မန်ယူတို့ အိမ်ကွင်းမှာ ဘရိုက်တန်နည်းပြကြီးရဲ့ ဘယ်လိုတွေ ပညာပြသွားတာ ခံလိုက်ရလဲ ဆိုတာ
မန်ယူတို့ ရာသီအသစ်ကို နည်းပြသစ်နဲ့ စ ခဲ့ကြပေမယ့် ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကတော့ နည်းစနစ်ပြိုင်ပွဲမှာ ထပ်ပြီး အနိုင်ယူသွားနိုင်ခဲ့ပြန်ပါတယ်။ မနှစ်က ဘရိုက်တန်အိမ်ကွင်းမှာလဲ ၄-၀ နဲ့ အနိုင်ယူခဲ့သေးတယ်လေ ဒီပွဲမှာလဲ အဲဒီပွဲတုန်းကလိုပဲ သူ့ရဲ့ 3-box(4)-3 formation ကိုပဲ သုံးသွားခဲ့တာပါပဲ။ ကွင်းလယ် လေးယောက် box ဆင်ထားတာက ဒီလိုပေါ့: နောက်ချန် ကွင်းလယ်သမား ၂ ယောက် နဲ့ တိုက်စစ်အားသန်တဲ့ ကွင်းလယ် ၂ ယောက်။သူတို့ ၄ ယောက်ပေါင်းလိုက်တော့ မန်ယူရဲ့ ကွင်းလယ်လူ ၂ ယောက်ကို အေးအေးဆေးဆေး ထိန်းလို့ရသွားခဲ့ပါတယ်။ ဒုတိယဂိုးက အဲဒီ box combination က ထွက်လာခဲ့တာပါပဲ။ Caicedo ဘောလုံးရလာချိန်မှာ Gross ဖြတ်ပြေးထွက်မယ့်လမ်းထဲ ထိုးထည့်ပေးလိုက်တယ်။ ပြီးတော့ အသင့်ရှိနေတဲ့ ကွင်းလယ် ၂ ယောက် ရှေ့တန်း ၂ ယောက် ပေါင်းပြီး မန်ယူ နောက်တန်း ၃ ယောက်ကို 4 vs 3 နဲ့ တိုက်စစ်ဆင်တော့တာပါပဲ။ ဒန်နီ ဝဲလ်ဘက်ရဲ့ ရွေ့လျားမှုတွေ Gross နဲ့ အလယ်တန်းတိုက်စစ် ၂ ယောက် ဘောလုံးရချိန်တိုင်း ရှေ့က ဝဲလ်ဘက်ရဲ့ ပြေးလမ်းကြောင်းထဲဘောလုံးထိုးပေးကြတယ်။ အဲလို ထိုးပေးလို့ရအောင် နဲ့ သူကိုယ်တိုင်လဲ လူမကျွံရအောင် ဝဲလ်ဘက်က နောက်တန်းလူတွေကြားကွေ့ဝိုက်ပြေးပြီးမှ ထွက်ယူတာမျိုး လုပ်သွားတယ်။ ပထမဂိုးမှာဆိုလဲ ဝဲလ်ဘက်ရဲ့ လှုပ်ရွေ့သွားမှုကြောင့်လို့ပြောလို့ရတယ်။ မက်ဂွိုင်းယား နဲ့ မာတီနက်ဇ်ကြားကနေလွတ်အောင်ပြေးထွက်သွားနိုင်ခဲ့တယ်လေ။ ဘောလုံးရတာနဲ့ တချက်ထိမ်းပြီး Gross ရှူးဖို့ ချပေးလိုက်တော့တာပဲ။တပွဲလုံး ဘရိုက်တန် ၁၂ လုံး ဂိုးပေါက်တည့်တာမှာ ဝဲလ်ဘက်က တဝက်ဆိုင်နေတယ်လေ (၄ လုံးကန်၊ ၂ လုံးဖန်တီးပေး) တောင်ပံ ခံစစ်သမားတွေရဲ့ ကဏ္ဍ ဂရေဟမ်ပေါ်တာရဲ့ 3-box-3 formation မှာ နောက်တန်း အစွန်လူတွေက တော်တော်လေး အရေးပါတယ်။ တိုက်စစ်ဆင်နေချိန်မှာ ရှေ့ထိတက်ပြီး ရှေ့တန်း ၃ ယောက် ဖြစ်အောင်လုပ်တယ်၊ ခံစစ်ပြင်ချိန်မှာ နောက်တန်း ၃ယောက်နဲ့ ပြန်လာပေါင်းပြီး ၅ ယောက်တန်းဖြစ်သွားတယ်။ အဲဒါတွေထက်ပိုအရေးပါတာက ဘရိုက်တန်တို့ဘောလုံးရနေတဲ့အချိန်မှာ သူတို့လုပ်ရတဲ့အပိုင်းပဲ။ လုပ်ရမှာကတော့ ရှင်းရှင်းလေးပါ ဖြတ်တင်ဘောတွေ အရှည်မျှောထိုးပေးတာတွေ လိုမျိုးလုပ်ပေးရတာပါပဲ၊ ဒါပေမယ့် ထူးခြားသွားတာက ဘယ်ခြမ်းက ကစားရတဲ့ Trossard က ညာသန်၊ ညာခြမ်းက ကစားတဲ့ March က ဘယ်သန်ဆိုတော့ Diagonal pass တွေက ရာနှုန်းတော်တော်များများ ခရီးရောက်နေတယ်။ ပထမဂိုးက Trossard ဆီကနေ ဖြတ်တင်ပေးလိုက်တာ။ ဒုတိယဂိုး March ဘယ်ခြေနဲ့ ကန်သွင်း၊ ဒဟဲယား ပုတ်ထုတ်တာကို Gross ပိတ်သွင်းယူသွား။ High
Read more