ပရီးမီးယားလိဂ် week – 4 အတွက် ပေါလ်မာဆင်ရဲ့ ခန့်မှန်းချက်တွေ

(Unicode) ပရီးမီးယားလိဂ်ကတော့ အမြဲတမ်း မမျှော်လင့်ထားတွေနဲ့ ပြည့်နေတာပါပဲ။ ဒီတစ်ပါတ်လဲ တချို့တလေ ပါလာလိမ့်ဦးမှာပါပဲ။ ဒီတခေါက်အင်္တွက် ပေါလ်မာဆင်ရဲ့ ခန့်မှန်းချက်လေးတွေ ကြည့်ကြည့်လိုက်ပါဦး။

Sothampton Vs Manchester United
မန်ယူတို့ကတော့ ပြီးခဲ့တဲ့ပွဲက လီဗာပူးကို နိုင်ခဲ့တဲ့ရလာဒ်ကို ဆက်ထိန်းဖို့လိုနေပါပြီ။ မန်ယူရဲ့ ပြဿနာက နိုင်သင့်တဲ့အသင်းတွေကို မနိုင်တာပဲ။ ဒီပွဲမနိုင်ခဲ့ရင်တော့ နိုင်သင့်တဲ့ ၃ ပွဲကို မနိုင်ခဲ့တာ ဖြစ်သွားလိမ့်မယ်။ ကျနော်သာဆို ရော်နယ်ဒိုကို အရံခုံမှာပဲ ဆက်ထားမယ်၊ ကက်စ်မဲရိုးလဲ မပါလောက်သေးဘူး။ မန်ယူနိုင်လိမ့်မယ် မျှော်လင့်ပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်က မထင်မှတ်တာ လုပ်ပြသွားရင်လဲ အံ့ဩမိမှာ မဟုတ်ပါဘူး။
ခန့်မှန်းချက်။ ။ဆောက်သမ်တန် ၁ – ၂ မန်ယူ

Chelsea vs Leicester City
လက်စတာတို့ ဒီရာသီကြောင်ပျောက်နေတယ်၊ ဖိုဖာနာတို့ တိုင်လီမန်တို့လို အဓိကလူတွေကလဲ အပြောင်းအရွှေ့သတင်းတွေနဲ့ မငြိမ်ဘူး ဖြစ်နေတယ်။ ကြားရက်က Stockport နဲ့ပွဲမှာ အဓိကလူတွေ ပြန်ထည့်ကစားပြီးမှ ပင်နယ်တီနဲ့ နိုင်လာခဲ့ကြတယ်။ ဖြေသာစရာဆိုလို့ နည်းပြကြီး ကောင်းတာရထားတစ်ခုပဲ ပြောစရာရှိတယ်။
ချယ်ဆီးကို ကြည့်ရတာ ကျားနာလို ဖြစ်နေပြီ၊ ဒီပွဲမှာ ပေါက်ကွဲပစ်တော့မယ် ထင်တယ်။
ခန့်မှန်းချက်။ ။ Chelsea 3 – 0 Leicester City

Brighton vs Leeds United

ဒီပွဲကတော့ ပွဲကောင်း ၁ ပွဲပါ။ ၂ သင်းလုံး ရလဒ်ကောင်းတွေရပြီး ယုံကြည်မှုတွေလဲ မြင့်နေကြတယ်။ လိဒ်စ်တို့ကချဲလ်ဆီးကို နိုင်ပြီး ခြေစွမ်းအမြင့်ဆုံးရောက်နေကြတယ်။ ဘရိုက်တန်လဲ နယူးကာဆယ်ကို နိုင်ခဲ့သင့်တာ၊ သူတို့သာ ဂိုးပေါက်ရှာတွေ့ခဲ့ရင် ဒီပွဲကိုလဲ အနိုင်ရနိုင်ပါလိမ့်မယ်။

ခန့်မှန်းချက်။ ။ Brighton 2-1 Leeds

Manchester City vs Crystal Palace

ပဲလေ့စ်တို့က အသင်းကြီးတွေဆို ဒုက္ခပေးဖို့ အမြဲကြိုးစားနေကျပါ။ ဒါပေမယ့် လီဗာပူးကို လုပ်သလို မန်စီးတီးကိုပါ ဘောလုံးပေးကစားလိုက်ရင်တော့ သူတို့ ၃ ပိုင်းလောက်ပြတ်ပြီး ခံစားသွားရလိမ့်မယ်။ ကောင်တာတွေကောင်းကောင်းအလုပ်ဖြစ်ပြီး တစ်ဂိုးလောက်တော့ သွင်းနိုင်လိမ့်မယ်။ ပထမပိုင်းပြီးတဲ့ထိမှ ၀-၀ ဖြစ်နေပြီး ဇာဟာလဲ ခြေစွမ်းပြနေနိုင်ရင်တော့ သူတို့အတွက် ဘာမဆိုဖြစ်နိုင်သွားပြီ။

မန်စီးတီးကတော့ စောစောဂိုးသွင်းဖို့လိုလိမ့်မယ်။ မသွင်းနိုင်ရင် အကုန်ရှေ့တက်ပြီးကြိုးစားနေကြချိန်မှာ ပဲလေ့စ်ရဲ့ ကောင်တာဒဏ် ခံသွားရနိုင်တယ်။ သူတို့နိုင်ပါလိမ့်မယ်လို့ပဲ မှန်းချင်ပါတယ်။ခန့်မှန်းချက်။ ။Manchester City 3 – 1 Crystal Palace

Liverpool vs Bournemouth

မန်ယူပွဲတုန်းက ဖာဘင်ညိုကို ထည့်မကစားတာ အံ့ဩစရာကောင်းတယ်။ ဒီပွဲတော့ ဗန်ဒိုက်တို့ ဂိုမက်ဇ်တို့ရှေ့ကနေ ကစားသွားပါလိမ့်မယ်။ ကာဗယ်ဟို နဲ့ အဲလိယော့တို့လဲ ပါပါလိမ့်မယ်။ လီဗာပူးအနိုင်ကလွဲပြီး ကျန်တာမမြင်ပါဘူး။ ရာသီအစ မလှထားတဲ့ လီဗာပူးတို့ ဒီပွဲမှာ ဖောက်ခွဲပြီး လမ်းကြောင်းပေါ်ပြန်ရောက်အောင် ကြိုးစားကြပါလိမ့်မယ်။ ဘုန်းမောက်တို့တော့ ဒီအချိန် လီဗာပူးနဲ့လာတွေ့တာ ကံဆိုးတာပါပဲ။ 

ခန့်မှန်းချက်။ ။Liverpool 3 – 0 Bournemouth

Brentford vs Everton

အဲဗာတန်တို့က ဗီလာနဲ့ပွဲမှာ ရှုံးခဲ့ပေမယ့် ကစားတာတော့ ကောင်းပါတယ်။ ဂိုးသွင်းဖို့ အခွင့်အရေးတွေ မဖန်တီးနိုင်တာ သူတို့ ပြဿနာပါ။ အန်သိုနီဂေါ်ဒန် ကလဲ ချယ်ဆီးနဲ့ အပြောင်းအရွှေ့သတင်းတွေကြောင့် စိတ်မငြိမ်သလိုဖြစ်နေပုံပဲ။

ဘရန့်ဖို့တို့က မန်ယူကို ဆော်ပြီးတဲ့မောက် ဖူလ်ဟမ်ကိုလဲ နိုင်လိမ့်မယ် ထင်ထားခဲ့တာ၊ ပွဲချဉ်းကပ်ပုံနည်းနည်းမှာတာကနေ ပေးဆပ်လိုက်ရပုံရတယ်။ ဒီပွဲမှာတော့ အဲဗာတန်ကို အနိုင်ကန်နိုင်လောက်တယ်

ခန့်မှန်းချက်။ ။Brentford 2 – 0 Everton

Arsenal vs Fulham

ဖူဟမ်တိုတော့ မချောင်ပါဘူး။ ပြီးခဲ့တဲ့အပါတ်က ဘရန့်ဖို့ကို ကောင်းကောင်းဧည့်ခံနိုင်ခဲ့ပေမယ့် ဒီဟာကတော့အခြေအနေမတူတော့ပါဘူး။ ဂျေးဆု ဒီတစ်ပါတ် ဂိုးပြန်သွင်းနိုင်ပါလိမ့်မယ်။ အာဆင်နယ်တို့ကလဲ ပွဲစဉ်တွေချောင်နေတုန်း ရနိုင်သမျှအမှတ်တွေ ယူဖို့ကြိုးစားမှာပါ။ အာဆင်နယ် အနိုင်ပါပဲ။

ခန့်မှန်းချက်။ ။Arsenal 3 – 0 Fulham

(Zawgyi)

ပရီးမီးယားလိဂ္ week – 4 အတြက္ ေပါလ္မာဆင္ရဲ႕ ခန႔္မွန္းခ်က္ေတြ
ပရီးမီးယားလိဂ္ကေတာ့ အၿမဲတမ္း မေမွ်ာ္လင့္ထားေတြနဲ႔ ျပည့္ေနတာပါပဲ။ ဒီတစ္ပါတ္လဲ တခ်ိဳ႕တေလ ပါလာလိမ့္ဦးမွာပါပဲ။ ဒီတေခါက္အတၤြက္ ေပါလ္မာဆင္ရဲ႕ ခန႔္မွန္းခ်က္ေလးေတြ ၾကည့္ၾကည့္လိုက္ပါဦး။

Sothampton Vs Manchester United
မန္ယူတို႔ကေတာ့ ၿပီးခဲ့တဲ့ပြဲက လီဗာပူးကို ႏိုင္ခဲ့တဲ့ရလာဒ္ကို ဆက္ထိန္းဖို႔လိုေနပါၿပီ။ မန္ယူရဲ႕ ျပႆနာက ႏိုင္သင့္တဲ့အသင္းေတြကို မႏိုင္တာပဲ။ ဒီပြဲမႏိုင္ခဲ့ရင္ေတာ့ ႏိုင္သင့္တဲ့ ၃ ပြဲကို မႏိုင္ခဲ့တာ ျဖစ္သြားလိမ့္မယ္။ က်ေနာ္သာဆို ေရာ္နယ္ဒိုကို အရံခုံမွာပဲ ဆက္ထားမယ္၊ ကက္စ္မဲ႐ိုးလဲ မပါေလာက္ေသးဘူး။ မန္ယူႏိုင္လိမ့္မယ္ ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ ေဆာက္သမ္တန္က မထင္မွတ္တာ လုပ္ျပသြားရင္လဲ အံ့ဩမိမွာ မဟုတ္ပါဘူး။
ခန႔္မွန္းခ်က္။ ။ေဆာက္သမ္တန္ ၁ – ၂ မန္ယူ

Chelsea vs Leicester City
လက္စတာတို႔ ဒီရာသီေၾကာင္ေပ်ာက္ေနတယ္၊ ဖိုဖာနာတို႔ တိုင္လီမန္တို႔လို အဓိကလူေတြကလဲ အေျပာင္းအေ႐ႊ႕သတင္းေတြနဲ႔ မၿငိမ္ဘူး ျဖစ္ေနတယ္။ ၾကားရက္က Stockport နဲ႔ပြဲမွာ အဓိကလူေတြ ျပန္ထည့္ကစားၿပီးမွ ပင္နယ္တီနဲ႔ ႏိုင္လာခဲ့ၾကတယ္။ ေျဖသာစရာဆိုလို႔ နည္းျပႀကီး ေကာင္းတာရထားတစ္ခုပဲ ေျပာစရာရွိတယ္။
ခ်ယ္ဆီးကို ၾကည့္ရတာ က်ားနာလို ျဖစ္ေနၿပီ၊ ဒီပြဲမွာ ေပါက္ကြဲပစ္ေတာ့မယ္ ထင္တယ္။
ခန႔္မွန္းခ်က္။ ။ Chelsea 3 – 0 Leicester City

Brighton vs Leeds United
ဒီပြဲကေတာ့ ပြဲေကာင္း ၁ ပြဲပါ။ ၂ သင္းလုံး ရလဒ္ေကာင္းေတြရၿပီး ယုံၾကည္မႈေတြလဲ ျမင့္ေနၾကတယ္။ လိဒ္စ္တို႔က ခ်ဲလ္ဆီးကို ႏိုင္ၿပီး ေျခစြမ္းအျမင့္ဆုံးေရာက္ေနၾကတယ္။ ဘ႐ိုက္တန္လဲ နယူးကာဆယ္ကို ႏိုင္ခဲ့သင့္တာ၊ သူတို႔သာ ဂိုးေပါက္ရွာေတြ႕ခဲ့ရင္ ဒီပြဲကိုလဲ အႏိုင္ရႏိုင္ပါလိမ့္မယ္။
ခန႔္မွန္းခ်က္။ ။ Brighton 2-1 Leeds

Read more...  ဒီတစ်ပါတ် ပရီးမီးယားလိဂ်ပွဲများအတွက် ပွဲကြိုခန့်မှန်းချက်များ

Manchester City vs Crystal Palace
ပဲေလ့စ္တို႔က အသင္းႀကီးေတြဆို ဒုကၡေပးဖို႔ အၿမဲႀကိဳးစားေနက်ပါ။ ဒါေပမယ့္ လီဗာပူးကို လုပ္သလို မန္စီးတီးကိုပါ ေဘာလုံးေပးကစားလိုက္ရင္ေတာ့ သူတို႔ ၃ ပိုင္းေလာက္ျပတ္ၿပီး ခံစားသြားရလိမ့္မယ္။ ေကာင္တာေတြ ေကာင္းေကာင္းအလုပ္ျဖစ္ၿပီး တစ္ဂိုးေလာက္ေတာ့ သြင္းႏိုင္လိမ့္မယ္။ ပထမပိုင္းၿပီးတဲ့ထိမွ ၀-၀ ျဖစ္ေနၿပီး ဇာဟာလဲ ေျခစြမ္းျပေနႏိုင္ရင္ေတာ့ သူတို႔အတြက္ ဘာမဆိုျဖစ္ႏိုင္သြားၿပီ။
မန္စီးတီးကေတာ့ ေစာေစာဂိုးသြင္းဖို႔လိုလိမ့္မယ္။ မသြင္းႏိုင္ရင္ အကုန္ေရွ႕တက္ၿပီးႀကိဳးစားေနၾကခ်ိန္မွာ ပဲေလ့စ္ရဲ႕ ေကာင္တာဒဏ္ ခံသြားရႏိုင္တယ္။ သူတို႔ႏိုင္ပါလိမ့္မယ္လို႔ပဲ မွန္းခ်င္ပါတယ္။ခန႔္မွန္းခ်က္။ ။Manchester City 3 – 1 Crystal Palace

Liverpool vs Bournemouth
မန္ယူပြဲတုန္းက ဖာဘင္ညိဳကို ထည့္မကစားတာ အံ့ဩစရာေကာင္းတယ္။ ဒီပြဲေတာ့ ဗန္ဒိုက္တို႔ ဂိုမက္ဇ္တို႔ေရွ႕ကေန ကစားသြားပါလိမ့္မယ္။ ကာဗယ္ဟို နဲ႔ အဲလိေယာ့တို႔လဲ ပါပါလိမ့္မယ္။ လီဗာပူးအႏိုင္ကလြဲၿပီး က်န္တာမျမင္ပါဘူး။ ရာသီအစ မလွထားတဲ့ လီဗာပူးတို႔ ဒီပြဲမွာ ေဖာက္ခြဲၿပီး လမ္းေၾကာင္းေပၚျပန္ေရာက္ေအာင္ ႀကိဳးစားၾကပါလိမ့္မယ္။ ဘုန္းေမာက္တို႔ေတာ့ ဒီအခ်ိန္ လီဗာပူးနဲ႔လာေတြ႕တာ ကံဆိုးတာပါပဲ။
ခန႔္မွန္းခ်က္။ ။Liverpool 3 – 0 Bournemouth

Brentford vs Everton
အဲဗာတန္တို႔က ဗီလာနဲ႔ပြဲမွာ ရႈံးခဲ့ေပမယ့္ ကစားတာေတာ့ ေကာင္းပါတယ္။ ဂိုးသြင္းဖို႔ အခြင့္အေရးေတြ မဖန္တီးႏိုင္တာ သူတို႔ ျပႆနာပါ။ အန္သိုနီေဂၚဒန္ ကလဲ ခ်ယ္ဆီးနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြေၾကာင့္ စိတ္မၿငိမ္သလိုျဖစ္ေနပုံပဲ။
ဘရန႔္ဖို႔တို႔က မန္ယူကို ေဆာ္ၿပီးတဲ့ေမာက္ ဖူလ္ဟမ္ကိုလဲ ႏိုင္လိမ့္မယ္ ထင္ထားခဲ့တာ၊ ပြဲခ်ဥ္းကပ္ပုံနည္းနည္းမွာတာကေန ေပးဆပ္လိုက္ရပုံရတယ္။ ဒီပြဲမွာေတာ့ အဲဗာတန္ကို အႏိုင္ကန္ႏိုင္ေလာက္တယ္
ခန႔္မွန္းခ်က္။ ။Brentford 2 – 0 Everton

Arsenal vs Fulham
ဖူဟမ္တိုေတာ့ မေခ်ာင္ပါဘူး။ ၿပီးခဲ့တဲ့အပါတ္က ဘရန႔္ဖို႔ကို ေကာင္းေကာင္းဧည့္ခံႏိုင္ခဲ့ေပမယ့္ ဒီဟာကေတာ့ အေျခအေနမတူေတာ့ပါဘူး။ ေဂ်းဆု ဒီတစ္ပါတ္ ဂိုးျပန္သြင္းႏိုင္ပါလိမ့္မယ္။ အာဆင္နယ္တို႔ကလဲ ပြဲစဥ္ေတြ ေခ်ာင္ေနတုန္း ရႏိုင္သမွ်အမွတ္ေတြ ယူဖို႔ႀကိဳးစားမွာပါ။ အာဆင္နယ္ အႏိုင္ပါပဲ။
ခန႔္မွန္းခ်က္။ ။Arsenal 3 – 0 Fulham

Leave a Reply

Your email address will not be published.