မန်ယူတို့ အိမ်ကွင်းမှာ ဘရိုက်တန်နည်းပြကြီးရဲ့ ဘယ်လိုတွေ ပညာပြသွားတာ ခံလိုက်ရလဲ ဆိုတာ

မန်ယူတို့ ရာသီအသစ်ကို နည်းပြသစ်နဲ့ စ ခဲ့ကြပေမယ့် ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကတော့ နည်းစနစ်ပြိုင်ပွဲမှာ ထပ်ပြီး အနိုင်ယူသွားနိုင်ခဲ့ပြန်ပါတယ်။ မနှစ်က ဘရိုက်တန်အိမ်ကွင်းမှာလဲ ၄-၀ နဲ့ အနိုင်ယူခဲ့သေးတယ်လေ  ဒီပွဲမှာလဲ အဲဒီပွဲတုန်းကလိုပဲ သူ့ရဲ့ 3-box(4)-3 formation ကိုပဲ သုံးသွားခဲ့တာပါပဲ။  ကွင်းလယ် လေးယောက် box ဆင်ထားတာက ဒီလိုပေါ့: နောက်ချန် ကွင်းလယ်သမား ၂ ယောက် နဲ့ တိုက်စစ်အားသန်တဲ့ ကွင်းလယ် ၂ ယောက်။သူတို့ ၄ ယောက်ပေါင်းလိုက်တော့ မန်ယူရဲ့ ကွင်းလယ်လူ ၂ ယောက်ကို အေးအေးဆေးဆေး ထိန်းလို့ရသွားခဲ့ပါတယ်။ ဒုတိယဂိုးက အဲဒီ box combination က ထွက်လာခဲ့တာပါပဲ။ Caicedo ဘောလုံးရလာချိန်မှာ Gross ဖြတ်ပြေးထွက်မယ့်လမ်းထဲ ထိုးထည့်ပေးလိုက်တယ်။ ပြီးတော့ အသင့်ရှိနေတဲ့ ကွင်းလယ် ၂ ယောက် ရှေ့တန်း ၂ ယောက် ပေါင်းပြီး မန်ယူ နောက်တန်း ၃ ယောက်ကို 4 vs 3 နဲ့ တိုက်စစ်ဆင်တော့တာပါပဲ။ ဒန်နီ ဝဲလ်ဘက်ရဲ့ ရွေ့လျားမှုတွေ Gross နဲ့ အလယ်တန်းတိုက်စစ် ၂ ယောက် ဘောလုံးရချိန်တိုင်း ရှေ့က ဝဲလ်ဘက်ရဲ့ ပြေးလမ်းကြောင်းထဲဘောလုံးထိုးပေးကြတယ်။ အဲလို ထိုးပေးလို့ရအောင် နဲ့ သူကိုယ်တိုင်လဲ လူမကျွံရအောင် ဝဲလ်ဘက်က နောက်တန်းလူတွေကြားကွေ့ဝိုက်ပြေးပြီးမှ ထွက်ယူတာမျိုး လုပ်သွားတယ်။  ပထမဂိုးမှာဆိုလဲ ဝဲလ်ဘက်ရဲ့ လှုပ်ရွေ့သွားမှုကြောင့်လို့ပြောလို့ရတယ်။ မက်ဂွိုင်းယား နဲ့ မာတီနက်ဇ်ကြားကနေလွတ်အောင်ပြေးထွက်သွားနိုင်ခဲ့တယ်လေ။ ဘောလုံးရတာနဲ့ တချက်ထိမ်းပြီး Gross ရှူးဖို့ ချပေးလိုက်တော့တာပဲ။တပွဲလုံး ဘရိုက်တန် ၁၂ လုံး ဂိုးပေါက်တည့်တာမှာ ဝဲလ်ဘက်က တဝက်ဆိုင်နေတယ်လေ (၄ လုံးကန်၊ ၂ လုံးဖန်တီးပေး) တောင်ပံ ခံစစ်သမားတွေရဲ့ ကဏ္ဍ ဂရေဟမ်ပေါ်တာရဲ့ 3-box-3 formation မှာ နောက်တန်း အစွန်လူတွေက တော်တော်လေး အရေးပါတယ်။  တိုက်စစ်ဆင်နေချိန်မှာ ရှေ့ထိတက်ပြီး ရှေ့တန်း ၃ ယောက် ဖြစ်အောင်လုပ်တယ်၊ ခံစစ်ပြင်ချိန်မှာ နောက်တန်း ၃ယောက်နဲ့ ပြန်လာပေါင်းပြီး ၅ ယောက်တန်းဖြစ်သွားတယ်။  အဲဒါတွေထက်ပိုအရေးပါတာက ဘရိုက်တန်တို့ဘောလုံးရနေတဲ့အချိန်မှာ သူတို့လုပ်ရတဲ့အပိုင်းပဲ။ လုပ်ရမှာကတော့ ရှင်းရှင်းလေးပါ ဖြတ်တင်ဘောတွေ အရှည်မျှောထိုးပေးတာတွေ လိုမျိုးလုပ်ပေးရတာပါပဲ၊ ဒါပေမယ့် ထူးခြားသွားတာက ဘယ်ခြမ်းက ကစားရတဲ့ Trossard က ညာသန်၊ ညာခြမ်းက ကစားတဲ့ March က ဘယ်သန်ဆိုတော့ Diagonal pass တွေက ရာနှုန်းတော်တော်များများ ခရီးရောက်နေတယ်။ ပထမဂိုးက Trossard ဆီကနေ ဖြတ်တင်ပေးလိုက်တာ။ ဒုတိယဂိုး March ဘယ်ခြေနဲ့  ကန်သွင်း၊ ဒဟဲယား ပုတ်ထုတ်တာကို Gross ပိတ်သွင်းယူသွား။ High

Read more

နူးနက်ဇ် + ဆားလား = လီဗာပူးရဲ့ ကြောက်စရာ ရှေ့တန်း ကစားပုံအသစ်

(Unicode) အရင်နှစ်တွေကတော့ လီဗာပူး ညာခြမ်းက ရိုးရိုးရှင်းရှင်းပါပဲ။ မိုဆားလားက အထဲချိုးဝင်တဲ့ တောင်ပံကစားသမား inverted winger အနေနဲ့ကစားတယ်။ သူကဘယ်သန် ပင်နယ်တီဘောက်ထဲဝင်လာပြီး ကျဉ်းကျဉ်းကျပ်ကျပ် အတိုပေးလေးတွေနဲ့ ကစားပြီး ဂိုးသွင်းဖို့ ကြိုးစားတတ်တယ်။အကောင်းဆုံး တိုက်စစ်အားသန် နောက်ခံလူတစ်ယောက် ဖြစ်လာတဲ့ TAA ထရမ့်အလက်ဇန္ဒား အာနိုးကတော့ ညာသန်ဖြစ်ပြီး တောင်ပံတိုက်စစ်ကို overlap တက်တက်လာတတ်တယ်။  အမြဲတမ်းတော့ မဟုတ်ပေမယ့် ပွဲတော်တော်များများမှာ TAA က final third ရဲ့ ညာခြမ်းတဝက်လောက်မှာ လှည့်ပါတ်မွှေနှောက်၊ ဂိုးပေါက်နား နီးနီးကပ်ကပ်ထိ ဝင်ဝင်လာတတ်တာက တခါတခါ ရှေ့တန်းကစားသမားတွေထက် ပိုကြောက်စရာကောင်းနေတတ်တယ်။ ဒါပေမယ့် သူ့ရဲ့ အဲ့လိုကစားပေါက်က မိုဆားလားကို နေရာပြောင်းကစားရဖို့ဖြစ်သွားတယ်။ အဲလိုအချိန်တွေဆို ဆားလားက အပေါ်ထိတက်ပြီး ကျယ်ကျယ်လွင့်လွင့်ကစားဖို့ လုပ်လာရတယ်။ဒါမှ အထဲဝင်သွားတဲ့ TAA ဘေးကနေရာတွေကို အသုံးချနိုင်မှာကိုး။ အဲလိုနဲ့ ပြီးခဲ့တဲ့နှစ်မှာ လီဗာပူးညာတောင်ပံကိုစိုးမိုးထားတာ ရှေ့တန်းသမား မိုဆားလား ဖြစ်လာခဲ့တယ်။ ဂျာဂင်ကလော့ပ် လက်ထက်မှာ ပထမဆုံးပဲ။ အပေါ်ယံကြည့်ရင်တော့ ဂိုးသွင်းမယ့် ရှေ့တန်းသမားက တောင်ပံကနေ ဘောလုံးတွေ တင်ပေးနေရတာ အချိုးမကျတဲ့ ပုံစံကြီးလို့ ထင်စရာရှိပေမယ့် သေချာကြည့်ရင် အဲဒီပုံစံကြောင့် လီဗာပူးရှေ့တန်း အရမ်းကောင်းသွားတာတွေ့ရတယ်။ မိုဆားလား ၂၃ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးပေးခဲ့တယ်။ သူ့အတွက် ၂၀၁၇-၁၈ နောက်ပိုင်း စံချိန်တင်ပါပဲ။ TAA ရဲ့ တိုက်စစ်ပိုင်းက အဆင့်တခုထိ ထိုးတက်သွားတယ်။ ချုပ်လိုက်တော့ လီဗာပူးတို့ ၉၄ ဂိုးသွင်းနိုင်ခဲ့ကြတယ်။ ကလော့ပ်လက်ထက် အများဆုံးသွင်းဂိုးနဲ့ပေါ့။ မိုဆားလား ညာခြမ်းမှာ ဘောလုံးရသွားရင် လုပ်စရာ ၃ ခုပဲရှိတယ်။ အတွင်းကိုတက်လာတဲ့ TAA (ဒါမှမဟုတ်တခြားတစ်ယောက်ဖြစ်ဖြစ်)ဆီကို ဘောလုံးပေးပြီး ဂိုးဖန်တီးခိုင်းမလား ဒါမှမဟုတ် လိမ်ခေါက် အတွင်းကို ဆွဲဝင်လာပြီး ဂိုးရှုးမလား ဒါမှမဟုတ် ဂိုးနဲ့ဝေးရာ ညာဘက်ကို ဘောလုံးဆွဲသွားမလားဆိုတာရယ်။ ပထမ ၂ ခုကတော့ဘယ်နောက်တန်းမှ မလုပ်စေချင်ကြဘူးလေ။ အဲဒီတော့ သူနဲ့တွေ့ရင် ဘယ်ခြမ်းကို ကာပိတ်ထားပြီး ညာဘက်ကိုပဲဆွဲသွားအောင် ဖိအားပေးကစားတတ်လာကြတယ်။ ရှေ့တန်းသမားတွေ အဲလိုညာခြမ်းဆွဲသွားပြီဆိုရင် အဓိကအားဖြင့် ၃ နေရာကို ဘောလုံးပေးတတ်ကြတယ်။ အနီးတိုင်ဘက်ခြမ်းရယ်၊ အဝေးတိုင်ဘက်ခြမ်းရယ်၊ ပင်နယ်တီကန်တဲ့နေရာနားလေးရယ်။ အများဆုံးကတော့ အနီးတိုင်ဘက်ခြမ်းပေါ့။ ဆာလားလို ညာခြေသိပ်မသန်သူအတွက်ကတော့ အနီးတိုင်ဘက်ခြမ်းကို အနိမ့်ဘောထည့်ပေးလိုက်တာကိုပဲ အများဆုံးလုပ်လေ့ရှိပါတယ်။ သူ့ဆီကထွက်လာတဲ့အလုံးတွေကို အနီးတိုင်ဘက်ခြမ်းမှာပြေးလွှားပြီး အသုံးချမယ့် အဆုံးသတ်မယ့်သူ လိုနေခဲ့တယ်။ အဲဒီမှာ လီဗာပူးတို့ အကြပ်ရိုက်တော့တာပါပဲ။ ကလော့ပ်က ဖာမီနိုကို အဲဒီအခွင့်အရေးတွေ သုံးခိုင်းဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် ဖာမီနိုက False 9 ပုံစံနဲ့ ကစားရတာဆိုတော့ နောက်ထိဆင်းနေရချိန်များတော့ အချိန်နော်တော်များများမှာ အဆင်သင့်ဖြစ်မနေနိုင်ခဲ့ပါဘူး။ အဲဒီမှာ ဒါဝင်နူးနက်ဇ် အခန်းရောက်လာတာပါပဲ။ ဖူလ်ဟမ်နဲ့ အဖွင့်ပွဲမှာ ဖာမီနိုအစား လူစားဝင်လာပြီး ၁၅ မိနစ်အကြာမှာပဲ အဲဒီပုံစံကနေ အပိုင်အခွင့်အရေး ၂ ကြိမ်ထိရခဲ့တယ်၊ ပထမတခါကို ဂိုးသမား ကာကွယ်လိုက်နိုင်ပေမယ့် ဒုတိယအကြိမ်မှာတော့ ဂိုးပေးခဲ့လိုက်ရတယ်။ပြောရရင် ကွန်မြူနီတီဒိုင်းပွဲတုန်းက မန်စီးတီးကိုရခဲ့တဲ့ ပင်နယ်တီကလဲ ဒီပုံစံကပါပဲ။ ဆာလား တင်ပေးလိုက်တဲ့အနိမ့်ဘောကို ပြေးလွှားနေတဲ့ နူးနက်ဇ် ခေါင်းဖြတ်တိုက်လိုက်တာပါပဲ။ မန်စီးတီးနောက်တန်းလူ ဒီယက်ဇ်ရဲ့ လက်ကို ထိသွားလို့သာ ပင်နယ်တီဖြစ်သွားခဲ့တာ။ ဒီလိုနဲ့ လီဗာပူးတို့ဟာ မိုဆားလားရဲ့ ဂိုးသွင်းသေချာမှုလို၊ ထရမ့် အာနိုး TAA ရဲ့ တိုက်စစ်လိုက်ပါမှုလို နဂိုရှိရင်းစွဲရှေ့တန်းအားသာမှုတွေမှာ နူးနက်ဇ်ရဲ့ မြန်ဆန်မှု နေရာယူမှုတွေပေါင်းပြီး ပြည့်စုံလုနီးပါး ကြောက်စရာ ရှေ့တန်းကစားပုံကို ပုံဖော်နိုင်ခဲ့ပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ အခုလို စိတ်ဝင်စားစရာ သုံးသပ်ချက်တွေ မလွတ်တမ်း ဖတ်နိုင်ဖို့ ကျနော်တို့ရဲ့ PremierHighlight page လေးကိုLike လုပ်ထားကြပါဦးနော် ညီအစ်ကိုတို့  (Zawgyi) အရင်နှစ်တွေကတော့ လီဗာပူး

Read more

ဟာလန်း 2.0 (ပြောင်းလဲတိုးတက်လာတော့မယ့် ဟာလန်းရဲ့ ကစားဟန်)

(Unicode) အဖွင့်ပွဲကနေစပြီးတော့ ဟာလန်းကတော့ ရှေ့ဆက် ဘာတွေ ဆက်တွေ့ကြရမလဲဆိုတာ ပြလိုက်ပါပြီဗျာ။ ဂိုးက ၂ ဂိုး။ လျှပ်ပျက်သလို အမြန်နှုန်း၊ စမတ်ကျတဲ့ လှုပ်ရှားမှုတွေ၊ (သူကိုယ်တိုင်ပြောခဲ့သလို) ဘယ်တော့မှ လူမကျွံတဲ့ မွေးရာပါ ကျွမ်းကျင်မှု၊ သွေးအေးအေး

Read more

မန်ယူက Marko Arnautovic ကို ခေါ်ဖို့ကြိုးစားနေရလော​က်အောင် အခြေအနေဆိုးနေပြီလား?

(Unicode) မန်ယူတို့ကတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၁ – ၂ နဲ့ရှုံးပြီး ရာသီအကြိုက ပြခဲ့တဲ့ ခြေစွမ်းလေးတွေ သဲထဲရေသွန်လိုက်ကြပါပြီ။ တဆက်တည်းကြားလိုက်ရတဲ့ သတင်းက Series A က Bologna မှာ ကစားနေတဲ့

Read more

ပရီးမီးယားလိဂ် ရာသီကြို ခန့်မှန်းချက်များ: ဖလားဘယ်သူရမလဲ? ဘယ်သူတွေ ချန်ပီယံလိဂ် ဝင်မလဲ?

(Unicode) ပရီးမီးယားလိဂ် ရာသီသစ်ကတော့ ဒီတစ်ပါတ် သောကြာမှာ အာဆင်နယ် – ခရစ်စတယ်ပဲလေ့စ်ပွဲနဲ့ စဖွင့်ပါတော့မယ်။ ရာသီသစ် မစခင် လာမယ့်ရာသီမှာ ဘယ်အသင်းတွေ ဘာတွေဖြစ်မလဲ ခန့်မှန်းချက်လေးတွေ နားထောင်ကြည့်လိုက်ကြရအောင် ဘယ်သူဖလားရမလဲ? ဘာလို့လဲ? Dominic Fifield: မန်စီးတီးက

Read more