ပါ ပိုကြိုးစားလာတာ မြင်ခဲ့ရပါသေးတယ်။ တပွဲလုံးမှာ ၂၃ ခါ ဘောလုံးပေးကစားခဲ့တယ် (နည်းတော့ နည်းနေသေးတာပေါ့) ဒါပေမယ့် ၉၁% ရောက်အောငိပေးနိုင်ခဲ့တယ်ဆိုတော့ မဆိုးဘူးလို့ပြောရမှာပေါ့လေ။ဒီလိုနဲ့ သူ့ရဲ့ မွေးရာပါ ပါရမီအပေါ်မှာ တခြားလိုအပ်နေတဲ့ စကေးတွေ ပေါင်းထည့်ရင်း ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်လာပြီး ပရီးမီးယားလိဂ်မှာ အံဝင်လာမယ့်ပုံပါ။

ဂွါဒီယိုလာပြောတဲ့ ခန့်မှန်းချက်နဲ့ အဆုံးသတ်လိုက်ကြရအောင်။ “အခု ကျနော်တို့မှာ လက်နက်အသစ်ရပြီ။ သူ့ကို ကွင်းထဲ ဘယ်၊ညာ၊ ရှေ့ နေရာစုံမှာ ပိုတွေ့နိုင်တော့မယ်၊ တဖက်အသင်းက နောက်တန်းတွေ ရှေ့တက်လာပြီး high defence လုပ်ရင် ကျနော့် အသင်းသားတွေ သူ့ကိုရှာပြီး အဲဒီ့နောက်တန်းတွေနောက်က နေရာလွတ် အကျယ်ကြီးတွေကို ကောင်းကောင်း အသုံးချနိုင်တော့မှာပါ။ အဲဒီလို နေရာလွတ်အကျယ်ကြီးတွေရယ် ဒီဘရိုင်းရယ် ဟာလန်းရယ်ဆိုရင် သူတို့ကိုတားနိုင်မယ့်သူ မရှိသလောက်ပါပဲ”

Read more...  ဒီတစ်ပါတ် ပရီးမီးယားလိဂ်ပွဲများအတွက် ပွဲကြိုခန့်မှန်းချက်များ

အခုလို စိတ်ဝင်စားစရာ သုံးသပ်ချက်လေးတွေကို ကျနော်တို့ Premier Highlight page မှာ မပြတ်တမ်း ကြိုးစားတင်ဆက်ပေးပါမယ်။ အားပေးကြတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ


(Zawgyi)

အဖြင့္ပြဲကေနစၿပီးေတာ့ ဟာလန္းကေတာ့ ေရွ႕ဆက္ ဘာေတြ ဆက္ေတြ႕ၾကရမလဲဆိုတာ ျပလိုက္ပါၿပီဗ်ာ။

ဟာလန္း 2.0 (ေျပာင္းလဲတိုးတက္လာေတာ့မယ့္ ဟာလန္းရဲ႕ ကစားဟန္)
ဂိုးက ၂ ဂိုး။ လွ်ပ္ပ်က္သလို အျမန္ႏႈန္း၊ စမတ္က်တဲ့ လႈပ္ရွားမႈေတြ၊ (သူကိုယ္တိုင္ေျပာခဲ့သလို) ဘယ္ေတာ့မွ လူမကြၽံတဲ့ ေမြးရာပါ ကြၽမ္းက်င္မႈ၊ ေသြးေအးေအး အဆုံးသတ္ စြမ္းရည္။

သူက ထူးခြၽန္တဲ့သူဆိုတာ က်ေနာ္တို႔ အားလုံး သိၿပီးသားမို႔ေျပာစရာ မလိုပါဘူး၊ ဒါေပမယ့္ မန္စီးတီးမွာ ဘယ္အခ်ိန္ သက္ေသျပမလဲ ဆိုတာကိုပဲ ေစာင့္ၾကည့္ေနခဲ့ဖို႔ပါ။

တျခားကစားေဖာ္ေတြက သူ႔ကို အခြင့္အေရးေတြ ဖန္တီးေပးႏိုင္ပါ့မလား? သူ႔ရဲ႕ ဒါ႐ိုက္ဂိုးသြင္းခ်င္တဲ့ စတိုင္က စိတ္ရွည္ရွည္ကစားတတ္တဲ့ အသင္းသားေဆြနဲ႔ အေစးကပ္ပါ့မလား?

စိတ္ဝင္စားစရာ အေကာင္းဆုံးကေတာ့ လူတိုင္းသိၿပီးသားျဖစ္တဲ့ သူ႔လုပ္ႏိုင္တဲ့အရာေတြကို ဆက္လုပ္ႏိုင္ပါ့မလားဆိုတာမဟုတ္ဘဲ သူသိပ္မကြၽမ္းတာေတြကို အသင္းနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေျပာင္းလဲၿပီး ကစားႏိုင္ပါ့မလား ဆိုတဲ့ ေမးခြန္းမ်ိဳး ျဖစ္ပါလိမ့္မယ္ဗ်ာ

ဂြါဒီယိုလာကေတာ့ “သူက ၅ ႏွစ္စာခ်ဳပ္နဲ႔ ေရာက္လာတာ၊ က်ေနာ္တို႔ကသူ႔ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ကစားေစခ်င္တယ္။ သူက ဂိုးေတြသြင္းဖို႔ကေတာ့ တကယ့္ကို ပါရမီပါတဲ့ေကာင္ေလးပါ။ ဒါေပမယ့္ က်ေနာ္တို႔က သူ႔ကို ပိုေကာင္းတဲ့ ကစားသမားျဖစ္ေအာင္ ထပ္ျဖည့္ေပးခ်င္ေသးတယ္။ ဂိုးေတြခ်ည္း သြင္းေနတဲ့သူမ်ိဳး အျဖစ္နဲ႔တင္ ရပ္မေနဘဲ ပိုေကာင္ူတဲ့ ကစားသမားျဖစ္ေအာင္ က်ေနာ္တို႔ တတ္ႏိုင္သမွ် ျဖည့္ဆည္းပံ့ပိုးေပးမွာပါ။” လို႔ေျပာသြားတယ္ေလ

နမူနာ တစ္ခုကေတာ့ အသင္းနဲ႔ ခ်ိတ္ဆက္ၿပီး ကစားတဲ့ link-up pkay ေနမွာပါ။ မန္စီးတီးက သတင္းေပးေတြ ေျပာပုံအရလဲ ဂြါဒီယိုလာက ဟာလန္းနဲ႔ကိုက္ေအာင္ အသင္းရဲ႕ ကစားဟန္ကို အမ်ားႀကီးေျပာင္းပစ္မွာ မဟုတ္ဘူးလို႔ ေျပာၾကပါတယ္။ အဲဒီေတာ့ ဟာလန္းကိုယ္တိုင္ကပဲ ေနာက္ထိ ဆင္းကစားၿပီး ခ်ိတ္ဆက္ဖို႔ သူ႔စတိုင္ကို နည္းနည္းျပင္ရမယ့္ သေဘာပါပဲ။

ဝက္စ္ဟမ္းနဲ႔ အဖြင့္ပြဲမွာ ကစားသြားပုံကို ၾကည့္ရင္ေတာ့ သူ႔ရဲ႕ အားအနည္းဆုံးလို႔ေျပာရမယ့္ အဲဒီ link up play ကို ကစားသြားတာ ေက်နပ္သရာထိ တိုးတက္လာတာေတြ႕ရပါတယ္။

မနစ္ ၆၀ အေက်ာ္ေလာက္မွာ။ ဟာလန္းက ကြင္းလယ္နားထိ ဆင္းလာၿပီး ႐ိုဒရီဆီက ေဘာလုံးကို ယူတယ္၊ ၿပီးရင္ Walker ဆီ တဆင့္ပို႔ေပးလိုက္ၿပီး ခ်က္ခ်င္းပဲ ဝက္စ္ဟမိးေနာ္တန္းေတြကိုေက်ာ္ၿပီး ေျပးသြားလိုက္တယ္။

အဲဒီကေန မန္စီးတီးတသင္းလုံး ေခ်ာင္းေနတဲ့ ေတာင္ပံလူေတြဆီ ေဘာလုံးေရာက္ပို႔ႏိုင္ဖို႔ အခြင့္အေရး အပိုင္ရသြားတယ္၊ ညာျဖမ္းက ဖိုဒန္ဆီကိုေပါ့၊ အဲဒီအခ်ိန္မွာ ဟာလန္း အာ႐ုံနဲ႔ ပုံပ်က္ေနတဲ့ ဝက္စ္ဟမ္းေနာက္တန္းေတြေၾကာင့္ ဒီဘ႐ိုင္းေရွ႕က ညာျခမ္းတခုလုံးက ေနရာလြတ္ႀကီးျဖစ္ေနၿပီ၊

ဒီဘ႐ိုင္းဆီကေန အနိမ့္ေဘာနဲ႔ ေရွ႕ျပန္ေရာက္ေနၿပီျဖစ္တဲ့ ဟာလန္းဆီလွမ္းေပးလိုက္ေပမယ့္ ကံဆိုးၿပီး လြဲသြားခဲ့ရတယ္၊ ဒါေတာင္ ကပ္ပါလာတဲ့ ဂြန္ဒိုဂန္ ေကာက္စားလို႔ ရဦးမလို႔ နည္းနည္းေလးပဲလိုသြားလို႔သာပဲ။

ဂိုးမဝင္ေပမယ့္ ဒီအခိုက္အတန႔္ေလးက ဟာလန္းတစ္ေယာက္ ဘာေတြ လုပ္ရမလဲဆိုတာ ျပေနတာပါပဲ၊ ကြင္းလယ္နားထိဆင္းၿပီး ခ်ိတ္ ေဘာလုံးယူ၊ မ်က္စိရွင္ရွင္ထားၿပီး ေရွ႕ျပန္တက္၊အဆုံးသတ္ဂိုးသြင္းဖို႔ အခြင့္အေရးရွာ အသင့္ျဖစ္ေနဖို႔ပဲ ျဖစ္ပါလိမ့္မယ္။

ေနာက္သိပ္မၾကာပါဘူး ဒါမ်ိဳးတခါ ထပ္ႀကိဳးစားျပန္ပါတယ္။ ဒီတခါေတာ့ ကြင္းလယ္စက္ဝိုင္းကိုေက်ာ္ေအာင္ ဆင္းလာၿပီး Nathan Ake ဆီက ေဘာလုံးကို ဆင္းယူလိုက္တယ္၊ ၿပီးရင္ ႐ိုဒရီကို ရွာၿပီး ေဘာလုံးေပူ၊ ခ်က္ခ်င္းပဲ ေရွ႕မွာ ေနရာျပန္ေျပးယူတယ္။

ဒီတခါေနာ့ ဂိုးသြင္းဖို႔ အခြင့္အေရး chance မျဖစ္လိုက္ဖူး၊ ဒါေပမယ့္ ဟာလန္းတစ္ေယာက္ သူကိယ္သူ တိုးတက္ဖို႔ ဘာေတြ ႀကိဳးစားေျပာင္းလဲေနသလဲ ျမင္ခဲ့ၾကရပါတယ္။

ေနာက္ထပ္ တစ္ခုက အရင္လို ဂိုးသြင္းဖို႔တင္မဟုတ္ေတာ့ဘဲ ​ေဘာလုံးေပးဖို႔ပါ ပိုႀကိဳးစားလာတာ ျမင္ခဲ့ရပါေသးတယ္။ တပြဲလုံးမွာ ၂၃ ခါ ေဘာလုံးေပးကစားခဲ့တယ္ (နည္းေတာ့ နည္းေနေသးတာေပါ့) ဒါေပမယ့္ ၉၁% ေရာက္ေအာငိေပးႏိုင္ခဲ့တယ္ဆိုေတာ့ မဆိုးဘူးလို႔ေျပာရမွာေပါ့ေလ။ဒီလိုနဲ႔ သူ႔ရဲ႕ ေမြးရာပါ ပါရမီအေပၚမွာ တျခားလိုအပ္ေနတဲ့ စေကးေတြ ေပါင္းထည့္ရင္း ပိုေကာင္းတဲ့ ကစားသမားတစ္ေယာက္ ျဖစ္လာၿပီး ပရီးမီးယားလိဂ္မွာ အံဝင္လာမယ့္ပုံပါ။

Read more...  မန်ယူတို့ အိမ်ကွင်းမှာ ဘရိုက်တန်နည်းပြကြီးရဲ့ ဘယ်လိုတွေ ပညာပြသွားတာ ခံလိုက်ရလဲ ဆိုတာ

ဂြါဒီယိုလာေျပာတဲ့ ခန႔္မွန္းခ်က္နဲ႔ အဆုံးသတ္လိုက္ၾကရေအာင္။ “အခု က်ေနာ္တို႔မွာ လက္နက္အသစ္ရၿပီ။ သူ႔ကို ကြင္းထဲ ဘယ္၊ညာ၊ ေရွ႕ ေနရာစုံမွာ ပိုေတြ႕ႏိုင္ေတာ့မယ္၊ တဖက္အသင္းက ေနာက္တန္းေတြ ေရွ႕တက္လာၿပီး high defence လုပ္ရင္ က်ေနာ့္ အသင္းသားေတြ သူ႔ကိုရွာၿပီး အဲဒီ့ေနာက္တန္းေတြေနာက္က ေနရာလြတ္ အက်ယ္ႀကီးေတြကို ေကာင္းေကာင္း အသုံးခ်ႏိုင္ေတာ့မွာပါ။ အဲဒီလို ေနရာလြတ္အက်ယ္ႀကီးေတြရယ္ ဒီဘ႐ိုင္းရယ္ ဟာလန္းရယ္ဆိုရင္ သူတို႔ကိုတားႏိုင္မယ့္သူ မရွိသေလာက္ပါပဲ”

အခုလို စိတ္ဝင္စားစရာ သုံးသပ္ခ်က္ေလးေတြကို က်ေနာ္တို႔ Premier Highlight page မွာ မျပတ္တမ္း ႀကိဳးစားတင္ဆက္ေပးပါမယ္။ အားေပးၾကတာ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ