အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာတဲ့ အာတီတာရဲ့ အာဆင်နယ်

ချန်ပီယံဆု ပြိုင်လုမယ့်အသင်းလား? လောလောဆယ်တော့ အဆင်သင့်မဖြစ်သေးပေမယ့် တိုးတက်လာနေတာတော့ သေချာနေပါပြီ

အာတီတာရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အိုင်ဒီယာကို စကားတစ်လုံးတည်းနဲ့ ပြောပါဆိုရင် ထိန်းသိမ်းချုပ်ကိုင်ထားခြင်းလို့ဆိုနိုင်မယ့် control လို့ပြောရမှာပါပဲ။ ဇယားအောက်ခြေရောက်နေတဲ့အချိန်ကဖြစ်ဖြစ် ထိပ်သီး ၄ သင်းနေရာလုနေတဲ့ အချိန်ပဲဖြစ်ဖြစ် အာဆင်နယ်ရဲ့ အိုင်ဒီယာက ပွဲကို ထိန်းချုပ်ထားနိုင်ဖို့ပဲ၊ ဘောလုံးရနေတဲ့ အချိန်မှာကောဘောလုံးမရတဲ့အချိန်မှာကောပေါ့။

အာဆင်နယ်တို့ ကွင်းထဲမှာ တိုးတက်လာပုံက အဆင့်ဆင့်နဲ့။ ပထမအဆင့်မှာ အာတီတာက ဘောလုံးဆုံးရှုံးနေချိန်မှာ ပွဲကိုထိန်းချုပ် control လုပ်နိုင်အောင် ပြင်ဆင်ခဲ့တယ်။ ထိုးဖောက်ဖို့ ခက်ခဲတဲ့ defensive structure တစ်ခုကြိုးစားပုံသွင်းခဲ့တယ်။ အဓိက အိုင်ဒီယာကတော့ နောက်တန်းအပေါက်ခံပြီး တိုက်စစ်မှာ လူတွေ အလွန်အကျွံမပါစေဖို့ဘဲ ဖြစ်ပါတယ်။ 

အဲဒီကနေ နောက်တဆင့်မှာတော့ ဘောလုံးကိုင်ထားနိုင်တဲ့ အချိန်မှာပါ ပွဲကို ထိန်းချုပ်ဖို့ တဆင့်တက်ပြီး ကြိုးစားပုံသွင်းခဲ့တာတွေ့ရတယ်။ စိတ်ရှည်ရှည်ကစားမယ်၊ စွန့်စားတာတွေ သိပ်မလုပ်ပဲ သေချာတဲ့ ပေးပို့တာတွေ လုပ်မယ်၊ ဒီကြားထဲက ဘောလုံးပျက်သွားပြီး တဖက်အသင်း ဘောလုံးရသွားရင် ပုံစံတကျ defensive structure ပြန်ခင်းရမယ် ဒီလိုပုံမျိုးနဲ့ ကစားခဲ့ကြတယ်။ 

ဒီလိုနဲ့ ၂၀၂၁-၂၂ ရာသီမှာ အာဆင်နယ်တို့ တဘက်အသင်းကို အပိုင်အခွင့်အရေးတွေ ပေးရတာ (အနီရောင်မျဉ်း) နည်းလာပြီး တချိန်တည်းမှာပဲ ကိုယ့်ဘက်က အပိုင်အခွင့်အရေးတွေရတဲ့အကြိမ်လည်း (အပြာရောင်) များလာခဲ့တော့တယ်။ အရင်ကဆို ဒီ၂ခုက အတူတူနီးပါးပဲ ဆိုတော့ ဒါဟာမြင်သာတဲ့ တိုးတက်လာမှုပဲပေါ့။

ဘောလုံးဖြန့်ကစားနိုင်တဲ့ ဂိုးသမား

အာဆင်နယ်ကို မဆိုးပါဘူးဆိုတဲ့ အသင်းတသင်းကနေ အသင်းကောင်းတသင်းအနေအထားဖြစ်လာစေတာက ရမ်းစ်ဒေးလို နည်းစနစ်ကြွယ်တဲ့ကစားသမားမျိုးကို မှန်မှန်ကန်ကန်ခေါ်နိုင်ခဲ့တာက စပြောရမှာပါပဲ။

အောက်ကပုံက အာဆင်နယ်တို့ တိုက်စစ်စချိန် biild up play မှာ ပထမဆုံး ဘောလုံးကို ဘယ်နေရာတွေက ပေးခဲ့လဲဆိုတာ first pass ပြထားတာပါ။ မြင်တဲ့အတိုင်းပဲ တော်တော်များများက ရမ်းစ်ဒေး ဆီက စခဲ့တာပါပဲ။ သူ့ရဲ့ အဲလို ဖြန့်ပေးခဲ့တဲ့ ဘောလုံးတွေကြောင့် တဖက်အသင်းကဖိတာခံထားရချိန်ကနေ ချက်ချင်းတိုက်စစ်ကိုပြောင်းပြီးကစားနိုင်ခဲ့ရတယ်။ 

နည်းစနစ် တိုးတက်ပြောင်းလဲလာပုံ

အာဆင်နယ်ရဲ့ ကစားပုံကလဲ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့တယ်။ မြင်သာအောင် လက်စတာနဲ့  2020-21, 2021-22, 2022-23 ၃ နှစ် ၃ ပွဲက ဘောလုံးပေးတဲ့ လမ်းကြောင်း passing network တွေကို ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ 

လက်စတာ ၁ – ၃ အာဆင်နယ် (၂၀၂၀-၂၁)
အာဆင်နယ် ၂ – ၀ လက်စတာ (၂၀၂၁-၂၂)
အာဆင်နယ် ၄ – ၂ လက်စတာ (၂၀၂၂-၂၃)

ထိန်းသိမ်းချုပ်ကိုင်ခြင်း Control

အစကို ပြန်ကောက်ရရင် အာတီတာရဲ့ အဓိက အိုင်ဒီယာက Control ပါပဲ။

အောက်က အချက်အလက်လေး ၂ ခု ယှဉ်ကြည့်ရအောင်။ အရင်က အာဆင်နယ်ဆိုတာ ကိုယ်က အနိုင်ရနေတဲ့အချိန်ကို ထိန်းသိမ်းထားနိုင်မှုနှုန်း (အစိမ်းရောင်) မှာ ၂၇% လောက်နဲ့ အလယ်အလတ်မှာပဲ ရှိခဲ့တာပါ။ 

အခုတော့ ၄၁% ဖြစ်လာခဲ့ပြီး လီဗာပူး နဲ့ မန်စီးတီးနောက် ကပ်ရပ်အနေအထားထိ ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

အာဆင်နယ်ကိုကြည့်ရင် ရေရှည်ရလဒ်ကောင်းရဖို့ လက်ငင်းရလဒ်တချို့အပျက်ခံပြီး ဘောလုံးဖလော်ဆော်ဖီတစ်ခု သွတ်သွင်းနိုင်ခြင်းရဲ့ အကျိုးကို နမူနာရနိုင်ပါတယ်။ အာတီတာကို စိတ်ရှည်ရှည်နဲ့ ယုံကြည်ပေးပြီး သူလိုအပ်တာကို ဂိုးသမား ရမ်းစဒေးကစပြီး ရှေ့တန်း ဂျေးဆုထိ ဖြည့်ဆည်းပေး ခဲ့လို့လဲ ခုလို အချိန်အတွင်း အကောင်းဘက်ကို ပြောင်းလဲလာနိုင်ခဲ့တာလို့ ဆိုရမှာပါပဲ။

အခုနှစ်ချန်ပီယံဆုအတွက် စိန်မခေါ်နိုင်သေးပေမယ့် အရင်လို ခန့်မှန်းရလွယ်တဲ့အသင်းတော့ မဟုတ်တော့ပါဘူး။နောက်နှစ်လောက်ဆိုရင်တော့ ချန်ပီယံဆု ပြိုင်လုပြီး ခြိမ်းခြောက်လာနိုင်ပါတော့မယ်။

အာဆင်နယ် တစ်ခေတ် ရောက်တော့မလားပေါ့… 

(Zawgyi) ခ်န္ပီယံဆု ၿပိဳင္လုမယ့္အသင္းလား? ေလာေလာဆယ္ေတာ့ အဆင္သင့္မျဖစ္ေသးေပမယ့္ တိုးတက္လာေနတာေတာ့ ေသခ်ာေနပါၿပီ
အာတီတာရဲ႕ နည္းစနစ္ပိုင္းဆိုင္ရာ အိုင္ဒီယာကို စကားတစ္လုံးတည္းနဲ႔ ေျပာပါဆိုရင္ ထိန္းသိမ္းခ်ဳပ္ကိုင္ထားျခင္း လို႔ဆိုႏိုင္မယ့္ control လို႔ေျပာရမွာပါပဲ။ ဇယားေအာက္ေျခေရာက္ေနတဲ့အခ်ိန္ကျဖစ္ျဖစ္ ထိပ္သီး ၄ သင္းေနရာလုေနတဲ့ အခ်ိန္ပဲျဖစ္ျဖစ္ အာဆင္နယ္ရဲ႕ အိုင္ဒီယာက ပြဲကို ထိန္းခ်ဳပ္ထားႏိုင္ဖို႔ပဲ၊ ေဘာလုံးရေနတဲ့ အခ်ိန္မွာေကာ ေဘာလုံးမရတဲ့အခ်ိန္မွာေကာေပါ့။
အာဆင္နယ္တို႔ ကြင္းထဲမွာ တိုးတက္လာပုံက အဆင့္ဆင့္နဲ႔။ ပထမအဆင့္မွာ အာတီတာက ေဘာလုံးဆုံးရႈံးေနခ်ိန္မွာ ပြဲကိုထိန္းခ်ဳပ္ control လုပ္ႏိုင္ေအာင္ ျပင္ဆင္ခဲ့တယ္။ ထိုးေဖာက္ဖို႔ ခက္ခဲတဲ့ defensive structure တစ္ခု ႀကိဳးစားပုံသြင္းခဲ့တယ္။ အဓိက အိုင္ဒီယာကေတာ့ ေနာက္တန္းအေပါက္ခံၿပီး တိုက္စစ္မွာ လူေတြ အလြန္အကြၽံမပါေစဖို႔ဘဲ ျဖစ္ပါတယ္။
အဲဒီကေန ေနာက္တဆင့္မွာေတာ့ ေဘာလုံးကိုင္ထားႏိုင္တဲ့ အခ်ိန္မွာပါ ပြဲကို ထိန္းခ်ဳပ္ဖို႔ တဆင့္တက္ၿပီး ႀကိဳးစားပုံသြင္းခဲ့တာေတြ႕ရတယ္။ စိတ္ရွည္ရွည္ကစားမယ္၊ စြန႔္စားတာေတြ သိပ္မလုပ္ပဲ ေသခ်ာတဲ့ ေပးပို႔တာေတြ လုပ္မယ္၊ ဒီၾကားထဲက ေဘာလုံးပ်က္သြားၿပီး တဖက္အသင္း ေဘာလုံးရသြားရင္ ပုံစံတက် defensive structure ျပန္ခင္းရမယ္ ဒီလိုပုံမ်ိဳးနဲ႔ ကစားခဲ့ၾကတယ္။

ဒီလိုနဲ႔ ၂၀၂၁-၂၂ ရာသီမွာ အာဆင္နယ္တို႔ တဘက္အသင္းကို အပိုင္အခြင့္အေရးေတြ ေပးရတာ (အနီေရာင္မ်ဥ္း) နည္းလာၿပီး တခ်ိန္တည္းမွာပဲ ကိုယ့္ဘက္က အပိုင္အခြင့္အေရးေတြ ရတဲ့အႀကိမ္လည္း (အျပာေရာင္) မ်ားလာခဲ့ေတာ့တယ္။ အရင္ကဆို ဒီ၂ခုက အတူတူနီးပါးပဲ ဆိုေတာ့ ဒါဟာ ျမင္သာတဲ့ တိုးတက္လာမႈပဲေပါ့။

ေဘာလုံးျဖန႔္ကစားႏိုင္တဲ့ ဂိုးသမား
အာဆင္နယ္ကို မဆိုးပါဘူးဆိုတဲ့ အသင္းတသင္းကေန အသင္းေကာင္းတသင္းအေနအထားျဖစ္လာေစတာက ရမ္းစ္ေဒးလို နည္းစနစ္ႂကြယ္တဲ့ကစားသမားမ်ိဳးကို မွန္မွန္ကန္ကန္ေခၚႏိုင္ခဲ့တာက စေျပာရမွာပါပဲ။
ေအာက္ကပုံက အာဆင္နယ္တို႔ တိုက္စစ္စခ်ိန္ biild up play မွာ ပထမဆုံး ေဘာလုံးကို ဘယ္ေနရာေတြက ေပးခဲ့လဲဆိုတာ first pass ျပထားတာပါ။ ျမင္တဲ့အတိုင္းပဲ ေတာ္ေတာ္မ်ားမ်ားက ရမ္းစ္ေဒး ဆီက စခဲ့တာပါပဲ။ သူ႔ရဲ႕ အဲလို ျဖန႔္ေပးခဲ့တဲ့ ေဘာလုံးေတြေၾကာင့္ တဖက္အသင္းကဖိတာခံထားရခ်ိန္ကေန ခ်က္ခ်င္းတိုက္စစ္ကိုေျပာင္းၿပီး ကစားႏိုင္ခဲ့ရတယ္။

နည္းစနစ္ တိုးတက္ေျပာင္းလဲလာပုံ
အာဆင္နယ္ရဲ႕ ကစားပုံကလဲ အဆင့္ဆင့္ တိုးတက္ေျပာင္းလဲလာခဲ့တယ္။ ျမင္သာေအာင္ လက္စတာနဲ႔ 2020-21, 2021-22, 2022-23 ၃ ႏွစ္ ၃ ပြဲက ေဘာလုံးေပးတဲ့ လမ္းေၾကာင္း passing network ေတြကို ယွဥ္ၾကည့္ရင္ သိႏိုင္ပါတယ္။

ထိန္းသိမ္းခ်ဳပ္ကိုင္ျခင္း Control
အစကို ျပန္ေကာက္ရရင္ အာတီတာရဲ႕ အဓိက အိုင္ဒီယာက Control ပါပဲ။
ေအာက္က အခ်က္အလက္ေလး ၂ ခု ယွဥ္ၾကည့္ရေအာင္။ အရင္က အာဆင္နယ္ဆိုတာ ကိုယ္က အႏိုင္ရေနတဲ့အခ်ိန္ကို ထိန္းသိမ္းထားႏိုင္မႈႏႈန္း (အစိမ္းေရာင္) မွာ ၂၇% ေလာက္နဲ႔ အလယ္အလတ္မွာပဲ ရွိခဲ့တာပါ။

အခုေတာ့ ၄၁% ျဖစ္လာခဲ့ၿပီး လီဗာပူး နဲ႔ မန္စီးတီးေနာက္ ကပ္ရပ္အေနအထားထိ ေရာက္လာခဲ့ၿပီပဲ ျဖစ္ပါတယ္။

အာဆင္နယ္ကိုၾကည့္ရင္ ေရရွည္ရလဒ္ေကာင္းရဖို႔ လက္ငင္းရလဒ္တခ်ိဳ႕အပ်က္ခံၿပီး ေဘာလုံးဖေလာ္ေဆာ္ဖီတစ္ခု သြတ္သြင္းႏိုင္ျခင္းရဲ႕ အက်ိဳးကို နမူနာရႏိုင္ပါတယ္။ အာတီတာကို စိတ္ရွည္ရွည္နဲ႔ ယုံၾကည္ေပးၿပီး သူလိုအပ္တာကို ဂိုးသမား ရမ္းစေဒးကစၿပီး ေရွ႕တန္း ေဂ်းဆုထိ ျဖည့္ဆည္းေပး ခဲ့လို႔လဲ ခုလို အခ်ိန္အတြင္း အေကာင္းဘက္ကို ေျပာင္းလဲလာႏိုင္ခဲ့တာလို႔ ဆိုရမွာပါပဲ။
အခုႏွစ္ခ်န္ပီယံဆုအတြက္ စိန္မေခၚႏိုင္ေသးေပမယ့္ အရင္လို ခန႔္မွန္းရလြယ္တဲ့အသင္းေတာ့ မဟုတ္ေတာ့ပါဘူး။ ေနာက္ႏွစ္ေလာက္ဆိုရင္ေတာ့ ခ်န္ပီယံဆု ၿပိဳင္လုၿပီး ၿခိမ္းေျခာက္လာႏိုင္ပါေတာ့မယ္။
အာဆင္နယ္ တစ္ေခတ္ ေရာက္ေတာ့မလားေပါ့…

Read more...  ဒီတစ်ပါတ် ပရီးမီးယားလိဂ်ပွဲများအတွက် ပွဲကြိုခန့်မှန်းချက်များ

Leave a Reply

Your email address will not be published.