ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နဲ့ အဆိုးဆုံး ခေါ်ယူမှုတွေက ဘယ်သူတွေ ဖြစ်မလဲ?

အပြောင်းအရွှေ့ကာလလဲ ပြီးသွားပြီဆိုတော့ ဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့တွေနဲ့ပါတ်သတ်ပြီး အကောင်းဆုံး အဆိုးဆုံးတွေကို စစ်တမ်းလုပ်ထားတဲ့ အဖြေလေးတွေ ကြည့်လိုက်ကြရအောင်

၁) အကောင်းဆုံး ခေါ်ယူမှု

လက်စတာကနေ စပါးကို ပေါင် သန်း ၄၀ နဲ့ ပြောင်းသွားတဲ့ James Maddison ရဲ့ အပြောင်းအရွှေ့က အကောင်းဆုံးအနေနဲ့ ထိပ်ဆုံးက မဲပေးခံခဲ့ရပါတယ်။ လိဂ်ပွဲ ၁၅ ပွဲလောက်ပဲ ကစားရသေးတဲ့ Cole Palmer လို ကစားသမားလေးကိုတောင် ၄၂ သန်းပေးခေါ်နေကြတဲ့ ခေတ်ကြီးမှာ Maddison လို ကစားသမားအတွက်ဘစပါးတို့ ပေးလိုက်ရတဲ့ သန်း ၄၀ ဆိုတာ တန်လွန်းပါတယ်။

သူ့နောက်မှာတော့ Declan Rice ကို ခေါ်လျုက်တဲ့ အာဆင်နယ်ရဲ့ ခေါ်ယူမှုက ဒုတိယအကောင်းဆုံးအနေနဲ့ မဲပေးခံရပါတယ်။

အဲဒီနောက်မှာတော့ ဒေါ့မွန်ကနေ ရီးယဲလ်ကို ပြောင်းသွားတဲ့ Jude Bellingham ရဲ့အပြောင်းအရွှေ့နဲ့ စပါးကနေ ဘိုင်ယန်ကို ပြောင်းသွားတဲ့ Harry Kane တို့က တတိယနေရာ အဖြစ် ပူးတွဲ မဲပေးခံခဲ့ကြရပါတယ်

၂) အဆိုးဆုံး ခေါ်ယူမှု

အဆိုးဆုံးခေါ်ယူမှုအနေနဲ့ မဲပေးကြတဲ့အခါမှာ Havertz နဲ့ Caicedo တို့ရဲ့ အပြောင်းအရွှေ့တွေက ထိပ်ဆုံးမှာ အကြိတ်အနယ်ရှိခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Havertz က ၆ မဲနဲ့ အဆိုးဆုံးခေါ်ယူမှု စာရင်းဝင်သွားခဲ့ပြီး Caicedo က ၅ မဲနဲ့ ဒုတိယနေရာမှာ အဆုံးသတ်သွားခဲ့ပါတယ်။

သူတို့ရဲ့ နောက်မှာတော့ ပေါင်သန်း ၆၀ ဆိုတဲ့ဈေးဟာ များလွန်းတယ်ဆိုတဲ့ အယူအဆနဲ့ Mason Mount ရဲ့ မန်ယူသို့ အပြောင်းအရွှေ့က တတိယနေရာမှာ ဖြစ်ခဲ့ပါတယ်။