ဒီတစ်ပါတ် ပရီးမီးယားလိဂ်ပွဲများအတွက် ပွဲကြိုခန့်မှန်းချက်များ

(Unicode) ဒီတစ်ပါတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ဘီဘီစီက ခရစ်ဆတ်တန်ရဲ့ ခန့်မှန်းချက်လေးတွေ ကြည့်လိုက်ကြရအောင်။

Tottenham v Wolves (စနေ 6:00)

ပြီးခဲ့တဲ့အပါတ်က စပါးတို့ ကစားပုံက နည်းနည်းစိတ်ပျက်စရာကောင်းပေမယ့် သရေတစ်မှတ်ယူဖို့ ပြန်ကြိုးစားကြပုံကတော့ ကျေနပ်စရာပါ။ ဝုလ်ဖ်တို့က ဗလင်စီယာရှေ့တန်းကစားသမား Goncalo Guedes ကို ခေါ်ထားပေးမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ သူကလည်းသိပ်ထူးထူးခြားခြားလုပ်မပြနိုင်ခဲ့သေးပါဘူး။ အဲလိုရှေ့တန်းမှာ ဂိုးသွင်းမယ့်သူမရှိတာကပဲ သူတို့ရဲ့ မနှစ်ကကတည်းက ပြဿနာပါပဲ။ စပါးတို့မှာတော့ အဲဒီပြဿနာမရှိပါဘူး။ အသစ်ခေါ်ထားတဲ့ ရစ်ချတ်လီဆင်ကို ကွန်တီ ထည့်ကစားမလား စိတ်ဝင်စားစရာပါ။ ဒါပေမယ့်လည်း သူပါပါ မပါပါ စပါးရှေ့တန်းက ဝုလ်ဖ်တို့အတွက် ထိန်းဖို့ခက်နေဦးမှာပါပဲ။
၃-၀, ၂-၀ လောက် ခန့်မှန်းချင်ပါတယ်။

Crystal Palace v Aston Villa (စနေ 8:30)

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက လီဗာပူးနဲ့ပွဲမှာ ပဲလေ့စ်တို့ ခြေစွမ်းကောင်းကောင်းပြနိုင်ခဲ့ကြတယ်၊ လီဗာပူးဘက်က တစ်ယောက်လျော့သွားချိန်မှာ ပဲလေ့စ်တို့ အနိုင် ၃ မှတ်ယူသွားမလားတောင် ထင်ခဲ့ရတယ်။ ဘယ်လိုပဲပြောပြော အဲဒီကနေ ပဲလေ့စ်တို့ စိတ်ဓာတ်တက်နေပြီး သူတို့ရဲ့ ပထမဆုံးအနိုင်ပွဲကို ယူဖို့ ထက်သန်နေမှာ အမှန်ပါပဲ။ ဗီလာတို့ကလဲ အဲလိုပဲ စိတ်ကူးနေမှာပါပဲ။ အဲဗာတန်နဲ့ပွဲမှာ အဖွင့်ပွဲ ဘုန်းမောက်ကို ရှုံးခဲ့တုန်းကထက် အများကြီး တိုးတက်လာတာတွေ့ခဲ့ရတယ်။ဒါပေမယ့် ဂျာရတ်အတွက် စိတ်ပျက်စရာက နောက်တန်းလူ Diego Carlos ကို ဒဏ်ရာနဲ့ ကာလရှည် လက်လွှတ်လိုက်ရတော့မှာပဲ ဖြစ်ပါလိမ့်မယ်။ ကွင်းလယ်အတွက်လည်း ရှေ့ ၂ ပွဲမှာ ခြေစွမ်းပျောက်ခဲ့တဲ့ Coutinho အစား Emiliano Buendia ကို ပွဲထုတ်မလား သူစဉ်းစားရပါတော့မယ်။
ဒီပွဲကတော့ တစ်ဖက်ဖက်ကို ရွေးဖို့ခက်လို့ ၁ – ၁ နဲ့ သရေပွဲလို့ပဲ မှန်းလိုက်ချင်ပါတယ်။

Everton v Nottingham Forest (စနေ 8:30)

အပြောင်းအရွှေ့မှာ ခေါ်ထားတဲ့ လူတွေအများကြီးနဲ့ ကာမိအောင် နော့တင်ဟမ်တို့ ဝက်စ်ဟမ်းကို အနိုင်ယူပြီး အရေးပါတဲ့ ၃ မှတ် အရယူသွားနိုင်ခဲ့ကြပါတယ်။ ခြေစွမ်းအရတော့ ဝင်စ်ဟမ်းတို့ သရေတစ်မှတ်လောက်ရခဲ့သင့်တာပါ။ အဲဗာတန်တို့လဲ အဲလိုအရေးကြီး နိုင်ပွဲတစ်ခု လိုနေကြပါပြီ။ တကယ်တမ်းသူတို့ကစားပုံကလဲ အဲလောက်ဆိုးမနေဘူးလေ။ တကယ်တမ်းလိုနေတာ ကွင်းလယ်တိုက်စစ် CF နေရာ၊ ဗီလာနဲ့ပွဲမှာ အဲဒီနေရာကို အသစ်ခေါ်ထားတဲ့ Onana ဝင်ကစားသွားတာ မဆိုးဘူး။ အိမ်ကွင်းလဲ ဖြစ်နေတော့ ဒီပွဲမှာ သူတို့ကို ၂-၀ လောက်နဲ့ အနိုင်မှန်းထားချင်တယ်။

Fulham v Brentford (စနေ 8:30)

မန်ယူကို ၄-၀ နဲ့နိုင်ထားတဲ့ ဘရန့်ဖို့ကစားပုံကို သိပ်ကြိုက်တယ်။ ဒါပေမယ့် ဖူလ်ဟမ်က သူတို့ကို တကယ်ပြန်ကစားမှာ၊ လီဗာပူးနဲ့တုန်းကလိုပေါ့လေ။ ဆိုတော့ ဘရန့်ဖို့တို့အတွက် မန်ယူနဲ့ပွဲတုန်းကထက် ပိုခက်ခဲလိမ့်မယ်။ ဖူလ်ဟမ်တို့က ရှေ့ ၂ ပွဲမှာ သရေတွေချည်းယူထားကြတယ် ဒီပွဲလဲ အဲလိုပဲ အမှတ်ခွဲယူကြလိမ့်ဦးမယ်ထင်တယ်။ ၁-၁ လောက်နဲ့ပေါ့။

Leicester v Southampton (စနေ 8:30)

ရာသီအစမှာတင် ဖိအားဝင်သလိုဖြစ်နေတဲ့ ဆောက်သမ်တန်နည်းပြကြီးအတွက် ပြီးခဲ့တဲ့ လိဒ်စ်နဲ့ပွဲမှာ ၂-၀ ကနေ သရေတစ်မှတ်ရအောင် ပြန်လာနိုင်ခဲ့တာ တော်တော်အားတက်သွားစေလိမ့်မယ်ထင်တယ်။ ရာသီကြိုပွဲတွေမှာ နောက်တန်း ၃ ယောက်နဲ့ ကစားကွက်ကို စမ်းခဲ့ပေမယ့် အလုပ်ဖြစ်ပုံမပေါ်လို့ ပြီးခဲ့တဲ့ပွဲမှာ ၄ ယောက်တန်းပြန်ထားပြီး ကစားသွားခဲ့တယ်။ ဒီပွဲလဲ အဲလိုပဲ ပြန်သုံးမယ့်ပုံရှိတယ်။ လက်စတာတို့ကလဲ နောက်ခံလူ Wesley Fofana အပြောင်းအရွှေ့မရေရာမှုတွေကြောင့် နောက်တန်းပြဿနာတက်နေကြတာပါပဲ။ ဒါပေမယ့် သူတို့မှာက ရှေ့တန်းလူတွေက အားကိုးနေရသေးတယ်။ ဒီပွဲကတော့ ဂိုးတွေများလိမ့်မယ်ထင်တယ်။ ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာကို ပိုယုံကြည်နေမိတယ်။ ၂-၁ လောက်တော့ ဖြစ်မယ်ထင်တယ်။

Bournemouth v Arsenal (စနေ ၁၁:၀၀)

ဂျေးဆုရောက်လာတာနဲ့အတူ အာဆင်နယ်တို့ အလန်းစာ ရာသီအစနဲ့ ရှယ်ဖြစ်နေကြတယ်။ ဒါပေမယ့် ဒီပွဲကော သူဂိုးဆက်သွင်းနိုင်မလား သံသယနည်းနည်းဝင်မိတယ်။ ဘုန်းမောက်တို့အတွက် မန်စီးတီးနဲ့ ပွဲအဖြေကြည့်ရင် အထင်သေးစရာဖြစ်ပေမယ့် တကယ်တမ်းသစားသွားတာ အဲလောက်အဆိုးကြီးမဟုတ်ပါဘူး။ ဒီတပွဲက အိမ်ကွင်းမှာ ကန်ရမှာဆိုတော့ နည်းနည်းဖြစ်ဖြစ်ပိုကောင်းအောင် ကြိုးစားကန်ကြလိမ့်မယ်။ တအားကြီးတော့ အလုပ်ဖြစ်မယ် မှန်းထားလို့မရဘူးပေါ့လေ။ အဆုံးသတ်မှာတော့ အာဆင်နယ်ကပဲ ၀-၂ လောက်နဲ့ နိုင်သွားလိမ့်မယ်ထင်တယ်။

Read more...  မန်ယူက Marko Arnautovic ကို ခေါ်ဖို့ကြိုးစားနေရလော​က်အောင် အခြေအနေဆိုးနေပြီလား?

Leeds v Chelsea (တနင်္ဂနွေ 7:30)

လိဒ်စ်နည်းပြကြီး Jesse Marsch တစ်ယောက် ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ၂-၀ နဲ့နိုင်နေပြီးမှ အမှတ်ခွဲပေးလိုက်ရလို့ စိတ်ပျက်နေမှာအမှန်ပါပဲ။ ဒါပေမယ့် ဒီတစ်ပါတ်လဲ စိတ်ပျက်စရာရလဒ် ထပ်ရလိမ့်မယ်ဦးမယ်ထင်ပါတယ်။ ချယ်ဆီးရှေ့တန်းက ဘာပြဿနာတက်နေလဲမသိဘူး၊ ကစားသမားအသစ်တွေခေါ်ဖို့ ချိတ်နေတဲ့သတင်းတွေလဲ အများကြီးတွေ့နေရတယ်။ ပြီးခဲ့တဲ့ စပါးနဲ့ပွဲတုန်းကတော့ ကစားတာတော်တော်ကောင်းပါတယ်။ အဲလိုသာ ဆက်ကစားရင် ဒီပွဲလဲ နိုင်မှာပါ။ ၀-၁ လောက်မှန်းထားချင်ပါတယ်။

West Ham v Brighton (တနင်္ဂနွေ 7:30)

ဝက်စ်ဟမ်းတို့ ရာသီအစ ၂ ပွဲလုံးရှုံးထားကြတယ်၊ ရာသီကြိုမှာ ဒဏ်ရာရထားတဲ့လူတွေနဲ့မို့ ဖြစ်နေတာဖြစ်လို့ သိပ်တော့စိုးရိမ်စရာမရှိပါဘူး။ သိပ်မကြာခင် လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာကြမှာပါ။ ဒါပေမယ့် ဒီပွဲတော့ မဖြစ်လောက်သေးဘူး။ ဘရိုက်တန်တို့ ၂၀၁၇ ပရီးမီးယားလိဂ်ပြန်ရောက်ပြီးကတည်းက ဝက်စ်ဟမ်းတို့ ၁၀ ခါကန်ပြီးတာမှာ တစ်ကြိမ်မှ မနိုင်ခဲ့ဖူးသေးဘူး။ ဂရေဟန်ပေါ်တာရဲ့ ဘရိုက်တန်က သေချာစုစည်းထားတဲ့အသင်းဖြစ်ပြီး ဒီပွဲကနေ တစ်မှတ်လောက်တော့ ပြန်ယူနိုင်လိမ့်မယ် ထင်နေမိတယ်။ ၁-၁ လောက်ဖြစ်လိမ့်မယ်။

Newcastle v Manchester City (တနင်္ဂနွေ 10:00)

နယူးကာဆယ်တို့ရဲ့ စိန့်ဂျိမ်းပတ်ခ်မှာ ရာသီဥတုကောင်းနေတယ်။ Callum Wilson အတွက် အခွင့်အရေး တကြိမ် နှစ်ကြိမ်လောက် ဖန်တီးပေးနိုင်လိမ့်မယ် ထင်တယ်။ ဒါပေမယ့်လဲ ခြေလှမ်းမမှားသေးတဲ့ မန်စီးတီးတို့ပဲ နိုင်ဦးမှာပါ။ ဘုန်းမောက်ပွဲမှာ ဟာလန်းဘောလုံးနည်းနည်းပဲ ထိခဲ့ရတာကို ဝိုင်းပြောနေကြပေမယ့် အဲဒီနည်းနည်းထဲက တစ်ခုကပဲ ဂွန်ဒိုဂန်ဂိုးရှူးဖို့ ဖန်ပေးခဲ့တာပဲလေ။ ပြိုင်ဘက်တွေက ဟာလန်းကို အာရုံစိုက်နေလေ တခြားကစားသမားတွေအတွက် နေရာလွတ်တွေ ရလေဖြစ်နေမှာပါပဲ၊ သူတို့ နေရာလွတ်တွေရရင် ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ လူတိုင်းသိပြီးသားပဲမလား။ ၁-၃ လောက်ဖြစ်မယ်ထင်တယ်။

Manchester United v Liverpool (တနင်္လာ 1:30)

မန်ယူတို့ ဒီပွဲနိုင်ခဲ့ရင်တော့ လီဗာပူးကို ကျော်တက်မှာပေါ့၊ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။တန်ဟက်ဂ်လဲ ရှိတဲ့လူစာရင်းနဲ့ ဘယ်လိုအပြောင်းအလဲ လုပ်နိုင်မှာမို့လဲ။ လီဗာပူးကလဲ နူးနက်ဇ်ပါနိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် ဆာလား နဲ့ ဒီယက်ဇ်ရှိနေပါသေးတယ်။ ဘာတွေပဲဖြစ်ဖြစ် ကလော့ပ်ရဲ့ လီဗာပူးက မန်ယူကိုတော့ အနိုင်ပါပဲ။ မနှစ်က ၅ ဂိုးပြတ်နဲ့ နိုင်ခဲ့သလို ဒီနှစ်လဲ နိုင်ဦးမှာပါပဲ။ အားနာပါးနာနဲ့ ၁ ဂိုးပြန်ပေးပြီး ၁-၅ လောက်လို့ မှန်းထားချင်တယ်

(Zawgyi)

ဒီတစ္ပါတ္ ပရီးမီးယားလိဂ္ပြဲေတြအတြက္ ဘီဘီစီက ခရစ္ဆတ္တန္ရဲ႕ ခန႔္မွန္းခ်က္ေလးေတြ ၾကည့္လိုက္ၾကရေအာင္။

Tottenham v Wolves (စေန 6:00)

ၿပီးခဲ့တဲ့အပါတ္က စပါးတို႔ ကစားပုံက နည္းနည္းစိတ္ပ်က္စရာေကာင္းေပမယ့္ သေရတစ္မွတ္ယူဖို႔ ျပန္ႀကိဳးစားၾကပုံကေတာ့ ေက်နပ္စရာပါ။ ဝုလ္ဖ္တို႔က ဗလင္စီယာေရွ႕တန္းကစားသမား Goncalo Guedes ကို ေခၚထားေပးမယ့္ ဖူလ္ဟမ္နဲ႔ပြဲမွာ သူကလည္းသိပ္ထူးထူးျခားျခားလုပ္မျပႏိုင္ခဲ့ေသးပါဘူး။ အဲလိုေရွ႕တန္းမွာ ဂိုးသြင္းမယ့္သူမရွိတာကပဲ သူတို႔ရဲ႕ မႏွစ္ကကတည္းက ျပႆနာပါပဲ။ စပါးတို႔မွာေတာ့ အဲဒီျပႆနာမရွိပါဘူး။ အသစ္ေခၚထားတဲ့ ရစ္ခ်တ္လီဆင္ကို ကြန္တီ ထည့္ကစားမလား စိတ္ဝင္စားစရာပါ။ ဒါေပမယ့္လည္း သူပါပါ မပါပါ စပါးေရွ႕တန္းက ဝုလ္ဖ္တို႔အတြက္ ထိန္းဖို႔ခက္ေနဦးမွာပါပဲ။
၃-၀, ၂-၀ ေလာက္ ခန႔္မွန္းခ်င္ပါတယ္။

Crystal Palace v Aston Villa (စေန 8:30)

ၿပီးခဲ့တဲ့ တနလၤာေန႔တုန္းက လီဗာပူးနဲ႔ပြဲမွာ ပဲေလ့စ္တို႔ ေျခစြမ္းေကာင္းေကာင္းျပႏိုင္ခဲ့ၾကတယ္၊ လီဗာပူးဘက္က တစ္ေယာက္ေလ်ာ့သြားခ်ိန္မွာ ပဲေလ့စ္တို႔ အႏိုင္ ၃ မွတ္ယူသြားမလားေတာင္ ထင္ခဲ့ရတယ္။ ဘယ္လိုပဲေျပာေျပာ အဲဒီကေန ပဲေလ့စ္တို႔ စိတ္ဓာတ္တက္ေနၿပီး သူတို႔ရဲ႕ ပထမဆုံးအႏိုင္ပြဲကို ယူဖို႔ ထက္သန္ေနမွာ အမွန္ပါပဲ။ ဗီလာတို႔ကလဲ အဲလိုပဲ စိတ္ကူးေနမွာပါပဲ။ အဲဗာတန္နဲ႔ပြဲမွာ အဖြင့္ပြဲ ဘုန္းေမာက္ကို ရႈံးခဲ့တုန္းကထက္ အမ်ားႀကီး တိုးတက္လာတာေတြ႕ခဲ့ရတယ္။ဒါေပမယ့္ ဂ်ာရတ္အတြက္ စိတ္ပ်က္စရာက ေနာက္တန္းလူ Diego Carlos ကို ဒဏ္ရာနဲ႔ ကာလရွည္ လက္လႊတ္လိုက္ရေတာ့မွာပဲ ျဖစ္ပါလိမ့္မယ္။ ကြင္းလယ္အတြက္လည္း ေရွ႕ ၂ ပြဲမွာ ေျခစြမ္းေပ်ာက္ခဲ့တဲ့ Coutinho အစား Emiliano Buendia ကို ပြဲထုတ္မလား သူစဥ္းစားရပါေတာ့မယ္။
ဒီပြဲကေတာ့ တစ္ဖက္ဖက္ကို ေ႐ြးဖို႔ခက္လို႔ ၁ – ၁ နဲ႔ သေရပြဲလို႔ပဲ မွန္းလိုက္ခ်င္ပါတယ္။

Read more...  Leeds United 2 : 1 Wolves -- All Goals and Highlights

Everton v Nottingham Forest (စေန 8:30)

အေျပာင္းအေ႐ႊ႕မွာ ေခၚထားတဲ့ လူေတြအမ်ားႀကီးနဲ႔ ကာမိေအာင္ ေနာ့တင္ဟမ္တို႔ ဝက္စ္ဟမ္းကို အႏိုင္ယူၿပီး အေရးပါတဲ့ ၃ မွတ္ အရယူသြားႏိုင္ခဲ့ၾကပါတယ္။ ေျခစြမ္းအရေတာ့ ဝင္စ္ဟမ္းတို႔ သေရတစ္မွတ္ေလာက္ရခဲ့သင့္တာပါ။ အဲဗာတန္တို႔လဲ အဲလိုအေရးႀကီး ႏိုင္ပြဲတစ္ခု လိုေနၾကပါၿပီ။ တကယ္တမ္းသူတို႔ကစားပုံကလဲ အဲေလာက္ဆိုးမေနဘူးေလ။ တကယ္တမ္းလိုေနတာ ကြင္းလယ္တိုက္စစ္ CF ေနရာ၊ ဗီလာနဲ႔ပြဲမွာ အဲဒီေနရာကို အသစ္ေခၚထားတဲ့ Onana ဝင္ကစားသြားတာ မဆိုးဘူး။ အိမ္ကြင္းလဲ ျဖစ္ေနေတာ့ ဒီပြဲမွာ သူတို႔ကို ၂-၀ ေလာက္နဲ႔ အႏိုင္မွန္းထားခ်င္တယ္။

Fulham v Brentford (စေန 8:30)

မန္ယူကို ၄-၀ နဲ႔ႏိုင္ထားတဲ့ ဘရန႔္ဖို႔ကစားပုံကို သိပ္ႀကိဳက္တယ္။ ဒါေပမယ့္ ဖူလ္ဟမ္က သူတို႔ကို တကယ္ျပန္ကစားမွာ၊ လီဗာပူးနဲ႔တုန္းကလိုေပါ့ေလ။ ဆိုေတာ့ ဘရန႔္ဖို႔တို႔အတြက္ မန္ယူနဲ႔ပြဲတုန္းကထက္ ပိုခက္ခဲလိမ့္မယ္။ ဖူလ္ဟမ္တို႔က ေရွ႕ ၂ ပြဲမွာ သေရေတြခ်ည္းယူထားၾကတယ္ ဒီပြဲလဲ အဲလိုပဲ အမွတ္ခြဲယူၾကလိမ့္ဦးမယ္ထင္တယ္။ ၁-၁ ေလာက္နဲ႔ေပါ့။

Leicester v Southampton (စေန 8:30)

ရာသီအစမွာတင္ ဖိအားဝင္သလိုျဖစ္ေနတဲ့ ေဆာက္သမ္တန္နည္းျပႀကီးအတြက္ ၿပီးခဲ့တဲ့ လိဒ္စ္နဲ႔ပြဲမွာ ၂-၀ ကေန သေရတစ္မွတ္ရေအာင္ ျပန္လာႏိုင္ခဲ့တာ ေတာ္ေတာ္အားတက္သြားေစလိမ့္မယ္ထင္တယ္။ ရာသီႀကိဳပြဲေတြမွာ ေနာက္တန္း ၃ ေယာက္နဲ႔ ကစားကြက္ကို စမ္းခဲ့ေပမယ့္ အလုပ္ျဖစ္ပုံမေပၚလို႔ ၿပီးခဲ့တဲ့ပြဲမွာ ၄ ေယာက္တန္းျပန္ထားၿပီး ကစားသြားခဲ့တယ္။ ဒီပြဲလဲ အဲလိုပဲ ျပန္သုံးမယ့္ပုံရွိတယ္။ လက္စတာတို႔ကလဲ ေနာက္ခံလူ Wesley Fofana အေျပာင္းအေ႐ႊ႕မေရရာမႈေတြေၾကာင့္ ေနာက္တန္းျပႆနာတက္ေနၾကတာပါပဲ။ ဒါေပမယ့္ သူတို႔မွာက ေရွ႕တန္းလူေတြက အားကိုးေနရေသးတယ္။ ဒီပြဲကေတာ့ ဂိုးေတြမ်ားလိမ့္မယ္ထင္တယ္။ ဘရန္ဒန္ေရာ္ဂ်ာရဲ႕ လက္စတာကို ပိုယုံၾကည္ေနမိတယ္။ ၂-၁ ေလာက္ေတာ့ ျဖစ္မယ္ထင္တယ္။

Bournemouth v Arsenal (စေန ၁၁:၀၀)


ေဂ်းဆုေရာက္လာတာနဲ႔အတူ အာဆင္နယ္တို႔ အလန္းစာ ရာသီအစနဲ႔ ရွယ္ျဖစ္ေနၾကတယ္။ ဒါေပမယ့္ ဒီပြဲေကာ သူဂိုးဆက္သြင္းႏိုင္မလား သံသယနည္းနည္းဝင္မိတယ္။ ဘုန္းေမာက္တို႔အတြက္ မန္စီးတီးနဲ႔ ပြဲအေျဖၾကည့္ရင္ အထင္ေသးစရာျဖစ္ေပမယ့္ တကယ္တမ္းသစားသြားတာ အဲေလာက္အဆိုးႀကီးမဟုတ္ပါဘူး။ ဒီတပြဲက အိမ္ကြင္းမွာ ကန္ရမွာဆိုေတာ့ နည္းနည္းျဖစ္ျဖစ္ပိုေကာင္းေအာင္ ႀကိဳးစားကန္ၾကလိမ့္မယ္။ တအားႀကီးေတာ့ အလုပ္ျဖစ္မယ္ မွန္းထားလို႔မရဘူးေပါ့ေလ။ အဆုံးသတ္မွာေတာ့ အာဆင္နယ္ကပဲ ၀-၂ ေလာက္နဲ႔ ႏိုင္သြားလိမ့္မယ္ထင္တယ္။

Leeds v Chelsea (တနဂၤေႏြ 7:30)

လိဒ္စ္နည္းျပႀကီး Jesse Marsch တစ္ေယာက္ ၿပီးခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပြဲမွာ ၂-၀ နဲ႔ႏိုင္ေနၿပီးမွ အမွတ္ခြဲေပးလိုက္ရလို႔ စိတ္ပ်က္ေနမွာအမွန္ပါပဲ။ ဒါေပမယ့္ ဒီတစ္ပါတ္လဲ စိတ္ပ်က္စရာရလဒ္ ထပ္ရလိမ့္မယ္ဦးမယ္ထင္ပါတယ္။ ခ်ယ္ဆီးေရွ႕တန္းက ဘာျပႆနာတက္ေနလဲမသိဘူး၊ ကစားသမားအသစ္ေတြေခၚဖို႔ ခ်ိတ္ေနတဲ့သတင္းေတြလဲ အမ်ားႀကီးေတြ႕ေနရတယ္။ ၿပီးခဲ့တဲ့ စပါးနဲ႔ပြဲတုန္းကေတာ့ ကစားတာေတာ္ေတာ္ေကာင္းပါတယ္။ အဲလိုသာ ဆက္ကစားရင္ ဒီပြဲလဲ ႏိုင္မွာပါ။ ၀-၁ ေလာက္မွန္းထားခ်င္ပါတယ္။

West Ham v Brighton (တနဂၤေႏြ 7:30)

ဝက္စ္ဟမ္းတို႔ ရာသီအစ ၂ ပြဲလုံးရႈံးထားၾကတယ္၊ ရာသီႀကိဳမွာ ဒဏ္ရာရထားတဲ့လူေတြနဲ႔မို႔ ျဖစ္ေနတာျဖစ္လို႔ သိပ္ေတာ့စိုးရိမ္စရာမရွိပါဘူး။ သိပ္မၾကာခင္ လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္လာၾကမွာပါ။ ဒါေပမယ့္ ဒီပြဲေတာ့ မျဖစ္ေလာက္ေသးဘူး။ ဘ႐ိုက္တန္တို႔ ၂၀၁၇ ပရီးမီးယားလိဂ္ျပန္ေရာက္ၿပီးကတည္းက ဝက္စ္ဟမ္းတို႔ ၁၀ ခါကန္ၿပီးတာမွာ တစ္ႀကိမ္မွ မႏိုင္ခဲ့ဖူးေသးဘူး။ ဂေရဟန္ေပၚတာရဲ႕ ဘ႐ိုက္တန္က ေသခ်ာစုစည္းထားတဲ့အသင္းျဖစ္ၿပီး ဒီပြဲကေန တစ္မွတ္ေလာက္ေတာ့ ျပန္ယူႏိုင္လိမ့္မယ္ ထင္ေနမိတယ္။ ၁-၁ ေလာက္ျဖစ္လိမ့္မယ္။

Newcastle v Manchester City (တနဂၤေႏြ 10:00)

နယူးကာဆယ္တို႔ရဲ႕ စိန႔္ဂ်ိမ္းပတ္ခ္မွာ ရာသီဥတုေကာင္းေနတယ္။ Callum Wilson အတြက္ အခြင့္အေရး တႀကိမ္ ႏွစ္ႀကိမ္ေလာက္ ဖန္တီးေပးႏိုင္လိမ့္မယ္ ထင္တယ္။ ဒါေပမယ့္လဲ ေျခလွမ္းမမွားေသးတဲ့ မန္စီးတီးတို႔ပဲ ႏိုင္ဦးမွာပါ။ ဘုန္းေမာက္ပြဲမွာ ဟာလန္းေဘာလုံးနည္းနည္းပဲ ထိခဲ့ရတာကို ဝိုင္းေျပာေနၾကေပမယ့္ အဲဒီနည္းနည္းထဲက တစ္ခုကပဲ ဂြန္ဒိုဂန္ဂိုးရႉးဖို႔ ဖန္ေပးခဲ့တာပဲေလ။ ၿပိဳင္ဘက္ေတြက ဟာလန္းကို အာ႐ုံစိုက္ေနေလ တျခားကစားသမားေတြအတြက္ ေနရာလြတ္ေတြ ရေလျဖစ္ေနမွာပါပဲ၊ သူတို႔ ေနရာလြတ္ေတြရရင္ ဘယ္ေလာက္ေၾကာက္စရာေကာင္းတယ္ဆိုတာ လူတိုင္းသိၿပီးသားပဲမလား။ ၁-၃ ေလာက္ျဖစ္မယ္ထင္တယ္။

Read more...  ချန်ပီယံလိဂ် အုပ်စုတွေကို သုံးသပ်ကြည့်ခြင်း

Manchester United v Liverpool (တနလၤာ 1:30)

မန္ယူတို႔ ဒီပြဲႏိုင္ခဲ့ရင္ေတာ့ လီဗာပူးကို ေက်ာ္တက္မွာေပါ့၊ ဒါေပမယ့္ မျဖစ္ႏိုင္ပါဘူး။တန္ဟက္ဂ္လဲ ရွိတဲ့လူစာရင္းနဲ႔ ဘယ္လိုအေျပာင္းအလဲ လုပ္ႏိုင္မွာမို႔လဲ။ လီဗာပူးကလဲ ႏူးနက္ဇ္ပါႏိုင္မွာမဟုတ္ဘူး၊ ဒါေပမယ့္ ဆာလား နဲ႔ ဒီယက္ဇ္ရွိေနပါေသးတယ္။ ဘာေတြပဲျဖစ္ျဖစ္ ကေလာ့ပ္ရဲ႕ လီဗာပူးက မန္ယူကိုေတာ့ အႏိုင္ပါပဲ။ မႏွစ္က ၅ ဂိုးျပတ္နဲ႔ ႏိုင္ခဲ့သလို ဒီႏွစ္လဲ ႏိုင္ဦးမွာပါပဲ။ အားနာပါးနာနဲ႔ ၁ ဂိုးျပန္ေပးၿပီး ၁-၅ ေလာက္လို႔ မွန္းထားခ်င္တယ္