မန်ယူတို့ လီဗာပူးကို ဘယ်လို အနိုင်ယူခဲ့ကြသလဲ?

(Unicode) နည်းပြကြီး တန်ဟက်ဂ်ရဲ့ ရော်နယ်ဒို နဲ့ မက်ဂွိုင်းယားကို ပွဲထွက်လူစာရင်းက ပြတ်ပြတ်သားသားချန်ထားလိုက်တဲ့ဆုံးဖြတ်ချက်နဲ့အတူ မန်ယူတို့ဟာ လီဗာပူးကို ၂-၁ နဲ့ ထိုက်ထိုက်တန်တန် အနိုင်ယူသွားနိုင်ခဲ့ပါပြီ။ အနိုင်ဂိုး ၂ ဂိုးကို ဆန်ချို နဲ့ ရက်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့ကြပြီး လီဗာပူးတို့အတွက် နှစ်သိမ့်ဂိုးကိုတော့ မိုဆားလားက ပွဲပြီးဖို့ ၁၀မိနစ်အလိုမှာ သွင်းယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။  ဒီပွဲရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပြောစရာလေးတွေနဲ့ သုံးသပ်ချက်လေးတွေ ကြည့်လိုက်ကြရအောင်။ တန်ဟက်ဂ်ရဲ့ ကွက်တိဖြစ်သွားတဲ့ လူထုတ်ပုံ နဲ့ လူစားလဲပုံများ ပွဲကြိုအင်တာဗျူးမှာ ပြောသွားသလိုပါပဲ “လီဗာပူးက တကယ့်အသင်းကောင်း၊ ကျနော်တို့ သူတို့ကို ဖိအားပေးနိုင်ဖို့လိုတယ်။ ကွင်းလယ်ဇုန်ထဲကနေကျော်ပြီး ဖိအားပေးနိုင်ဖို့လိုတယ်၊ အဲလိုလုပ်ဖို့ ကျနော်တို့ အား (energy) လိုတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ အီလန်ဂါတို့ ပါမှဖြစ်မယ်”  တန်ဟက်ဂ်ရဲ့ ရှေ့တန်း ၃ ယောက်ဟာ တိုက်စစ်ကိုပြောင်းတဲ့အခါမှာ တဖက်နောက်တန်းတွေကို ဖောက်ပြေးတာမှာအရမ်းမြန်ဆန်ခဲ့ကြတယ်။ လီဗာပူးကွင်းလယ်မှာ ဖာဘင်ညို မပါတာကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်ပြောရမယ်။ နောက်တန်းမှာ ဗာရိန်း နဲ့ မာတီနက်ဇ်က ရိုးရိုးလေးပဲ ပင်နယ်တီဧရိယာနားကနေ ခံကစားပြီး တစ်ယောက်ချင်း လုစရာရှိတာတွေမှာ ခပ်တင်းတင်းကစားသွားခဲ့ကြတယ်။ အထူးသဖြင့် မာတီနက်ဇ်တစ်ယောက် ဗာရိန်း နဲ့ မာလာစီယာတို့ကြောင့် ကျောလုံပြီး ရဲရဲရင့်ရင့် ကစားပြသွားနိုင်ခဲ့တာတွေ့ရတယ်။  တိုက်စစ်ကို အားပြန်ဖြည့်စရာလိုတဲ့အချိန်မှာလဲ ၃၇ နှစ်သား ရော်နယ်ဒိုကို မထည့်ဘဲ မာရှယ်ကိုပဲ ထည့်သွားတာလဲ မှန်ခဲ့ပြန်တယ်။  ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ လူစားလဲပုံတွေကို အမှတ်ပေးရမှာပါပဲ။ ဂျာဂင်ကလော့ပ်ရဲ့ ကွင်းလယ်က ဘာဖြစ်သွားတာလဲ? ဖာဘင်ညိုကို ချန်ထားခဲ့တာ ကလော့ပ်အတွက် ပေးဆပ်မှုကြီးသွားခဲ့ရတယ်။ ဟန်ဒါဆင်၊ မီလ်နာ နဲ့ အဲလိယော့တို့ရဲ့ ကွင်းလယ်က လေးကန် ထုံထိုင်းနေခဲ့တယ်။ ဖိအားမပေးနိုင်၊ လူချင်းမယှဉ်နိုင်၊ ဖန်တီးနိုင်မှုမရှိ၊ သူတို့နောက်ကနောက်တန်းတွေကိုလဲ မကာကွယ်ပေးနိုင်ခဲ့ကြဘူး။  အရင်က ဒီလိုမဟုတ်ပါဘူး။ လီဗာပူးကွင်းလယ်ဆိုတာ တဖက်အသင်းကို အသက်ထွက်မတတ် ဖိအားပေးထားပြီးအခွင့်အရေးမပေးစတမ်း ထိန်းချုပ်ကစားနေကျပါ။ လူတွေ နာနေတာလဲ ပါမှာပေါ့။ သီယာဂို၊ ကာတစ်ဂျုံး၊ ချိန်ဘာလိန် နဲ့ အခုဆို ကီတာပါ လူနာစာရင်းထဲ ဝင်သွားပြီ။  ကလော့ပ်ကတော့ လူခေါ်စရာမလိုဘူး ဆိုပေမယ့် ဒီအခြေအနေကြည့်ရတာတော့ တစ်ယောက်လောက်တော့ လိုလိမ့်ဦးမယ့်ပုံပါပဲ။ ယူနိုက်တက်ရဲ့ တိုက်စစ်ဗျူဟာ လီဗာပူးကို အမြန်ပေးတွေနဲ့ ထိုးနှက်သွားတယ်ဆိုပေမယ့် ပထမဂိုးကိုကြည့်ရင် ဘောပိုင်ဆိုင်မှုထိန်း possession၊တိတိကျကျပေး passing details၊ တတိယတစ်ယောက်ကလှုပ်ရှား third-man run၊ နောက်တန်းသမား full back တွေက ဖြန့်ကစားပြီး တောင်ပံသမား wingers တွေက အထဲ ချိုးဝင်ဆိုတဲ့ တန်ဟက်ဂ်ရဲ့ ရာသီကြိုက သွတ်သွင်းခဲ့တဲ့ပုံစံကနေ လာခဲ့တယ်ဆိုတာ တွေ့ရမှာပါ။  အဲရစ်ဆင်ကို ရှေ့ထိတက်ခိုင်းပြီး အီလန်ဂါနဲ့ တွဲခိုင်းလိုက်တဲ့အခါမှာ ရှေ့တန်းက ၅ယောက်ဖြစ်သွားစေခဲ့ပါတယ်။အဲလိုလုပ်လိုက်တော့ တစ်ယောက်ချင်းတွေ့ရာမှာတောင် အဖျက်အားနည်းတဲ့ ထရမ့်အာနိုး TAA ကို ၂ ယောက် ၁ယောက်နဲ့ လုံးဝအသာစီးရပြီး အီလန်ဂါရဲ့ အမြန်နှုန်းနောက် လိုက်ပြေးဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားတွေ များသွားတော့တာပါပဲ။  အီလန်ဂါကနေ အဲရစ်ဆင်ဆီ ပြန်ပေးလိုက်တဲ့အခါ (မျှားအဖြူ) ပုံပျက်သွားတဲ့ အာနိုးကြောင့် ပြေးလမ်းကြောင်း(အဖြူစက်မျှား) ပွင့်သွားတယ်၊ အဲရစ်ဆင်ဆီ ဘောလုံးရောက်ပြီးတဲ့အခါ နောက်တန်း ၂ ယောက်ကြားကနေ ပြန်ချပေးလိုက်တော့တယ် (မျှားအပြာ)

Read more

မန်ယူတို့ အိမ်ကွင်းမှာ ဘရိုက်တန်နည်းပြကြီးရဲ့ ဘယ်လိုတွေ ပညာပြသွားတာ ခံလိုက်ရလဲ ဆိုတာ

မန်ယူတို့ ရာသီအသစ်ကို နည်းပြသစ်နဲ့ စ ခဲ့ကြပေမယ့် ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကတော့ နည်းစနစ်ပြိုင်ပွဲမှာ ထပ်ပြီး အနိုင်ယူသွားနိုင်ခဲ့ပြန်ပါတယ်။ မနှစ်က ဘရိုက်တန်အိမ်ကွင်းမှာလဲ ၄-၀ နဲ့ အနိုင်ယူခဲ့သေးတယ်လေ  ဒီပွဲမှာလဲ အဲဒီပွဲတုန်းကလိုပဲ သူ့ရဲ့ 3-box(4)-3 formation ကိုပဲ သုံးသွားခဲ့တာပါပဲ။  ကွင်းလယ် လေးယောက် box ဆင်ထားတာက ဒီလိုပေါ့: နောက်ချန် ကွင်းလယ်သမား ၂ ယောက် နဲ့ တိုက်စစ်အားသန်တဲ့ ကွင်းလယ် ၂ ယောက်။သူတို့ ၄ ယောက်ပေါင်းလိုက်တော့ မန်ယူရဲ့ ကွင်းလယ်လူ ၂ ယောက်ကို အေးအေးဆေးဆေး ထိန်းလို့ရသွားခဲ့ပါတယ်။ ဒုတိယဂိုးက အဲဒီ box combination က ထွက်လာခဲ့တာပါပဲ။ Caicedo ဘောလုံးရလာချိန်မှာ Gross ဖြတ်ပြေးထွက်မယ့်လမ်းထဲ ထိုးထည့်ပေးလိုက်တယ်။ ပြီးတော့ အသင့်ရှိနေတဲ့ ကွင်းလယ် ၂ ယောက် ရှေ့တန်း ၂ ယောက် ပေါင်းပြီး မန်ယူ နောက်တန်း ၃ ယောက်ကို 4 vs 3 နဲ့ တိုက်စစ်ဆင်တော့တာပါပဲ။ ဒန်နီ ဝဲလ်ဘက်ရဲ့ ရွေ့လျားမှုတွေ Gross နဲ့ အလယ်တန်းတိုက်စစ် ၂ ယောက် ဘောလုံးရချိန်တိုင်း ရှေ့က ဝဲလ်ဘက်ရဲ့ ပြေးလမ်းကြောင်းထဲဘောလုံးထိုးပေးကြတယ်။ အဲလို ထိုးပေးလို့ရအောင် နဲ့ သူကိုယ်တိုင်လဲ လူမကျွံရအောင် ဝဲလ်ဘက်က နောက်တန်းလူတွေကြားကွေ့ဝိုက်ပြေးပြီးမှ ထွက်ယူတာမျိုး လုပ်သွားတယ်။  ပထမဂိုးမှာဆိုလဲ ဝဲလ်ဘက်ရဲ့ လှုပ်ရွေ့သွားမှုကြောင့်လို့ပြောလို့ရတယ်။ မက်ဂွိုင်းယား နဲ့ မာတီနက်ဇ်ကြားကနေလွတ်အောင်ပြေးထွက်သွားနိုင်ခဲ့တယ်လေ။ ဘောလုံးရတာနဲ့ တချက်ထိမ်းပြီး Gross ရှူးဖို့ ချပေးလိုက်တော့တာပဲ။တပွဲလုံး ဘရိုက်တန် ၁၂ လုံး ဂိုးပေါက်တည့်တာမှာ ဝဲလ်ဘက်က တဝက်ဆိုင်နေတယ်လေ (၄ လုံးကန်၊ ၂ လုံးဖန်တီးပေး) တောင်ပံ ခံစစ်သမားတွေရဲ့ ကဏ္ဍ ဂရေဟမ်ပေါ်တာရဲ့ 3-box-3 formation မှာ နောက်တန်း အစွန်လူတွေက တော်တော်လေး အရေးပါတယ်။  တိုက်စစ်ဆင်နေချိန်မှာ ရှေ့ထိတက်ပြီး ရှေ့တန်း ၃ ယောက် ဖြစ်အောင်လုပ်တယ်၊ ခံစစ်ပြင်ချိန်မှာ နောက်တန်း ၃ယောက်နဲ့ ပြန်လာပေါင်းပြီး ၅ ယောက်တန်းဖြစ်သွားတယ်။  အဲဒါတွေထက်ပိုအရေးပါတာက ဘရိုက်တန်တို့ဘောလုံးရနေတဲ့အချိန်မှာ သူတို့လုပ်ရတဲ့အပိုင်းပဲ။ လုပ်ရမှာကတော့ ရှင်းရှင်းလေးပါ ဖြတ်တင်ဘောတွေ အရှည်မျှောထိုးပေးတာတွေ လိုမျိုးလုပ်ပေးရတာပါပဲ၊ ဒါပေမယ့် ထူးခြားသွားတာက ဘယ်ခြမ်းက ကစားရတဲ့ Trossard က ညာသန်၊ ညာခြမ်းက ကစားတဲ့ March က ဘယ်သန်ဆိုတော့ Diagonal pass တွေက ရာနှုန်းတော်တော်များများ ခရီးရောက်နေတယ်။ ပထမဂိုးက Trossard ဆီကနေ ဖြတ်တင်ပေးလိုက်တာ။ ဒုတိယဂိုး March ဘယ်ခြေနဲ့  ကန်သွင်း၊ ဒဟဲယား ပုတ်ထုတ်တာကို Gross ပိတ်သွင်းယူသွား။ High

Read more