အဆင့်ဆင့် ပြောင်းလဲ တိုးတက်လာတဲ့ အာတီတာရဲ့ အာဆင်နယ်

ချန်ပီယံဆု ပြိုင်လုမယ့်အသင်းလား? လောလောဆယ်တော့ အဆင်သင့်မဖြစ်သေးပေမယ့် တိုးတက်လာနေတာတော့ သေချာနေပါပြီ အာတီတာရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အိုင်ဒီယာကို စကားတစ်လုံးတည်းနဲ့ ပြောပါဆိုရင် ထိန်းသိမ်းချုပ်ကိုင်ထားခြင်းလို့ဆိုနိုင်မယ့် control လို့ပြောရမှာပါပဲ။ ဇယားအောက်ခြေရောက်နေတဲ့အချိန်ကဖြစ်ဖြစ် ထိပ်သီး ၄ သင်းနေရာလုနေတဲ့ အချိန်ပဲဖြစ်ဖြစ် အာဆင်နယ်ရဲ့ အိုင်ဒီယာက ပွဲကို ထိန်းချုပ်ထားနိုင်ဖို့ပဲ၊ ဘောလုံးရနေတဲ့ အချိန်မှာကောဘောလုံးမရတဲ့အချိန်မှာကောပေါ့။ အာဆင်နယ်တို့ ကွင်းထဲမှာ တိုးတက်လာပုံက အဆင့်ဆင့်နဲ့။ ပထမအဆင့်မှာ အာတီတာက ဘောလုံးဆုံးရှုံးနေချိန်မှာ ပွဲကိုထိန်းချုပ် control လုပ်နိုင်အောင် ပြင်ဆင်ခဲ့တယ်။ ထိုးဖောက်ဖို့ ခက်ခဲတဲ့ defensive structure တစ်ခုကြိုးစားပုံသွင်းခဲ့တယ်။ အဓိက အိုင်ဒီယာကတော့ နောက်တန်းအပေါက်ခံပြီး တိုက်စစ်မှာ လူတွေ အလွန်အကျွံမပါစေဖို့ဘဲ ဖြစ်ပါတယ်။  အဲဒီကနေ နောက်တဆင့်မှာတော့ ဘောလုံးကိုင်ထားနိုင်တဲ့ အချိန်မှာပါ ပွဲကို ထိန်းချုပ်ဖို့ တဆင့်တက်ပြီး ကြိုးစားပုံသွင်းခဲ့တာတွေ့ရတယ်။ စိတ်ရှည်ရှည်ကစားမယ်၊ စွန့်စားတာတွေ သိပ်မလုပ်ပဲ သေချာတဲ့ ပေးပို့တာတွေ လုပ်မယ်၊ ဒီကြားထဲက ဘောလုံးပျက်သွားပြီး တဖက်အသင်း ဘောလုံးရသွားရင် ပုံစံတကျ defensive structure ပြန်ခင်းရမယ် ဒီလိုပုံမျိုးနဲ့ ကစားခဲ့ကြတယ်။  ဒီလိုနဲ့ ၂၀၂၁-၂၂ ရာသီမှာ အာဆင်နယ်တို့ တဘက်အသင်းကို အပိုင်အခွင့်အရေးတွေ ပေးရတာ (အနီရောင်မျဉ်း) နည်းလာပြီး တချိန်တည်းမှာပဲ ကိုယ့်ဘက်က အပိုင်အခွင့်အရေးတွေရတဲ့အကြိမ်လည်း (အပြာရောင်) များလာခဲ့တော့တယ်။ အရင်ကဆို ဒီ၂ခုက အတူတူနီးပါးပဲ ဆိုတော့ ဒါဟာမြင်သာတဲ့ တိုးတက်လာမှုပဲပေါ့။ ဘောလုံးဖြန့်ကစားနိုင်တဲ့ ဂိုးသမား အာဆင်နယ်ကို မဆိုးပါဘူးဆိုတဲ့ အသင်းတသင်းကနေ အသင်းကောင်းတသင်းအနေအထားဖြစ်လာစေတာက ရမ်းစ်ဒေးလို နည်းစနစ်ကြွယ်တဲ့ကစားသမားမျိုးကို မှန်မှန်ကန်ကန်ခေါ်နိုင်ခဲ့တာက စပြောရမှာပါပဲ။ အောက်ကပုံက အာဆင်နယ်တို့ တိုက်စစ်စချိန် biild up play မှာ ပထမဆုံး ဘောလုံးကို ဘယ်နေရာတွေက ပေးခဲ့လဲဆိုတာ first pass ပြထားတာပါ။ မြင်တဲ့အတိုင်းပဲ တော်တော်များများက ရမ်းစ်ဒေး ဆီက စခဲ့တာပါပဲ။ သူ့ရဲ့ အဲလို ဖြန့်ပေးခဲ့တဲ့ ဘောလုံးတွေကြောင့် တဖက်အသင်းကဖိတာခံထားရချိန်ကနေ ချက်ချင်းတိုက်စစ်ကိုပြောင်းပြီးကစားနိုင်ခဲ့ရတယ်။  နည်းစနစ် တိုးတက်ပြောင်းလဲလာပုံ အာဆင်နယ်ရဲ့ ကစားပုံကလဲ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့တယ်။ မြင်သာအောင် လက်စတာနဲ့  2020-21, 2021-22, 2022-23 ၃ နှစ် ၃ ပွဲက ဘောလုံးပေးတဲ့ လမ်းကြောင်း passing network တွေကို ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။  ထိန်းသိမ်းချုပ်ကိုင်ခြင်း Control အစကို ပြန်ကောက်ရရင် အာတီတာရဲ့ အဓိက အိုင်ဒီယာက Control ပါပဲ။

Read more

ဒီတစ်ပါတ် ပရီးမီးယားလိဂ်ပွဲများအတွက် ပွဲကြိုခန့်မှန်းချက်များ

(Unicode) ဒီတစ်ပါတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် ဘီဘီစီက ခရစ်ဆတ်တန်ရဲ့ ခန့်မှန်းချက်လေးတွေ ကြည့်လိုက်ကြရအောင်။ Tottenham v Wolves (စနေ 6:00) ပြီးခဲ့တဲ့အပါတ်က စပါးတို့ ကစားပုံက နည်းနည်းစိတ်ပျက်စရာကောင်းပေမယ့် သရေတစ်မှတ်ယူဖို့ ပြန်ကြိုးစားကြပုံကတော့ ကျေနပ်စရာပါ။ ဝုလ်ဖ်တို့က

Read more