
ပွဲချိန်တွင်းနည်းစနစ်အလှည့်အပြောင်းများနဲ့ပရီးမီးယားလိဂ်ပွဲစဉ်၅ကစိတ်ဝင်စားစရာပြောစရာလေးတွေ
ဒီတပါတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ အသင်းကြီး တော်တော်များများ ဂိုးစပေးလိုက်ရပြီးမှ နည်းပြတွေရဲ့စိတ်ဝင်စားစရာ နည်းစနစ် အလှည့်အပြောင်းတွေကြောင့် ပြန်လာနိုင်ခဲ့ကြပြီး အနိုင် ၃ မှတ် ယူသွားနိုင်ခဲ့ကြပါတယ် (မန်ယူကလွဲလို့ပေါ့လေ 😁) ၁ – Wolves 1 : 3 Liverpool ဝုလ်ဗ် နဲ့ပွဲမှာ လီဗာပူးတို့ ပထမတပိုင်းလုံး နှေးကွေးပြီး လေးလံနေတဲ့ ကစားပုံနဲ့ ပုံမှန်ဟန်ပျောက်နေခဲ့ကြပါတယ်။အထူးသဖြင့် Mac Allister ကြောင့်ပေါ့။ နိုင်ငံပွဲကန်ပြီး ပွဲပမ်းတဲ့ပုံပေါက်နေတဲ့ မက်အယ်လစ်စတာဟာ ကွင်းလယ်ကနေ အရေးကြီးတဲ့နေရာတွေမှာ ဘောလုံးတွေ အလွယ်တကူဆုံးရှုံးပြီး အသင်းကစားပုံကို ဆွဲချသလို ဖြစ်နေခဲ့ပါတယ်။ အာနိုးတို့ ဗန်ဒိုက်တို့လို အားကိုးရတဲ့နောက်တန်းတွေ သူ့နောက်မှာ ရှိမနေတာကလဲ ပိုဆိုးသွားစေခဲ့တာပါပဲ။တကယ်ဆို နည်းပြကြီးအနေနဲ့ သူ့ကို ဒီပွဲလူစာရင်းထဲ ထည့်ကို မလာသင့်တာပါ။ ဒုတိယပိုင်းမှာ သူ့ကို Diaz နဲ့ အစားထိုးပြီး Szoboszlai ကို နောက်နည်းနည်းဆင်းပြီး No.6 role နဲ့ ကစားခိုင်းလိုက်တဲ့ ဗျူဟာအပြောင်းအလဲနောက်မှာတော့ ဝုလ်ဗ်တို့ မဟန်နိုင်တော့ပဲ ဂိုးတွေ ဆက်တိုက် ပေးပြီး လက်မြှောက်လိုက်ကြရပါတော့တယ်။ ၂ – Westham 1 :…