နူးနက်ဇ် + ဆားလား = လီဗာပူးရဲ့ ကြောက်စရာ ရှေ့တန်း ကစားပုံအသစ်
(Unicode) အရင်နှစ်တွေကတော့ လီဗာပူး ညာခြမ်းက ရိုးရိုးရှင်းရှင်းပါပဲ။
မိုဆားလားက အထဲချိုးဝင်တဲ့ တောင်ပံကစားသမား inverted winger အနေနဲ့ကစားတယ်။ သူကဘယ်သန် ပင်နယ်တီဘောက်ထဲဝင်လာပြီး ကျဉ်းကျဉ်းကျပ်ကျပ် အတိုပေးလေးတွေနဲ့ ကစားပြီး ဂိုးသွင်းဖို့ ကြိုးစားတတ်တယ်။အကောင်းဆုံး တိုက်စစ်အားသန် နောက်ခံလူတစ်ယောက် ဖြစ်လာတဲ့ TAA ထရမ့်အလက်ဇန္ဒား အာနိုးကတော့ ညာသန်ဖြစ်ပြီး တောင်ပံတိုက်စစ်ကို overlap တက်တက်လာတတ်တယ်။

အမြဲတမ်းတော့ မဟုတ်ပေမယ့် ပွဲတော်တော်များများမှာ TAA က final third ရဲ့ ညာခြမ်းတဝက်လောက်မှာ လှည့်ပါတ်မွှေနှောက်၊ ဂိုးပေါက်နား နီးနီးကပ်ကပ်ထိ ဝင်ဝင်လာတတ်တာက တခါတခါ ရှေ့တန်းကစားသမားတွေထက် ပိုကြောက်စရာကောင်းနေတတ်တယ်။ ဒါပေမယ့် သူ့ရဲ့ အဲ့လိုကစားပေါက်က မိုဆားလားကို နေရာပြောင်းကစားရဖို့ဖြစ်သွားတယ်။ အဲလိုအချိန်တွေဆို ဆားလားက အပေါ်ထိတက်ပြီး ကျယ်ကျယ်လွင့်လွင့်ကစားဖို့ လုပ်လာရတယ်။ဒါမှ အထဲဝင်သွားတဲ့ TAA ဘေးကနေရာတွေကို အသုံးချနိုင်မှာကိုး။ အဲလိုနဲ့ ပြီးခဲ့တဲ့နှစ်မှာ လီဗာပူးညာတောင်ပံကိုစိုးမိုးထားတာ ရှေ့တန်းသမား မိုဆားလား ဖြစ်လာခဲ့တယ်။ ဂျာဂင်ကလော့ပ် လက်ထက်မှာ ပထမဆုံးပဲ။

အပေါ်ယံကြည့်ရင်တော့ ဂိုးသွင်းမယ့် ရှေ့တန်းသမားက တောင်ပံကနေ ဘောလုံးတွေ တင်ပေးနေရတာ အချိုးမကျတဲ့ ပုံစံကြီးလို့ ထင်စရာရှိပေမယ့် သေချာကြည့်ရင် အဲဒီပုံစံကြောင့် လီဗာပူးရှေ့တန်း အရမ်းကောင်းသွားတာတွေ့ရတယ်။ မိုဆားလား ၂၃ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးပေးခဲ့တယ်။ သူ့အတွက် ၂၀၁၇-၁၈ နောက်ပိုင်း စံချိန်တင်ပါပဲ။ TAA ရဲ့ တိုက်စစ်ပိုင်းက အဆင့်တခုထိ ထိုးတက်သွားတယ်။ ချုပ်လိုက်တော့ လီဗာပူးတို့ ၉၄ ဂိုးသွင်းနိုင်ခဲ့ကြတယ်။ ကလော့ပ်လက်ထက် အများဆုံးသွင်းဂိုးနဲ့ပေါ့။
မိုဆားလား ညာခြမ်းမှာ ဘောလုံးရသွားရင် လုပ်စရာ ၃ ခုပဲရှိတယ်။ အတွင်းကိုတက်လာတဲ့ TAA (ဒါမှမဟုတ်တခြားတစ်ယောက်ဖြစ်ဖြစ်)ဆီကို ဘောလုံးပေးပြီး ဂိုးဖန်တီးခိုင်းမလား ဒါမှမဟုတ် လိမ်ခေါက် အတွင်းကို ဆွဲဝင်လာပြီး ဂိုးရှုးမလား ဒါမှမဟုတ် ဂိုးနဲ့ဝေးရာ ညာဘက်ကို ဘောလုံးဆွဲသွားမလားဆိုတာရယ်။ ပထမ ၂ ခုကတော့ဘယ်နောက်တန်းမှ မလုပ်စေချင်ကြဘူးလေ။ အဲဒီတော့ သူနဲ့တွေ့ရင် ဘယ်ခြမ်းကို ကာပိတ်ထားပြီး ညာဘက်ကိုပဲဆွဲသွားအောင် ဖိအားပေးကစားတတ်လာကြတယ်။

ရှေ့တန်းသမားတွေ အဲလိုညာခြမ်းဆွဲသွားပြီဆိုရင် အဓိကအားဖြင့် ၃ နေရာကို ဘောလုံးပေးတတ်ကြတယ်။ အနီးတိုင်ဘက်ခြမ်းရယ်၊ အဝေးတိုင်ဘက်ခြမ်းရယ်၊ ပင်နယ်တီကန်တဲ့နေရာနားလေးရယ်။ အများဆုံးကတော့ အနီးတိုင်ဘက်ခြမ်းပေါ့။ ဆာလားလို ညာခြေသိပ်မသန်သူအတွက်ကတော့ အနီးတိုင်ဘက်ခြမ်းကို အနိမ့်ဘောထည့်ပေးလိုက်တာကိုပဲ အများဆုံးလုပ်လေ့ရှိပါတယ်။ သူ့ဆီကထွက်လာတဲ့အလုံးတွေကို အနီးတိုင်ဘက်ခြမ်းမှာပြေးလွှားပြီး အသုံးချမယ့် အဆုံးသတ်မယ့်သူ လိုနေခဲ့တယ်။

အဲဒီမှာ လီဗာပူးတို့ အကြပ်ရိုက်တော့တာပါပဲ။ ကလော့ပ်က ဖာမီနိုကို အဲဒီအခွင့်အရေးတွေ သုံးခိုင်းဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် ဖာမီနိုက False 9 ပုံစံနဲ့ ကစားရတာဆိုတော့ နောက်ထိဆင်းနေရချိန်များတော့ အချိန်နော်တော်များများမှာ အဆင်သင့်ဖြစ်မနေနိုင်ခဲ့ပါဘူး။
အဲဒီမှာ ဒါဝင်နူးနက်ဇ် အခန်းရောက်လာတာပါပဲ။
ဖူလ်ဟမ်နဲ့ အဖွင့်ပွဲမှာ ဖာမီနိုအစား လူစားဝင်လာပြီး ၁၅ မိနစ်အကြာမှာပဲ အဲဒီပုံစံကနေ အပိုင်အခွင့်အရေး ၂ ကြိမ်ထိရခဲ့တယ်၊ ပထမတခါကို ဂိုးသမား ကာကွယ်လိုက်နိုင်ပေမယ့် ဒုတိယအကြိမ်မှာတော့ ဂိုးပေးခဲ့လိုက်ရတယ်။ပြောရရင် ကွန်မြူနီတီဒိုင်းပွဲတုန်းက မန်စီးတီးကိုရခဲ့တဲ့ ပင်နယ်တီကလဲ ဒီပုံစံကပါပဲ။ ဆာလား တင်ပေးလိုက်တဲ့အနိမ့်ဘောကို ပြေးလွှားနေတဲ့ နူးနက်ဇ် ခေါင်းဖြတ်တိုက်လိုက်တာပါပဲ။ မန်စီးတီးနောက်တန်းလူ ဒီယက်ဇ်ရဲ့ လက်ကို ထိသွားလို့သာ ပင်နယ်တီဖြစ်သွားခဲ့တာ။

ဒီလိုနဲ့ လီဗာပူးတို့ဟာ မိုဆားလားရဲ့ ဂိုးသွင်းသေချာမှုလို၊ ထရမ့် အာနိုး TAA ရဲ့ တိုက်စစ်လိုက်ပါမှုလို နဂိုရှိရင်းစွဲရှေ့တန်းအားသာမှုတွေမှာ နူးနက်ဇ်ရဲ့ မြန်ဆန်မှု နေရာယူမှုတွေပေါင်းပြီး ပြည့်စုံလုနီးပါး ကြောက်စရာ ရှေ့တန်းကစားပုံကို ပုံဖော်နိုင်ခဲ့ပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။
အခုလို စိတ်ဝင်စားစရာ သုံးသပ်ချက်တွေ မလွတ်တမ်း ဖတ်နိုင်ဖို့ ကျနော်တို့ရဲ့ PremierHighlight page လေးကိုLike လုပ်ထားကြပါဦးနော် ညီအစ်ကိုတို့

(Zawgyi)
အရင္ႏွစ္ေတြကေတာ့ လီဗာပူး ညာျခမ္းက ႐ိုး႐ိုးရွင္းရွင္းပါပဲ။
မိုဆားလားက အထဲခ်ိဳးဝင္တဲ့ ေတာင္ပံကစားသမား inverted winger အေနနဲ႔ကစားတယ္။ သူကဘယ္သန္ ပင္နယ္တီေဘာက္ထဲဝင္လာၿပီး က်ဥ္းက်ဥ္းက်ပ္က်ပ္ အတိုေပးေလးေတြနဲ႔ ကစားၿပီး ဂိုးသြင္းဖို႔ ႀကိဳးစားတတ္တယ္။အေကာင္းဆုံး တိုက္စစ္အားသန္ ေနာက္ခံလူတစ္ေယာက္ ျဖစ္လာတဲ့ TAA ထရမ့္အလက္ဇႏၵား အာႏိုးကေတာ့ ညာသန္ျဖစ္ၿပီး ေတာင္ပံတိုက္စစ္ကို overlap တက္တက္လာတတ္တယ္။
ႏူးနက္ဇ္ + ဆားလား = လီဗာပူးရဲ႕ ေၾကာက္စရာ ေရွ႕တန္း ကစားပုံအသစ္
အၿမဲတမ္းေတာ့ မဟုတ္ေပမယ့္ ပြဲေတာ္ေတာ္မ်ားမ်ားမွာ TAA က final third ရဲ႕ ညာျခမ္းတဝက္ေလာက္မွာ လွည့္ပါတ္ေမႊေႏွာက္၊ ဂိုးေပါက္နား နီးနီးကပ္ကပ္ထိ ဝင္ဝင္လာတတ္တာက တခါတခါ ေရွ႕တန္းကစားသမားေတြထက္ ပိုေၾကာက္စရာေကာင္းေနတတ္တယ္။ ဒါေပမယ့္ သူ႔ရဲ႕ အဲ့လိုကစားေပါက္က မိုဆားလားကို ေနရာေျပာင္းကစားရဖို႔ျဖစ္သြားတယ္။ အဲလိုအခ်ိန္ေတြဆို ဆားလားက အေပၚထိတက္ၿပီး က်ယ္က်ယ္လြင့္လြင့္ကစားဖို႔ လုပ္လာရတယ္။ဒါမွ အထဲဝင္သြားတဲ့ TAA ေဘးကေနရာေတြကို အသုံးခ်ႏိုင္မွာကိုး။ အဲလိုနဲ႔ ၿပီးခဲ့တဲ့ႏွစ္မွာ လီဗာပူးညာေတာင္ပံကိုစိုးမိုးထားတာ ေရွ႕တန္းသမား မိုဆားလား ျဖစ္လာခဲ့တယ္။ ဂ်ာဂင္ကေလာ့ပ္ လက္ထက္မွာ ပထမဆုံးပဲ။

အေပၚယံၾကည့္ရင္ေတာ့ ဂိုးသြင္းမယ့္ ေရွ႕တန္းသမားက ေတာင္ပံကေန ေဘာလုံးေတြ တင္ေပးေနရတာ အခ်ိဳးမက်တဲ့ ပုံစံႀကီးလို႔ ထင္စရာရွိေပမယ့္ ေသခ်ာၾကည့္ရင္ အဲဒီပုံစံေၾကာင့္ လီဗာပူးေရွ႕တန္း အရမ္းေကာင္းသြားတာေတြ႕ရတယ္။ မိုဆားလား ၂၃ ဂိုးသြင္း၊ ၁၃ ဂိုး ဖန္တီးေပးခဲ့တယ္။ သူ႔အတြက္ ၂၀၁၇-၁၈ ေနာက္ပိုင္း စံခ်ိန္တင္ပါပဲ။ TAA ရဲ႕ တိုက္စစ္ပိုင္းက အဆင့္တခုထိ ထိုးတက္သြားတယ္။ ခ်ဳပ္လိုက္ေတာ့ လီဗာပူးတို႔ ၉၄ ဂိုးသြင္းႏိုင္ခဲ့ၾကတယ္။ ကေလာ့ပ္လက္ထက္ အမ်ားဆုံးသြင္းဂိုးနဲ႔ေပါ့။
မိုဆားလား ညာျခမ္းမွာ ေဘာလုံးရသြားရင္ လုပ္စရာ ၃ ခုပဲရွိတယ္။ အတြင္းကိုတက္လာတဲ့ TAA (ဒါမွမဟုတ္တျခားတစ္ေယာက္ျဖစ္ျဖစ္)ဆီကို ေဘာလုံးေပးၿပီး ဂိုးဖန္တီးခိုင္းမလား ဒါမွမဟုတ္ လိမ္ေခါက္ အတြင္းကို ဆြဲဝင္လာၿပီး ဂိုးရႈးမလား ဒါမွမဟုတ္ ဂိုးနဲ႔ေဝးရာ ညာဘက္ကို ေဘာလုံးဆြဲသြားမလားဆိုတာရယ္။ ပထမ ၂ ခုကေတာ့ဘယ္ေနာက္တန္းမွ မလုပ္ေစခ်င္ၾကဘူးေလ။ အဲဒီေတာ့ သူနဲ႔ေတြ႕ရင္ ဘယ္ျခမ္းကို ကာပိတ္ထားၿပီး ညာဘက္ကိုပဲဆြဲသြားေအာင္ ဖိအားေပးကစားတတ္လာၾကတယ္။

ေရွ႕တန္းသမားေတြ အဲလိုညာျခမ္းဆြဲသြားၿပီဆိုရင္ အဓိကအားျဖင့္ ၃ ေနရာကို ေဘာလုံးေပးတတ္ၾကတယ္။ အနီးတိုင္ဘက္ျခမ္းရယ္၊ အေဝးတိုင္ဘက္ျခမ္းရယ္၊ ပင္နယ္တီကန္တဲ့ေနရာနားေလးရယ္။ အမ်ားဆုံးကေတာ့ အနီးတိုင္ဘက္ျခမ္းေပါ့။ ဆာလားလို ညာေျခသိပ္မသန္သူအတြက္ကေတာ့ အနီးတိုင္ဘက္ျခမ္းကို အနိမ့္ေဘာထည့္ေပးလိုက္တာကိုပဲ အမ်ားဆုံးလုပ္ေလ့ရွိပါတယ္။ သူ႔ဆီကထြက္လာတဲ့အလုံးေတြကို အနီးတိုင္ဘက္ျခမ္းမွာေျပးလႊားၿပီး အသုံးခ်မယ့္ အဆုံးသတ္မယ့္သူ လိုေနခဲ့တယ္။

အဲဒီမွာ လီဗာပူးတို႔ အၾကပ္႐ိုက္ေတာ့တာပါပဲ။ ကေလာ့ပ္က ဖာမီႏိုကို အဲဒီအခြင့္အေရးေတြ သုံးခိုင္းဖို႔ ႀကိဳးစားခဲ့ေသးတယ္။ ဒါေပမယ့္ ဖာမီႏိုက False 9 ပုံစံနဲ႔ ကစားရတာဆိုေတာ့ ေနာက္ထိဆင္းေနရခ်ိန္မ်ားေတာ့ အခ်ိန္ေနာ္ေတာ္မ်ားမ်ားမွာ အဆင္သင့္ျဖစ္မေနႏိုင္ခဲ့ပါဘူး။
အဲဒီမွာ ဒါဝင္ႏူးနက္ဇ္ အခန္းေရာက္လာတာပါပဲ။
ဖူလ္ဟမ္နဲ႔ အဖြင့္ပြဲမွာ ဖာမီႏိုအစား လူစားဝင္လာၿပီး ၁၅ မိနစ္အၾကာမွာပဲ အဲဒီပုံစံကေန အပိုင္အခြင့္အေရး ၂ ႀကိမ္ထိရခဲ့တယ္၊ ပထမတခါကို ဂိုးသမား ကာကြယ္လိုက္ႏိုင္ေပမယ့္ ဒုတိယအႀကိမ္မွာေတာ့ ဂိုးေပးခဲ့လိုက္ရတယ္။ေျပာရရင္ ကြန္ျမဴနီတီဒိုင္းပြဲတုန္းက မန္စီးတီးကိုရခဲ့တဲ့ ပင္နယ္တီကလဲ ဒီပုံစံကပါပဲ။ ဆာလား တင္ေပးလိုက္တဲ့အနိမ့္ေဘာကို ေျပးလႊားေနတဲ့ ႏူးနက္ဇ္ ေခါင္းျဖတ္တိုက္လိုက္တာပါပဲ။ မန္စီးတီးေနာက္တန္းလူ ဒီယက္ဇ္ရဲ႕ လက္ကို ထိသြားလို႔သာ ပင္နယ္တီျဖစ္သြားခဲ့တာ။

ဒီလိုနဲ႔ လီဗာပူးတို႔ဟာ မိုဆားလားရဲ႕ ဂိုးသြင္းေသခ်ာမႈလို၊ ထရမ့္ အာႏိုး TAA ရဲ႕ တိုက္စစ္လိုက္ပါမႈလို နဂိုရွိရင္းစြဲေရွ႕တန္းအားသာမႈေတြမွာ ႏူးနက္ဇ္ရဲ႕ ျမန္ဆန္မႈ ေနရာယူမႈေတြေပါင္းၿပီး ျပည့္စုံလုနီးပါး ေၾကာက္စရာ ေရွ႕တန္းကစားပုံကို ပုံေဖာ္ႏိုင္ခဲ့ၿပီလို႔ ေျပာရမွာပဲ ျဖစ္ပါတယ္။
အခုလို စိတ္ဝင္စားစရာ သုံးသပ္ခ်က္ေတြ မလြတ္တမ္း ဖတ္ႏိုင္ဖို႔ က်ေနာ္တို႔ရဲ႕ PremierHighlight page ေလးကိုLike လုပ္ထားၾကပါဦးေနာ္ ညီအစ္ကိုတို႔
