
ပွဲချိန်တွင်းနည်းစနစ်အလှည့်အပြောင်းများနဲ့ပရီးမီးယားလိဂ်ပွဲစဉ်၅ကစိတ်ဝင်စားစရာပြောစရာလေးတွေ
ဒီတပါတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ အသင်းကြီး တော်တော်များများ ဂိုးစပေးလိုက်ရပြီးမှ နည်းပြတွေရဲ့စိတ်ဝင်စားစရာ နည်းစနစ် အလှည့်အပြောင်းတွေကြောင့် ပြန်လာနိုင်ခဲ့ကြပြီး အနိုင် ၃ မှတ် ယူသွားနိုင်ခဲ့ကြပါတယ် (မန်ယူကလွဲလို့ပေါ့လေ 😁) ၁ – Wolves 1 : 3 Liverpool ဝုလ်ဗ် နဲ့ပွဲမှာ လီဗာပူးတို့ ပထမတပိုင်းလုံး နှေးကွေးပြီး လေးလံနေတဲ့ ကစားပုံနဲ့ ပုံမှန်ဟန်ပျောက်နေခဲ့ကြပါတယ်။အထူးသဖြင့် Mac Allister ကြောင့်ပေါ့။ နိုင်ငံပွဲကန်ပြီး ပွဲပမ်းတဲ့ပုံပေါက်နေတဲ့ မက်အယ်လစ်စတာဟာ ကွင်းလယ်ကနေ အရေးကြီးတဲ့နေရာတွေမှာ ဘောလုံးတွေ အလွယ်တကူဆုံးရှုံးပြီး အသင်းကစားပုံကို ဆွဲချသလို ဖြစ်နေခဲ့ပါတယ်။ အာနိုးတို့ ဗန်ဒိုက်တို့လို အားကိုးရတဲ့နောက်တန်းတွေ သူ့နောက်မှာ ရှိမနေတာကလဲ ပိုဆိုးသွားစေခဲ့တာပါပဲ။တကယ်ဆို နည်းပြကြီးအနေနဲ့ သူ့ကို ဒီပွဲလူစာရင်းထဲ ထည့်ကို မလာသင့်တာပါ။ ဒုတိယပိုင်းမှာ သူ့ကို Diaz နဲ့ အစားထိုးပြီး Szoboszlai ကို နောက်နည်းနည်းဆင်းပြီး No.6 role နဲ့ ကစားခိုင်းလိုက်တဲ့ ဗျူဟာအပြောင်းအလဲနောက်မှာတော့ ဝုလ်ဗ်တို့ မဟန်နိုင်တော့ပဲ ဂိုးတွေ ဆက်တိုက် ပေးပြီး လက်မြှောက်လိုက်ကြရပါတော့တယ်။ ၂ – Westham 1 : 3 Manchester City ဝက်စ်ဟမ်း မန်စီးတီးပွဲမှာလဲ ပထမပိုင်းမှာတော့ ထင်ထားတဲ့အတိုင်းပဲ ဝက်စ်ဟမ်းတို့က မန်စီးတီးကို ဘောလုံးပေးကိုင် low block နဲ့ ခံစစ်တန်းကို စေ့နေအောင်လုပ်ပြီး final third ဇုန်ထဲရောက်မှ တိုက်စစ်ကိုဖျက် ကောင်တာနဲ့ ထိုးနှက်ခဲ့ကြပါတယ်။ ပထမတပိုင်းလုံး မန်စီးတီးတို့ ကန်ခွင့် ၁၇ ကြီမ်ရပေမယ့် တဂိုးမှ မပေးခဲ့ရတဲ့အထိ ဝက်စ်ဟမ်းတို့ ဗျူဟာက အလုပ်လဲ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာကတော့ ဂွါဒီယိုလာပါပဲ။ ဒုတိယပိုင်းမှာ ဝက်စ်ဟမ်းတို့ရဲ့ low block နဲ့ နောက်တန်းလိုင်းကိုဖြည်ဖို့ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ဂျာဂင်ကလော့ပ်လို လူထုတ်လဲတာမဟုတ်ဘဲ ရှိနေတဲ့လူတွေကို role ပြောင်းကစားခိုင်းလိုက်တာပါပဲ။ ပထမပိုင်းက တိုက်စစ်ကို လိုက်ကူနေတဲ့ Kyle Walker ကို Rodri, Gvardiol တို့နဲ့အတူ ကွင်းလယ်မှာပဲ နေခိုင်းပြီး ကွင်းလယ်မှာ ကစားနေတဲ့ Silva ကို ရှေ့တန်း ကစားခိုင်းခဲ့ပါတယ်။ ၂-၃-၅ ပုံဖြစ်သွားပြီး ရှေ့တန်း ၅ ယောက်က ဝက်စ်ဟမ်းရဲ့ နောက်တန်းကို မနိုင်ဝန်ထမ်းခိုင်းတော့တာပါပဲ။ အဲဒီမှာ Folden နဲ့ Silva တို့ရဲ့ ဘယ်ခြမ်းက မွှေနှောက်မှုဒဏ်တွေကို မခံနိုင်တော့ပဲ ဝက်စ်ဟမ်းတို့ လက်မြှောက်လိုက်ရပါတော့တယ်။ အဲဒီလို လူမလဲပဲ ကစားပုံပြောင်းပြီး ဗျူဟာပြောင်းခဲ့တဲ့ နောက်နည်းပြတစ်ယောက်ကတော့ ဘရိုက်တန်ရဲ့ ဒီဇာဘီပါပဲ။ ၃ – Manchester United 1 : 3 Broghton မန်ယူ နဲ့ ဘရိုက်တန်တို့ပွဲမှာ အစောပိုင်းအချိန်တွေမှာ မန်ယူတို့ရဲ့ pressing ပုံစံကြောင့် ဘရိုက်တန်တို့ အခက်တွေ့ခဲ့ကြရပါတယ်။ မန်ယူရှေ့တန်းက Rashford နဲ့ Hojlund တို့က ဘရိုက်တန် နောက်တန်းလူတွေကို ဖိအားပေး press လုပ် တချိန်ထဲမှာ ဘရူနိုဖာနန်ဒက်ပေါင်းပြီး ဘရိုက်တန် နောက်တန်းကနေ အလယ်တန်းလူတွေဆီ ဘောလုံးလမ်းကြောင်းတွေ ပိတ်ထားနိုင်ခဲ့ကြပါတယ်။ ဒီပုံစံမှာ ဘရိုက်တန်တို့ ဘောလုံးရချိန်မှာ တိုက်စစ်လမ်း မဖော်နိုင်ဘဲအခက်တွေ့ခဲ့ကြရပါတယ်။ ပွဲချိန် မိနစ် ၂၀ ကျော်မှာတော့ ဘရိုက်တန်နည်းပြ ဒီဇာဘီက သူ့အသင်းရဲ့ formation ကိုတောင် မပြောင်းဘဲ ဆရာကျတဲ့ အပြောင်းအလဲလေး တစ်ခု လုပ်ခဲ့ပါတယ်။ အဲဒါကတော့ နောက်တန်း အစွန် ၂ ယောက်ကို ပုံမှန်ထက် ဘေးကို ချဲထွက်ပြီး နေရာယူ ကစားစေခဲ့တာပါပဲ။ ဒီပုံစံမှာ တလျှောက်လုံး ဖိအားပေးရင်း ဘောလုံးလမ်းကြောင်းတွေလဲ cover လုပ်နေတဲ့ မန်ယူရှေ့တန်း ၂ ယောက်နဲ့ ဘရူနိုဖာနန်ဒက်တို့အတွက် cover လုပ်ရမယ့် နေရာတွေ ပိုကျယ်သွားစေခဲ့ပြီး အချိန်ကြာလာတာနဲ့ အမျှ နိုင်အောင် cover မလုပ်နိုင်တော့ဘဲ လမ်းကြောင်းတွေ ပွင့်လာတော့တာပါပဲ။ အခြေအနေတွေ ပိုသေချာလာအောင် နည်းပြကြီးက ဂိုးသမား Steele ကိုပါ ရှေ့ပိုတက်ခိုင်းပြီး build up play တွေမှာ ပါဝင်စေခဲ့ပါတယ်။ အဲလို အခြေအနေတွေမှာ မန်ယူရဲ့ pressing structure ဟာ ဟာကွက်တွေ များလာပြီးCasemiro, McTominay တို့လို ကွင်းလယ်လူတွေကလဲ pressing ကို ဝင်မကူနိုင်တဲ့ အခါမှာတော့ မဟန်နိုင်တော့ဘဲ ဘရိုက်တတ်ရဲ့ မီတိုမာတို့ လမ့်တေးတို့ လုပ်သမျှအရာထင်လာခဲ့ကာ မန်ယူတို့ အရှုံးပေးခဲ့ကြရပါတော့တယ်။ အခုလို စိတ်ဝင်စားစရာ ပွဲပြီး သုံးသပ်ချက်လေးတွေ မလွတ်တမ်း ဖတ်နိုင်ဖို့ ကျနော်တို့ရဲ့ PremierHighlight page လေးကို like လုပ်ထားဖို့ မမေ့နဲ့ဦးနော် 😊