မန်ယူတို့ လီဗာပူးကို ဘယ်လို အနိုင်ယူခဲ့ကြသလဲ?
(Unicode) နည်းပြကြီး တန်ဟက်ဂ်ရဲ့ ရော်နယ်ဒို နဲ့ မက်ဂွိုင်းယားကို ပွဲထွက်လူစာရင်းက ပြတ်ပြတ်သားသားချန်ထားလိုက်တဲ့ဆုံးဖြတ်ချက်နဲ့အတူ မန်ယူတို့ဟာ လီဗာပူးကို ၂-၁ နဲ့ ထိုက်ထိုက်တန်တန် အနိုင်ယူသွားနိုင်ခဲ့ပါပြီ။ အနိုင်ဂိုး ၂ ဂိုးကို ဆန်ချို နဲ့ ရက်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့ကြပြီး လီဗာပူးတို့အတွက် နှစ်သိမ့်ဂိုးကိုတော့ မိုဆားလားက ပွဲပြီးဖို့ ၁၀မိနစ်အလိုမှာ သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒီပွဲရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပြောစရာလေးတွေနဲ့ သုံးသပ်ချက်လေးတွေ ကြည့်လိုက်ကြရအောင်။
တန်ဟက်ဂ်ရဲ့ ကွက်တိဖြစ်သွားတဲ့ လူထုတ်ပုံ နဲ့ လူစားလဲပုံများ
ပွဲကြိုအင်တာဗျူးမှာ ပြောသွားသလိုပါပဲ “လီဗာပူးက တကယ့်အသင်းကောင်း၊ ကျနော်တို့ သူတို့ကို ဖိအားပေးနိုင်ဖို့လိုတယ်။ ကွင်းလယ်ဇုန်ထဲကနေကျော်ပြီး ဖိအားပေးနိုင်ဖို့လိုတယ်၊ အဲလိုလုပ်ဖို့ ကျနော်တို့ အား (energy) လိုတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ အီလန်ဂါတို့ ပါမှဖြစ်မယ်”
တန်ဟက်ဂ်ရဲ့ ရှေ့တန်း ၃ ယောက်ဟာ တိုက်စစ်ကိုပြောင်းတဲ့အခါမှာ တဖက်နောက်တန်းတွေကို ဖောက်ပြေးတာမှာအရမ်းမြန်ဆန်ခဲ့ကြတယ်။ လီဗာပူးကွင်းလယ်မှာ ဖာဘင်ညို မပါတာကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်ပြောရမယ်။
နောက်တန်းမှာ ဗာရိန်း နဲ့ မာတီနက်ဇ်က ရိုးရိုးလေးပဲ ပင်နယ်တီဧရိယာနားကနေ ခံကစားပြီး တစ်ယောက်ချင်း လုစရာရှိတာတွေမှာ ခပ်တင်းတင်းကစားသွားခဲ့ကြတယ်။ အထူးသဖြင့် မာတီနက်ဇ်တစ်ယောက် ဗာရိန်း နဲ့ မာလာစီယာတို့ကြောင့် ကျောလုံပြီး ရဲရဲရင့်ရင့် ကစားပြသွားနိုင်ခဲ့တာတွေ့ရတယ်။
တိုက်စစ်ကို အားပြန်ဖြည့်စရာလိုတဲ့အချိန်မှာလဲ ၃၇ နှစ်သား ရော်နယ်ဒိုကို မထည့်ဘဲ မာရှယ်ကိုပဲ ထည့်သွားတာလဲ မှန်ခဲ့ပြန်တယ်။
ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ လူစားလဲပုံတွေကို အမှတ်ပေးရမှာပါပဲ။
ဂျာဂင်ကလော့ပ်ရဲ့ ကွင်းလယ်က ဘာဖြစ်သွားတာလဲ?
ဖာဘင်ညိုကို ချန်ထားခဲ့တာ ကလော့ပ်အတွက် ပေးဆပ်မှုကြီးသွားခဲ့ရတယ်။ ဟန်ဒါဆင်၊ မီလ်နာ နဲ့ အဲလိယော့တို့ရဲ့ ကွင်းလယ်က လေးကန် ထုံထိုင်းနေခဲ့တယ်။ ဖိအားမပေးနိုင်၊ လူချင်းမယှဉ်နိုင်၊ ဖန်တီးနိုင်မှုမရှိ၊ သူတို့နောက်ကနောက်တန်းတွေကိုလဲ မကာကွယ်ပေးနိုင်ခဲ့ကြဘူး။
အရင်က ဒီလိုမဟုတ်ပါဘူး။ လီဗာပူးကွင်းလယ်ဆိုတာ တဖက်အသင်းကို အသက်ထွက်မတတ် ဖိအားပေးထားပြီးအခွင့်အရေးမပေးစတမ်း ထိန်းချုပ်ကစားနေကျပါ။ လူတွေ နာနေတာလဲ ပါမှာပေါ့။ သီယာဂို၊ ကာတစ်ဂျုံး၊ ချိန်ဘာလိန် နဲ့ အခုဆို ကီတာပါ လူနာစာရင်းထဲ ဝင်သွားပြီ။
ကလော့ပ်ကတော့ လူခေါ်စရာမလိုဘူး ဆိုပေမယ့် ဒီအခြေအနေကြည့်ရတာတော့ တစ်ယောက်လောက်တော့ လိုလိမ့်ဦးမယ့်ပုံပါပဲ။
ယူနိုက်တက်ရဲ့ တိုက်စစ်ဗျူဟာ
လီဗာပူးကို အမြန်ပေးတွေနဲ့ ထိုးနှက်သွားတယ်ဆိုပေမယ့် ပထမဂိုးကိုကြည့်ရင် ဘောပိုင်ဆိုင်မှုထိန်း possession၊တိတိကျကျပေး passing details၊ တတိယတစ်ယောက်ကလှုပ်ရှား third-man run၊ နောက်တန်းသမား full back တွေက ဖြန့်ကစားပြီး တောင်ပံသမား wingers တွေက အထဲ ချိုးဝင်ဆိုတဲ့ တန်ဟက်ဂ်ရဲ့ ရာသီကြိုက သွတ်သွင်းခဲ့တဲ့ပုံစံကနေ လာခဲ့တယ်ဆိုတာ တွေ့ရမှာပါ။
အဲရစ်ဆင်ကို ရှေ့ထိတက်ခိုင်းပြီး အီလန်ဂါနဲ့ တွဲခိုင်းလိုက်တဲ့အခါမှာ ရှေ့တန်းက ၅ယောက်ဖြစ်သွားစေခဲ့ပါတယ်။အဲလိုလုပ်လိုက်တော့ တစ်ယောက်ချင်းတွေ့ရာမှာတောင် အဖျက်အားနည်းတဲ့ ထရမ့်အာနိုး TAA ကို ၂ ယောက် ၁ယောက်နဲ့ လုံးဝအသာစီးရပြီး အီလန်ဂါရဲ့ အမြန်နှုန်းနောက် လိုက်ပြေးဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားတွေ များသွားတော့တာပါပဲ။
အီလန်ဂါကနေ အဲရစ်ဆင်ဆီ ပြန်ပေးလိုက်တဲ့အခါ (မျှားအဖြူ) ပုံပျက်သွားတဲ့ အာနိုးကြောင့် ပြေးလမ်းကြောင်း(အဖြူစက်မျှား) ပွင့်သွားတယ်၊ အဲရစ်ဆင်ဆီ ဘောလုံးရောက်ပြီးတဲ့အခါ နောက်တန်း ၂ ယောက်ကြားကနေ ပြန်ချပေးလိုက်တော့တယ် (မျှားအပြာ)

အဲလိုပုံစံနဲ့ပဲ ယူနိုက်တက်က လီဗာပူးညာခြမ်းကို အဓိကထား ထိုးဖောက်သွားခဲ့ကြတယ် ၄၂ ရာခိုင်နှုန်း

နူးနက်ဇ် မပါချိန်မှာ ဖာမီနိုကလဲ ဦးဆောင်မှုမပေးနိုင်ခဲ့
ဖာမီနိုက နောက်ထိဆင်း ဘောလုံးယူပြီး နောက်တန်းလူတွေနဲ့ ချိတ်ကစားသွားခဲ့တယ်။ ဘယ်လောက်တောင်နောက်ဆင်းလဲဆိုရင် သူကစားတဲ့ ဧရိယာကို ကြည့်ရင် မီလ်နာထက်တောင် နောက်ကိုပိုရောက်နေခဲ့သေးတယ်။

ဒါပေမယ့် မန်ယူနောက်တန်းတွေက ရှေ့ထိတက်ဖိအားပေးတာမလုပ်ပဲ ပင်နယ်တီ ဧရိယာနားတင် တင်းတင်းခံဆော့တဲ့ပုံစံလုပ်တော့ သူဆင်းလာတာ ကွင်းလယ် လူကြပ်သွားတာပဲ အဖတ်တင်သွားတော့တယ်။ သူ့ဆီကနေ ဘောလုံးအများဆုံးပေးခဲ့တာ အဲလိယော့ (၁၀)၊ ဟန်ဒါဆင် (၇) နဲ့ မီလ်နာ (၇) တို့ဆီကိုပဲ။ ရှေ့က ဆာလား နဲ့ ဒီးယက်ဇ်တို့ဆီထိ ချိတ်ပြီး မကစားသွားနိုင်ခဲ့ဘူး။
ဆန်းပြားတာတွေ ထားခဲ့ပြီး လှေကြီးထိုး ပြန်ကျင့်ခဲ့တဲ့ ဒဟေးယား
ရာသီအစ ၂ ပွဲလုံး အခြေမလှခဲ့တာက မန်ယူတို့ တိုက်စစ်ကို နောက်တန်းကနေ စဖို့ (အထူးသဖြင့် ဒဟေးယားဆီကနေတဆင့်) လုပ်တာကနေ အမှားတွေ ဖိအားတွေ များခဲ့ကြရာက ဖြစ်တာပါပဲ။
ဒီပွဲမှာတော့ ဒဟေးယား စာတတ်သွားပြီး နောက်တန်းတွေဆီ မပေးတော့ပဲ အဝေးဘောတွေ များများ ကန်တင်တော့တာပါပဲ။ တင်သမျှရဲ့ ၃ ပုံ ၁ ပုံလောက်ပဲ အောင်မြင်သေးပေမယ့် အရင်လိုတော့ မလိုအပ်ပဲ ဖိအားတွေ မဝင်တော့ဘူးပေါ့လေ။ (အစိမ်းက လိုရာရောက်၊ ခဲရောင်နဲ့က အလွဲ)

တင်ပေးလိုက်တဲ့ဘောကို ရှေ့တန်းလူတွေ အမြဲတမ်း မရကြပေမယ့် တဖက်အသင်းက ဒုတိယ အဆင့်ပေးတဲ့အချိန်မှာ အလယ်တန်းသမားတွေရအောင် ဖျက်နိုင်ခဲ့ကြတယ်။ ၄-၂-၃-၁ နဲ့ တောင်ပံတွေက တဖက်နောက်တန်းတွေကို တက်ပြီး ဖိအားပေးထားတော့ ဟိုဘက်ခြမ်းမှာပဲ ဘောလုံးပြန်ရသေးတယ်လေ။
ဘယ်လိုပဲပြောပြော လီဗာပူးတို့ အနေနဲ့လဲ ဒီပွဲမှာ ပြင်းထန်တဲ့ ပေါက်ကွဲအားနဲ့ ဖိဖိစီးစီးကစားတဲ့နေရာမှာ အိမ်ရှင်တွေကို မယှဉ်နိုင်ခဲ့တာ အမှန်ပါပဲ။ နောက်တန်းက ဖရိုဖရဲ၊ အလယ်တန်းက နေရာမှန်မရ၊ အလွယ်တကူဘောလုံးပျက်ပြီး ရှေ့တန်းတွေမှာ ဘောလုံးထိချိန်တောင် ရှားရှားပါးပါးဖြစ်ခဲ့ရပြီး ထိုက်ထိုက်တန်တန်ပဲ လက်မြှောက်လိုက်ကြရတော့တယ်။

(Zawgyi) နည္းျပႀကီး တန္ဟက္ဂ္ရဲ႕ ေရာ္နယ္ဒို နဲ႔ မက္ဂြိဳင္းယားကို ပြဲထြက္လူစာရင္းက ျပတ္ျပတ္သားသားခ်န္ထားလိုက္တဲ့ ဆုံးျဖတ္ခ်က္နဲ႔အတူ မန္ယူတို႔ဟာ လီဗာပူးကို ၂-၁ နဲ႔ ထိုက္ထိုက္တန္တန္ အႏိုင္ယူသြားႏိုင္ခဲ့ပါၿပီ။ အႏိုင္ဂိုး ၂ ဂိုးကို ဆန္ခ်ိဳ နဲ႔ ရက္ရွ္ဖို႔ဒ္တို႔က သြင္းယူေပးခဲ့ၾကၿပီး လီဗာပူးတို႔အတြက္ ႏွစ္သိမ့္ဂိုးကိုေတာ့ မိုဆားလားက ပြဲၿပီးဖို႔ ၁၀ မိနစ္အလိုမွာ သြင္းယူေပးသြားခဲ့တာပဲ ျဖစ္ပါတယ္။
ဒီပြဲရဲ႕ နည္းစနစ္ပိုင္းဆိုင္ရာ ေျပာစရာေလးေတြနဲ႔ သုံးသပ္ခ်က္ေလးေတြ ၾကည့္လိုက္ၾကရေအာင္။
တန္ဟက္ဂ္ရဲ႕ ကြက္တိျဖစ္သြားတဲ့ လူထုတ္ပုံ နဲ႔ လူစားလဲပုံမ်ား
ပြဲႀကိဳအင္တာဗ်ဴးမွာ ေျပာသြားသလိုပါပဲ “လီဗာပူးက တကယ့္အသင္းေကာင္း၊ က်ေနာ္တို႔ သူတို႔ကို ဖိအားေပးႏိုင္ဖို႔လိုတယ္။ ကြင္းလယ္ဇုန္ထဲကေနေက်ာ္ၿပီး ဖိအားေပးႏိုင္ဖို႔လိုတယ္၊ အဲလိုလုပ္ဖို႔ က်ေနာ္တို႔ အား (energy) လိုတယ္။ ဒါေၾကာင့္ ရက္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳ၊ အီလန္ဂါတို႔ ပါမွျဖစ္မယ္”
တန္ဟက္ဂ္ရဲ႕ ေရွ႕တန္း ၃ ေယာက္ဟာ တိုက္စစ္ကိုေျပာင္းတဲ့အခါမွာ တဖက္ေနာက္တန္းေတြကို ေဖာက္ေျပးတာမွာ အရမ္းျမန္ဆန္ခဲ့ၾကတယ္။ လီဗာပူးကြင္းလယ္မွာ ဖာဘင္ညိဳ မပါတာကို ေကာင္းေကာင္း အသုံးခ်ႏိုင္ခဲ့တယ္ေျပာရမယ္။
ေနာက္တန္းမွာ ဗာရိန္း နဲ႔ မာတီနက္ဇ္က ႐ိုး႐ိုးေလးပဲ ပင္နယ္တီဧရိယာနားကေန ခံကစားၿပီး တစ္ေယာက္ခ်င္း လုစရာရွိတာေတြမွာ ခပ္တင္းတင္းကစားသြားခဲ့ၾကတယ္။ အထူးသျဖင့္ မာတီနက္ဇ္တစ္ေယာက္ ဗာရိန္း နဲ႔ မာလာစီယာတို႔ေၾကာင့္ ေက်ာလုံၿပီး ရဲရဲရင့္ရင့္ ကစားျပသြားႏိုင္ခဲ့တာေတြ႕ရတယ္။
တိုက္စစ္ကို အားျပန္ျဖည့္စရာလိုတဲ့အခ်ိန္မွာလဲ ၃၇ ႏွစ္သား ေရာ္နယ္ဒိုကို မထည့္ဘဲ မာရွယ္ကိုပဲ ထည့္သြားတာလဲ မွန္ခဲ့ျပန္တယ္။
ရဲရင့္ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္နဲ႔ လူစားလဲပုံေတြကို အမွတ္ေပးရမွာပါပဲ။
ဂ်ာဂင္ကေလာ့ပ္ရဲ႕ ကြင္းလယ္က ဘာျဖစ္သြားတာလဲ?
ဖာဘင္ညိဳကို ခ်န္ထားခဲ့တာ ကေလာ့ပ္အတြက္ ေပးဆပ္မႈႀကီးသြားခဲ့ရတယ္။ ဟန္ဒါဆင္၊ မီလ္နာ နဲ႔ အဲလိေယာ့တို႔ရဲ႕ ကြင္းလယ္က ေလးကန္ ထုံထိုင္းေနခဲ့တယ္။ ဖိအားမေပးႏိုင္၊ လူခ်င္းမယွဥ္ႏိုင္၊ ဖန္တီးႏိုင္မႈမရွိ၊ သူတို႔ေနာက္က ေနာက္တန္းေတြကိုလဲ မကာကြယ္ေပးႏိုင္ခဲ့ၾကဘူး။
အရင္က ဒီလိုမဟုတ္ပါဘူး။ လီဗာပူးကြင္းလယ္ဆိုတာ တဖက္အသင္းကို အသက္ထြက္မတတ္ ဖိအားေပးထားၿပီး အခြင့္အေရးမေပးစတမ္း ထိန္းခ်ဳပ္ကစားေနက်ပါ။ လူေတြ နာေနတာလဲ ပါမွာေပါ့။ သီယာဂို၊ ကာတစ္ဂ်ဳံး၊ ခ်ိန္ဘာလိန္ နဲ႔ အခုဆို ကီတာပါ လူနာစာရင္းထဲ ဝင္သြားၿပီ။
ကေလာ့ပ္ကေတာ့ လူေခၚစရာမလိုဘူး ဆိုေပမယ့္ ဒီအေျခအေနၾကည့္ရတာေတာ့ တစ္ေယာက္ေလာက္ေတာ့ လိုလိမ့္ဦးမယ့္ပုံပါပဲ။
ယူႏိုက္တက္ရဲ႕ တိုက္စစ္ဗ်ဴဟာ
လီဗာပူးကို အျမန္ေပးေတြနဲ႔ ထိုးႏွက္သြားတယ္ဆိုေပမယ့္ ပထမဂိုးကိုၾကည့္ရင္ ေဘာပိုင္ဆိုင္မႈထိန္း possession၊ တိတိက်က်ေပး passing details၊ တတိယတစ္ေယာက္ကလႈပ္ရွား third-man run၊ ေနာက္တန္းသမား full back ေတြက ျဖန႔္ကစားၿပီး ေတာင္ပံသမား wingers ေတြက အထဲ ခ်ိဳးဝင္ဆိုတဲ့ တန္ဟက္ဂ္ရဲ႕ ရာသီႀကိဳက သြတ္သြင္းခဲ့တဲ့ပုံစံကေန လာခဲ့တယ္ဆိုတာ ေတြ႕ရမွာပါ။
အဲရစ္ဆင္ကို ေရွ႕ထိတက္ခိုင္းၿပီး အီလန္ဂါနဲ႔ တြဲခိုင္းလိုက္တဲ့အခါမွာ ေရွ႕တန္းက ၅ေယာက္ျဖစ္သြားေစခဲ့ပါတယ္။ အဲလိုလုပ္လိုက္ေတာ့ တစ္ေယာက္ခ်င္းေတြ႕ရာမွာေတာင္ အဖ်က္အားနည္းတဲ့ ထရမ့္အာႏိုး TAA ကို ၂ ေယာက္ ၁ ေယာက္နဲ႔ လုံးဝအသာစီးရၿပီး အီလန္ဂါရဲ႕ အျမန္ႏႈန္းေနာက္ လိုက္ေျပးဖို႔ မျဖစ္ႏိုင္ေတာ့တဲ့ အေနအထားေတြ မ်ားသြားေတာ့တာပါပဲ။
အီလန္ဂါကေန အဲရစ္ဆင္ဆီ ျပန္ေပးလိုက္တဲ့အခါ (မွ်ားအျဖဴ) ပုံပ်က္သြားတဲ့ အာႏိုးေၾကာင့္ ေျပးလမ္းေၾကာင္း (အျဖဴစက္မွ်ား) ပြင့္သြားတယ္၊ အဲရစ္ဆင္ဆီ ေဘာလုံးေရာက္ၿပီးတဲ့အခါ ေနာက္တန္း ၂ ေယာက္ၾကားကေန ျပန္ခ်ေပးလိုက္ေတာ့တယ္ (မွ်ားအျပာ)

အဲလိုပုံစံနဲ႔ပဲ ယူႏိုက္တက္က လီဗာပူးညာျခမ္းကို အဓိကထား ထိုးေဖာက္သြားခဲ့ၾကတယ္ ၄၂ ရာခိုင္ႏႈန္း

ႏူးနက္ဇ္ မပါခ်ိန္မွာ ဖာမီႏိုကလဲ ဦးေဆာင္မႈမေပးႏိုင္ခဲ့
ဖာမီႏိုက ေနာက္ထိဆင္း ေဘာလုံးယူၿပီး ေနာက္တန္းလူေတြနဲ႔ ခ်ိတ္ကစားသြားခဲ့တယ္။ ဘယ္ေလာက္ေတာင္ ေနာက္ဆင္းလဲဆိုရင္ သူကစားတဲ့ ဧရိယာကို ၾကည့္ရင္ မီလ္နာထက္ေတာင္ ေနာက္ကိုပိုေရာက္ေနခဲ့ေသးတယ္။

ဒါေပမယ့္ မန္ယူေနာက္တန္းေတြက ေရွ႕ထိတက္ဖိအားေပးတာမလုပ္ပဲ ပင္နယ္တီ ဧရိယာနားတင္ တင္းတင္းခံေဆာ့တဲ့ပုံစံလုပ္ေတာ့ သူဆင္းလာတာ ကြင္းလယ္ လူၾကပ္သြားတာပဲ အဖတ္တင္သြားေတာ့တယ္။ သူ႔ဆီကေန ေဘာလုံးအမ်ားဆုံးေပးခဲ့တာ အဲလိေယာ့ (၁၀)၊ ဟန္ဒါဆင္ (၇) နဲ႔ မီလ္နာ (၇) တို႔ဆီကိုပဲ။ ေရွ႕က ဆာလား နဲ႔ ဒီးယက္ဇ္တို႔ဆီထိ ခ်ိတ္ၿပီး မကစားသြားႏိုင္ခဲ့ဘူး။
ဆန္းျပားတာေတြ ထားခဲ့ၿပီး ေလွႀကီးထိုး ျပန္က်င့္ခဲ့တဲ့ ဒေဟးယား
ရာသီအစ ၂ ပြဲလုံး အေျခမလွခဲ့တာက မန္ယူတို႔ တိုက္စစ္ကို ေနာက္တန္းကေန စဖို႔ (အထူးသျဖင့္ ဒေဟးယားဆီကေနတဆင့္) လုပ္တာကေန အမွားေတြ ဖိအားေတြ မ်ားခဲ့ၾကရာက ျဖစ္တာပါပဲ။
ဒီပြဲမွာေတာ့ ဒေဟးယား စာတတ္သြားၿပီး ေနာက္တန္းေတြဆီ မေပးေတာ့ပဲ အေဝးေဘာေတြ မ်ားမ်ား ကန္တင္ေတာ့တာပါပဲ။ တင္သမွ်ရဲ႕ ၃ ပုံ ၁ ပုံေလာက္ပဲ ေအာင္ျမင္ေသးေပမယ့္ အရင္လိုေတာ့ မလိုအပ္ပဲ ဖိအားေတြ မဝင္ေတာ့ဘူးေပါ့ေလ။ (အစိမ္းက လိုရာေရာက္၊ ခဲေရာင္နဲ႔က အလြဲ)

တင္ေပးလိုက္တဲ့ေဘာကို ေရွ႕တန္းလူေတြ အၿမဲတမ္း မရၾကေပမယ့္ တဖက္အသင္းက ဒုတိယ အဆင့္ေပးတဲ့အခ်ိန္မွာ အလယ္တန္းသမားေတြရေအာင္ ဖ်က္ႏိုင္ခဲ့ၾကတယ္။ ၄-၂-၃-၁ နဲ႔ ေတာင္ပံေတြက တဖက္ေနာက္တန္းေတြကို တက္ၿပီး ဖိအားေပးထားေတာ့ ဟိုဘက္ျခမ္းမွာပဲ ေဘာလုံးျပန္ရေသးတယ္ေလ။
ဘယ္လိုပဲေျပာေျပာ လီဗာပူးတို႔ အေနနဲ႔လဲ ဒီပြဲမွာ ျပင္းထန္တဲ့ ေပါက္ကြဲအားနဲ႔ ဖိဖိစီးစီးကစားတဲ့ေနရာမွာ အိမ္ရွင္ေတြကို မယွဥ္ႏိုင္ခဲ့တာ အမွန္ပါပဲ။ ေနာက္တန္းက ဖ႐ိုဖရဲ၊ အလယ္တန္းက ေနရာမွန္မရ၊ အလြယ္တကူေဘာလုံးပ်က္ၿပီး ေရွ႕တန္းေတြမွာ ေဘာလုံးထိခ်ိန္ေတာင္ ရွားရွားပါးပါးျဖစ္ခဲ့ရၿပီး ထိုက္ထိုက္တန္တန္ပဲ လက္ေျမႇာက္လိုက္ၾကရေတာ့တယ္။
