ချန်ပီယံလိဂ် အုပ်စုတွေကို သုံးသပ်ကြည့်ခြင်း
(Unicode) ချန်ပီယံလိဂ် အုပ်စုတွေတော့ မဲခွဲပြီးသွားပြီ၊ ဘောလုံးကျွမ်းကျင်သူတွေ ဘာပြောကြလဲ နားထောင်ကြည့်လိုက်ကြရအောင် စိတ်လှုပ်ရှားစရာအကောင်းဆုံးက ဘယ်အုပ်စုဖြစ်မလဲ? Raphael Honigstein: နည်းနည်းထူးဆန်းသလို ဖြစ်နေပေမယ့် Group D လို့ပဲ ပြောချင်ပါတယ်။ ယူရိုပါလိဂ် နည်းနည်းဆန်နေတဲ့ အုပ်စုလို့တောင်ပြောလို့ရပါလိမ့်မယ်။ ကွန်တီကလဲ ချန်ပီယံလိဂ်ဆို ရုန်းကန်နေရတာဆိုတော့ ဒီအုပ်စုမှာ အကြိုက်ဆုံးအသင်း၊ ချွန်ထွက်နေတဲ့ အသင်းရယ်လို့ မရှိဘူး။ ဘောလုံးမြို့တော် ၄ ခုက သမိုင်းရှိတဲ့ကွင်း ၄ ကွင်းမှာ ကန်ကြရမှာဆိုတော့ အဆုံးထိ ကြည့်ကောင်းမှာပါ။ Dermot Corrigan: Group D မှာပါတဲ့အသင်းတွေက ခြေညီတဲ့အသင်းတွေချည်းဆိုတော့ ကြည့်ကောင်းမယ့်အုပ်စုပါ။ Group of Death သေမင်းတမန်အုပ်စုကတော့ Group C ပဲပေါ့။ ဒါပေမယ့် Group A ကပွဲတွေကတော့အမှတ်ရစရာ အဖြစ်ကလေးတွေ ပြောစမှတ်ဖြစ်စရာလေးတွေ ပေးနိုင်လိမ့်မယ် ထင်နေမိတယ်။ Jack Pitt-Brooke: ထိပ်တန်းအရည်အချင်းတွေ Group A, C နဲ့ H တွေမှာ တွေ့ရလိမ့်မယ်။ ဒါပေမယ့် Group C ကအကောင်းဆုံးဖြစ်လိမ့်မယ်။ ဘာကာတို့ နွေအပြောင်းအရွှေ့ပိတ်အပြီးမှာ ပိုကောင်းတဲ့ အသင်းဖြစ်လာအောင် လုပ်နိုင်မလားပဲ စောင့်ကြည့်ရလိမ့်မယ်၊ မဟုတ်လို့ကတော့ သူတို့ ယူရိုပါလိဂ်မှာ ၂ နှစ်ဆက်အနေနဲ့ ဆင်းကန်ရလိမ့်မယ်။ James
Read more