နူးနက်ဇ် + ဆားလား = လီဗာပူးရဲ့ ကြောက်စရာ ရှေ့တန်း ကစားပုံအသစ်
(Unicode) အရင်နှစ်တွေကတော့ လီဗာပူး ညာခြမ်းက ရိုးရိုးရှင်းရှင်းပါပဲ။ မိုဆားလားက အထဲချိုးဝင်တဲ့ တောင်ပံကစားသမား inverted winger အနေနဲ့ကစားတယ်။ သူကဘယ်သန် ပင်နယ်တီဘောက်ထဲဝင်လာပြီး ကျဉ်းကျဉ်းကျပ်ကျပ် အတိုပေးလေးတွေနဲ့ ကစားပြီး ဂိုးသွင်းဖို့ ကြိုးစားတတ်တယ်။အကောင်းဆုံး တိုက်စစ်အားသန် နောက်ခံလူတစ်ယောက် ဖြစ်လာတဲ့ TAA ထရမ့်အလက်ဇန္ဒား အာနိုးကတော့ ညာသန်ဖြစ်ပြီး တောင်ပံတိုက်စစ်ကို overlap တက်တက်လာတတ်တယ်။ အမြဲတမ်းတော့ မဟုတ်ပေမယ့် ပွဲတော်တော်များများမှာ TAA က final third ရဲ့ ညာခြမ်းတဝက်လောက်မှာ လှည့်ပါတ်မွှေနှောက်၊ ဂိုးပေါက်နား နီးနီးကပ်ကပ်ထိ ဝင်ဝင်လာတတ်တာက တခါတခါ ရှေ့တန်းကစားသမားတွေထက် ပိုကြောက်စရာကောင်းနေတတ်တယ်။ ဒါပေမယ့် သူ့ရဲ့ အဲ့လိုကစားပေါက်က မိုဆားလားကို နေရာပြောင်းကစားရဖို့ဖြစ်သွားတယ်။ အဲလိုအချိန်တွေဆို ဆားလားက အပေါ်ထိတက်ပြီး ကျယ်ကျယ်လွင့်လွင့်ကစားဖို့ လုပ်လာရတယ်။ဒါမှ အထဲဝင်သွားတဲ့ TAA ဘေးကနေရာတွေကို အသုံးချနိုင်မှာကိုး။ အဲလိုနဲ့ ပြီးခဲ့တဲ့နှစ်မှာ လီဗာပူးညာတောင်ပံကိုစိုးမိုးထားတာ ရှေ့တန်းသမား မိုဆားလား ဖြစ်လာခဲ့တယ်။ ဂျာဂင်ကလော့ပ် လက်ထက်မှာ ပထမဆုံးပဲ။ အပေါ်ယံကြည့်ရင်တော့ ဂိုးသွင်းမယ့် ရှေ့တန်းသမားက တောင်ပံကနေ ဘောလုံးတွေ တင်ပေးနေရတာ အချိုးမကျတဲ့ ပုံစံကြီးလို့ ထင်စရာရှိပေမယ့် သေချာကြည့်ရင် အဲဒီပုံစံကြောင့် လီဗာပူးရှေ့တန်း အရမ်းကောင်းသွားတာတွေ့ရတယ်။ မိုဆားလား ၂၃ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးပေးခဲ့တယ်။ သူ့အတွက် ၂၀၁၇-၁၈ နောက်ပိုင်း စံချိန်တင်ပါပဲ။ TAA ရဲ့ တိုက်စစ်ပိုင်းက အဆင့်တခုထိ ထိုးတက်သွားတယ်။ ချုပ်လိုက်တော့ လီဗာပူးတို့ ၉၄ ဂိုးသွင်းနိုင်ခဲ့ကြတယ်။ ကလော့ပ်လက်ထက် အများဆုံးသွင်းဂိုးနဲ့ပေါ့။ မိုဆားလား ညာခြမ်းမှာ ဘောလုံးရသွားရင် လုပ်စရာ ၃ ခုပဲရှိတယ်။ အတွင်းကိုတက်လာတဲ့ TAA (ဒါမှမဟုတ်တခြားတစ်ယောက်ဖြစ်ဖြစ်)ဆီကို ဘောလုံးပေးပြီး ဂိုးဖန်တီးခိုင်းမလား ဒါမှမဟုတ် လိမ်ခေါက် အတွင်းကို ဆွဲဝင်လာပြီး ဂိုးရှုးမလား ဒါမှမဟုတ် ဂိုးနဲ့ဝေးရာ ညာဘက်ကို ဘောလုံးဆွဲသွားမလားဆိုတာရယ်။ ပထမ ၂ ခုကတော့ဘယ်နောက်တန်းမှ မလုပ်စေချင်ကြဘူးလေ။ အဲဒီတော့ သူနဲ့တွေ့ရင် ဘယ်ခြမ်းကို ကာပိတ်ထားပြီး ညာဘက်ကိုပဲဆွဲသွားအောင် ဖိအားပေးကစားတတ်လာကြတယ်။ ရှေ့တန်းသမားတွေ အဲလိုညာခြမ်းဆွဲသွားပြီဆိုရင် အဓိကအားဖြင့် ၃ နေရာကို ဘောလုံးပေးတတ်ကြတယ်။ အနီးတိုင်ဘက်ခြမ်းရယ်၊ အဝေးတိုင်ဘက်ခြမ်းရယ်၊ ပင်နယ်တီကန်တဲ့နေရာနားလေးရယ်။ အများဆုံးကတော့ အနီးတိုင်ဘက်ခြမ်းပေါ့။ ဆာလားလို ညာခြေသိပ်မသန်သူအတွက်ကတော့ အနီးတိုင်ဘက်ခြမ်းကို အနိမ့်ဘောထည့်ပေးလိုက်တာကိုပဲ အများဆုံးလုပ်လေ့ရှိပါတယ်။ သူ့ဆီကထွက်လာတဲ့အလုံးတွေကို အနီးတိုင်ဘက်ခြမ်းမှာပြေးလွှားပြီး အသုံးချမယ့် အဆုံးသတ်မယ့်သူ လိုနေခဲ့တယ်။ အဲဒီမှာ လီဗာပူးတို့ အကြပ်ရိုက်တော့တာပါပဲ။ ကလော့ပ်က ဖာမီနိုကို အဲဒီအခွင့်အရေးတွေ သုံးခိုင်းဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် ဖာမီနိုက False 9 ပုံစံနဲ့ ကစားရတာဆိုတော့ နောက်ထိဆင်းနေရချိန်များတော့ အချိန်နော်တော်များများမှာ အဆင်သင့်ဖြစ်မနေနိုင်ခဲ့ပါဘူး။ အဲဒီမှာ ဒါဝင်နူးနက်ဇ် အခန်းရောက်လာတာပါပဲ။ ဖူလ်ဟမ်နဲ့ အဖွင့်ပွဲမှာ ဖာမီနိုအစား လူစားဝင်လာပြီး ၁၅ မိနစ်အကြာမှာပဲ အဲဒီပုံစံကနေ အပိုင်အခွင့်အရေး ၂ ကြိမ်ထိရခဲ့တယ်၊ ပထမတခါကို ဂိုးသမား ကာကွယ်လိုက်နိုင်ပေမယ့် ဒုတိယအကြိမ်မှာတော့ ဂိုးပေးခဲ့လိုက်ရတယ်။ပြောရရင် ကွန်မြူနီတီဒိုင်းပွဲတုန်းက မန်စီးတီးကိုရခဲ့တဲ့ ပင်နယ်တီကလဲ ဒီပုံစံကပါပဲ။ ဆာလား တင်ပေးလိုက်တဲ့အနိမ့်ဘောကို ပြေးလွှားနေတဲ့ နူးနက်ဇ် ခေါင်းဖြတ်တိုက်လိုက်တာပါပဲ။ မန်စီးတီးနောက်တန်းလူ ဒီယက်ဇ်ရဲ့ လက်ကို ထိသွားလို့သာ ပင်နယ်တီဖြစ်သွားခဲ့တာ။ ဒီလိုနဲ့ လီဗာပူးတို့ဟာ မိုဆားလားရဲ့ ဂိုးသွင်းသေချာမှုလို၊ ထရမ့် အာနိုး TAA ရဲ့ တိုက်စစ်လိုက်ပါမှုလို နဂိုရှိရင်းစွဲရှေ့တန်းအားသာမှုတွေမှာ နူးနက်ဇ်ရဲ့ မြန်ဆန်မှု နေရာယူမှုတွေပေါင်းပြီး ပြည့်စုံလုနီးပါး ကြောက်စရာ ရှေ့တန်းကစားပုံကို ပုံဖော်နိုင်ခဲ့ပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ အခုလို စိတ်ဝင်စားစရာ သုံးသပ်ချက်တွေ မလွတ်တမ်း ဖတ်နိုင်ဖို့ ကျနော်တို့ရဲ့ PremierHighlight page လေးကိုLike လုပ်ထားကြပါဦးနော် ညီအစ်ကိုတို့ (Zawgyi) အရင်နှစ်တွေကတော့ လီဗာပူး
Read more