မန်ယူတို့ အိမ်ကွင်းမှာ ဘရိုက်တန်နည်းပြကြီးရဲ့ ဘယ်လိုတွေ ပညာပြသွားတာ ခံလိုက်ရလဲ ဆိုတာ
မန်ယူတို့ ရာသီအသစ်ကို နည်းပြသစ်နဲ့ စ ခဲ့ကြပေမယ့် ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကတော့ နည်းစနစ်ပြိုင်ပွဲမှာ ထပ်ပြီး အနိုင်ယူသွားနိုင်ခဲ့ပြန်ပါတယ်။ မနှစ်က ဘရိုက်တန်အိမ်ကွင်းမှာလဲ ၄-၀ နဲ့ အနိုင်ယူခဲ့သေးတယ်လေ
ဒီပွဲမှာလဲ အဲဒီပွဲတုန်းကလိုပဲ သူ့ရဲ့ 3-box(4)-3 formation ကိုပဲ သုံးသွားခဲ့တာပါပဲ။
ကွင်းလယ် လေးယောက် box
ဆင်ထားတာက ဒီလိုပေါ့: နောက်ချန် ကွင်းလယ်သမား ၂ ယောက် နဲ့ တိုက်စစ်အားသန်တဲ့ ကွင်းလယ် ၂ ယောက်။သူတို့ ၄ ယောက်ပေါင်းလိုက်တော့ မန်ယူရဲ့ ကွင်းလယ်လူ ၂ ယောက်ကို အေးအေးဆေးဆေး ထိန်းလို့ရသွားခဲ့ပါတယ်။ ဒုတိယဂိုးက အဲဒီ box combination က ထွက်လာခဲ့တာပါပဲ။ Caicedo ဘောလုံးရလာချိန်မှာ Gross ဖြတ်ပြေးထွက်မယ့်လမ်းထဲ ထိုးထည့်ပေးလိုက်တယ်။

ပြီးတော့ အသင့်ရှိနေတဲ့ ကွင်းလယ် ၂ ယောက် ရှေ့တန်း ၂ ယောက် ပေါင်းပြီး မန်ယူ နောက်တန်း ၃ ယောက်ကို 4 vs 3 နဲ့ တိုက်စစ်ဆင်တော့တာပါပဲ။

ဒန်နီ ဝဲလ်ဘက်ရဲ့ ရွေ့လျားမှုတွေ
Gross နဲ့ အလယ်တန်းတိုက်စစ် ၂ ယောက် ဘောလုံးရချိန်တိုင်း ရှေ့က ဝဲလ်ဘက်ရဲ့ ပြေးလမ်းကြောင်းထဲဘောလုံးထိုးပေးကြတယ်။ အဲလို ထိုးပေးလို့ရအောင် နဲ့ သူကိုယ်တိုင်လဲ လူမကျွံရအောင် ဝဲလ်ဘက်က နောက်တန်းလူတွေကြားကွေ့ဝိုက်ပြေးပြီးမှ ထွက်ယူတာမျိုး လုပ်သွားတယ်။

ပထမဂိုးမှာဆိုလဲ ဝဲလ်ဘက်ရဲ့ လှုပ်ရွေ့သွားမှုကြောင့်လို့ပြောလို့ရတယ်။ မက်ဂွိုင်းယား နဲ့ မာတီနက်ဇ်ကြားကနေလွတ်အောင်ပြေးထွက်သွားနိုင်ခဲ့တယ်လေ။ ဘောလုံးရတာနဲ့ တချက်ထိမ်းပြီး Gross ရှူးဖို့ ချပေးလိုက်တော့တာပဲ။တပွဲလုံး ဘရိုက်တန် ၁၂ လုံး ဂိုးပေါက်တည့်တာမှာ ဝဲလ်ဘက်က တဝက်ဆိုင်နေတယ်လေ (၄ လုံးကန်၊ ၂ လုံးဖန်တီးပေး)
တောင်ပံ ခံစစ်သမားတွေရဲ့ ကဏ္ဍ
ဂရေဟမ်ပေါ်တာရဲ့ 3-box-3 formation မှာ နောက်တန်း အစွန်လူတွေက တော်တော်လေး အရေးပါတယ်။
တိုက်စစ်ဆင်နေချိန်မှာ ရှေ့ထိတက်ပြီး ရှေ့တန်း ၃ ယောက် ဖြစ်အောင်လုပ်တယ်၊ ခံစစ်ပြင်ချိန်မှာ နောက်တန်း ၃ယောက်နဲ့ ပြန်လာပေါင်းပြီး ၅ ယောက်တန်းဖြစ်သွားတယ်။

အဲဒါတွေထက်ပိုအရေးပါတာက ဘရိုက်တန်တို့ဘောလုံးရနေတဲ့အချိန်မှာ သူတို့လုပ်ရတဲ့အပိုင်းပဲ။ လုပ်ရမှာကတော့ ရှင်းရှင်းလေးပါ ဖြတ်တင်ဘောတွေ အရှည်မျှောထိုးပေးတာတွေ လိုမျိုးလုပ်ပေးရတာပါပဲ၊ ဒါပေမယ့် ထူးခြားသွားတာက ဘယ်ခြမ်းက ကစားရတဲ့ Trossard က ညာသန်၊ ညာခြမ်းက ကစားတဲ့ March က ဘယ်သန်ဆိုတော့ Diagonal pass တွေက ရာနှုန်းတော်တော်များများ ခရီးရောက်နေတယ်။ ပထမဂိုးက Trossard ဆီကနေ ဖြတ်တင်ပေးလိုက်တာ။

ဒုတိယဂိုး March ဘယ်ခြေနဲ့ ကန်သွင်း၊ ဒဟဲယား ပုတ်ထုတ်တာကို Gross ပိတ်သွင်းယူသွား။

High Pressing and Pressing Traps
ဘရိုက်တန်က ပထမပိုင်း တလျှောက်လုံးမှာ Pressing ကို မြင့်မြင့် High လုပ်ကစားသွားတယ်။ Press တဲ့ ပုံစံကကွင်းလယ်မှာ တစ်ယောက်ချင်းစီကို ဖိအားပေးတဲ့ ပုံစံနဲ့လုပ်ပြီး နောက်တန်းတောင်ပံသမားတွေက မန်ယူနောက်တန်းတွေကို ဖိအားပေးတဲ့ပုံစံမျိုးနဲ့။ အဲလို High မှာကတည်းက Press လုပ်ပြီး မန်ယူဘောလုံးကို ဘရိုက်တန်တို့ရဲ့ အားသာချက် ကွင်းလယ် ၄ ယောက် box ထဲရောက်အောင် ကျုံးသွင်းပြီးမှ အဲဒီအဆင့်ကွင်းလယ်မှာပျက်အောင် လုပ်ပစ်ဖို့ ကြိုးစားကြတယ်။
ဂိုးသမားဆီ နောက်ပြန်ပေးဖြစ်အောင် ဖိအားပေး Press

Gross က ဒဟဲယားဆီထိလိုက်ပြီး ဖိအားပေး၊ ကျန်တဲ့သူတွေက နောက်တန်းတွေကို ကပ်ပြီး Press ထား

ဒီလိုအချိန်မှာ အဝေးဘော ကန်တင်တာ မကျွမ်းတဲ့ ဒဟဲယားမှာ ပေးစရာဆိုလို့ ဖရက်ဒ်ပဲ ရှိတော့တယ်
အဲလိုပုံစံမျိုးတွေနဲ့ပဲ မန်ယူတို့ရဲ့ တိုက်စစ်တွေ အစပိုင်းမှာတင် pressing နဲ့ ဖိအားပေးခံရပြီး ဘောလုံးကိုင်နိုင်ပေမယ့် အခွင့်အရေးမဖန်တီးနိုင်ပဲ ပွဲပြီးချိန်မှာ ဘရိုက်တန်ကို ၁-၂ နဲ့ အရှုံးပေးခဲ့ရပါတော့တယ်။
အခုလို သုံးသပ်ချက်လေးတွေ ပုံမှန်ဖတ်နိုင်ဖို့ ကျနော်တို့ရဲ့ Premier Highlight page ကို Like လုပ်ထားလိုက်ပါဦးညီအစ်ကိုတို့ရေ

(Zawgyi)
မန္ယူတို႔ ရာသီအသစ္ကို နည္းျပသစ္နဲ႔ စ ခဲ့ၾကေပမယ့္ ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ေပၚတာကေတာ့ နည္းစနစ္ၿပိဳင္ပြဲမွာ ထပ္ၿပီး အႏိုင္ယူသြားႏိုင္ခဲ့ျပန္ပါတယ္။ မႏွစ္က ဘ႐ိုက္တန္အိမ္ကြင္းမွာလဲ ၄-၀ နဲ႔ အႏိုင္ယူခဲ့ေသးတယ္ေလ
ဒီပြဲမွာလဲ အဲဒီပြဲတုန္းကလိုပဲ သူ႔ရဲ႕ 3-box(4)-3 formation ကိုပဲ သုံးသြားခဲ့တာပါပဲ။
ကြင္းလယ္ ေလးေယာက္ box
ဆင္ထားတာက ဒီလိုေပါ့: ေနာက္ခ်န္ ကြင္းလယ္သမား ၂ ေယာက္ နဲ႔ တိုက္စစ္အားသန္တဲ့ ကြင္းလယ္ ၂ ေယာက္။ သူတို႔ ၄ ေယာက္ေပါင္းလိုက္ေတာ့ မန္ယူရဲ႕ ကြင္းလယ္လူ ၂ ေယာက္ကို ေအးေအးေဆးေဆး ထိန္းလို႔ရသြားခဲ့ပါတယ္။ ဒုတိယဂိုးက အဲဒီ box combination က ထြက္လာခဲ့တာပါပဲ။ Caicedo ေဘာလုံးရလာခ်ိန္မွာ Gross ျဖတ္ေျပးထြက္မယ့္လမ္းထဲ ထိုးထည့္ေပးလိုက္တယ္။

ၿပီးေတာ့ အသင့္ရွိေနတဲ့ ကြင္းလယ္ ၂ ေယာက္ ေရွ႕တန္း ၂ ေယာက္ ေပါင္းၿပီး မန္ယူ ေနာက္တန္း ၃ ေယာက္ကို 4 vs 3 နဲ႔ တိုက္စစ္ဆင္ေတာ့တာပါပဲ။

ဒန္နီ ဝဲလ္ဘက္ရဲ႕ ေ႐ြ႕လ်ားမႈေတြ
Gross နဲ႔ အလယ္တန္းတိုက္စစ္ ၂ ေယာက္ ေဘာလုံးရခ်ိန္တိုင္း ေရွ႕က ဝဲလ္ဘက္ရဲ႕ ေျပးလမ္းေၾကာင္းထဲ ေဘာလုံးထိုးေပးၾကတယ္။ အဲလို ထိုးေပးလို႔ရေအာင္ နဲ႔ သူကိုယ္တိုင္လဲ လူမကြၽံရေအာင္ ဝဲလ္ဘက္က ေနာက္တန္းလူေတြၾကားေကြ႕ဝိုက္ေျပးၿပီးမွ ထြက္ယူတာမ်ိဳး လုပ္သြားတယ္။

ပထမဂိုးမွာဆိုလဲ ဝဲလ္ဘက္ရဲ႕ လႈပ္ေ႐ြ႕သြားမႈေၾကာင့္လို႔ေျပာလို႔ရတယ္။ မက္ဂြိဳင္းယား နဲ႔ မာတီနက္ဇ္ၾကားကေန လြတ္ေအာင္ေျပးထြက္သြားႏိုင္ခဲ့တယ္ေလ။ ေဘာလုံးရတာနဲ႔ တခ်က္ထိမ္းၿပီး Gross ရႉးဖို႔ ခ်ေပးလိုက္ေတာ့တာပဲ။ တပြဲလုံး ဘ႐ိုက္တန္ ၁၂ လုံး ဂိုးေပါက္တည့္တာမွာ ဝဲလ္ဘက္က တဝက္ဆိုင္ေနတယ္ေလ (၄ လုံးကန္၊ ၂ လုံး ဖန္တီးေပး)
ေတာင္ပံ ခံစစ္သမားေတြရဲ႕ က႑
ဂေရဟမ္ေပၚတာရဲ႕ 3-box-3 formation မွာ ေနာက္တန္း အစြန္လူေတြက ေတာ္ေတာ္ေလး အေရးပါတယ္။
တိုက္စစ္ဆင္ေနခ်ိန္မွာ ေရွ႕ထိတက္ၿပီး ေရွ႕တန္း ၃ ေယာက္ ျဖစ္ေအာင္လုပ္တယ္၊ ခံစစ္ျပင္ခ်ိန္မွာ ေနာက္တန္း ၃ ေယာက္နဲ႔ ျပန္လာေပါင္းၿပီး ၅ ေယာက္တန္းျဖစ္သြားတယ္။

အဲဒါေတြထက္ပိုအေရးပါတာက ဘ႐ိုက္တန္တို႔ ေဘာလုံးရေနတဲ့အခ်ိန္မွာ သူတို႔လုပ္ရတဲ့အပိုင္းပဲ။ လုပ္ရမွာကေတာ့ ရွင္းရွင္းေလးပါ ျဖတ္တင္ေဘာေတြ အရွည္ေမွ်ာထိုးေပးတာေတြ လိုမ်ိဳးလုပ္ေပးရတာပါပဲ၊ ဒါေပမယ့္ ထူးျခားသြားတာက ဘယ္ျခမ္းက ကစားရတဲ့ Trossard က ညာသန္၊ ညာျခမ္းက ကစားတဲ့ March က ဘယ္သန္ဆိုေတာ့ Diagonal pass ေတြက ရာႏႈန္းေတာ္ေတာ္မ်ားမ်ား ခရီးေရာက္ေနတယ္။ ပထမဂိုးက Trossard ဆီကေန ျဖတ္တင္ေပးလိုက္တာ။

ဒုတိယဂိုး March ဘယ္ေျခနဲ႔ ကန္သြင္း၊ ဒဟဲယား ပုတ္ထုတ္တာကို Gross ပိတ္သြင္းယူသြား။

High Pressing and Pressing Traps
ဘ႐ိုက္တန္က ပထမပိုင္း တေလွ်ာက္လုံးမွာ Pressing ကို ျမင့္ျမင့္ High လုပ္ကစားသြားတယ္။ Press တဲ့ ပုံစံက ကြင္းလယ္မွာ တစ္ေယာက္ခ်င္းစီကို ဖိအားေပးတဲ့ ပုံစံနဲ႔လုပ္ၿပီး ေနာက္တန္းေတာင္ပံသမားေတြက မန္ယူေနာက္တန္းေတြကို ဖိအားေပးတဲ့ပုံစံမ်ိဳးနဲ႔။ အဲလို High မွာကတည္းက Press လုပ္ၿပီး မန္ယူေဘာလုံးကို ဘ႐ိုက္တန္တို႔ရဲ႕ အားသာခ်က္ ကြင္းလယ္ ၄ ေယာက္ box ထဲေရာက္ေအာင္ က်ဳံးသြင္းၿပီးမွ အဲဒီအဆင့္ကြင္းလယ္မွာ ပ်က္ေအာင္ လုပ္ပစ္ဖို႔ ႀကိဳးစားၾကတယ္။
ဂိုးသမားဆီ ေနာက္ျပန္ေပးျဖစ္ေအာင္ ဖိအားေပး Press

Gross က ဒဟဲယားဆီထိလိုက္ၿပီး ဖိအားေပး၊ က်န္တဲ့သူေတြက ေနာက္တန္းေတြကို ကပ္ၿပီး Press ထား

အေဝးေဘာ ကန္တင္တာ မကြၽမ္းတဲ့ ဒဟဲယားမွာ ေပးစရာဆိုလို႔ ဖရက္ဒ္ပဲ ရွိေတာ့
အဲလိုပုံစံမ်ိဳးေတြနဲ႔ပဲ မန္ယူတို႔ရဲ႕ တိုက္စစ္ေတြ အစပိုင္းမွာတင္ pressing နဲ႔ ဖိအားေပးခံရၿပီး ေဘာလုံးကိုင္ႏိုင္ေပမယ့္ အခြင့္အေရးမဖန္တီးႏိုင္ပဲ ပြဲၿပီးခ်ိန္မွာ ဘ႐ိုက္တန္ကို ၁-၂ နဲ႔ အရႈံးေပးခဲ့ရပါေတာ့တယ္။
အခုလို သုံးသပ္ခ်က္ေလးေတြ ပုံမွန္ဖတ္ႏိုင္ဖို႔ က်ေနာ္တို႔ရဲ႕ Premier Highlight page ကို Like လုပ္ထားလိုက္ပါဦး ညီအစ္ကိုတို႔ေရ
