ပရီးမီးယားလိဂ် ပွဲစဉ် ၅ အတွက် ဒဏ်ရာရကစားသမား အခြေအနေတွေနဲ့ စိတ်ဝင်စားစရာ အချက်အလက်လေးတွေ

နိုင်ငံပွဲတွေနဲ့ နားအပြီးမှာ ပရီးမီးယားလိဂ်ဟာ စိတ်ဝင်စားစရာ ပွဲစဉ်တချို့နဲ့ ပြန်လာပါပြီ

စနေနေ့မှာ ယူနိုက်တက်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံပြီး မန်ချက်စတာစီးတီးတို့ကတော့ ဝက်စ်ဟမ်းနဲ့အဝေးကွင်းမှာ သွားပြီး ရင်ဆိုင်ကြရပါလိမ့်မယ်။ တနင်္ဂနွေနေ့မှာတော့ အာဆင်နယ်နဲ့ အဲဗာတန်တို့ အဲဗာတန်ကွင်းမှာ ရင်ဆိုင်ကြရပါလိမ့်မယ်။ 

ဒီတပါတ်ပွဲစဉ်တွေအတွက် ဒဏ်ရာရကစားသမား အခြေအနေတွေနဲ့ စိတ်ဝင်စားစရာ အချက်အလက်လေးတွေကြည့်လိုက်ကြရအောင်။

  1. Wolves Vs Liverpool

Wolves တို့မှာ လူငယ်ကစားသမား Joe Hodge တစ်ယောက်ပဲ မပါနိုင်မှာပါ။

Liverpool တို့မှာတော့ Thiago ပြန်မပါနိုင်သေးပါဘူး။ Trent Alexander-Arnold ကလဲ ဒဏ်ရာကြောင့် အင်္ဂလန်နိုင်ငံပွဲမှာတောင် ဝင်မကစားနိုင်ခဲ့ပါဘူး။ Konate ကလဲ ဒဏ်ရာကြောင့် နောက်ဆုံး ၂ ပွဲမှာ မပါနိုင်ခဲ့ပါဘူး။ ဒီကြားထဲ Virgil van Dijk ကလဲ ပွဲပယ်ထိပြီး ပါနိုင်မှာ မဟုတ်ပါဘူး။

Wolves နဲ့ Liverpool တို့ နောက်ဆုံး ၁၃ ပွဲတွေ့ရာမှာ Liverpool တို့က ၁၂ ပွဲ အနိုင်ကန်ထားပါတယ်။ မနှစ်ကWolves ကို ၃-၀ နဲ့ရှုံးတဲ့တပွဲပဲ ရှုံးထားပါသေးတယ်။

2. Aston Villa vs Crystal Palace

Aston Villa တို့ရဲ့ Diego Carlos, Tim Iroegbunam, Jacob Ramsey, Tyrone Mings နဲ့ Buendia တို့ကတော့ဒဏ်ရာကြောင့် ပါနျုင်ဦးမှာ မဟုတ်ပါဘူး။ Alex Moreno တော့ ပြန်ပါလာနိုင်မယ် ထင်ရပါတယ်။

Crystal Palace တို့ဘက်မှာတော့ Michael Olise နဲ့ Matheus Franca တို့ ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ Marc Guehi အင်္ဂလန် စကော့တလန်ပွဲမှာ ရသွားတဲ့ ဒဏ်ရာကြောင့် ဒီပွဲလွဲဦးမယ်ထင်ပါတယ်။

Palace တို့ဟာ Villa အိမ်ကွင်းမှာ ကန်ခဲ့တဲ့ ၁၁ ပွဲလုံးမှ သွင်းဂိုး ၅ ဂိုးပဲရှိပါတယ်။ ၁ ဂိုးထက်ပိုသွင်းနိုင်တဲ့ပွဲ တပွဲမှမရှိခဲ့ဖူးပါဘူး။

3. Fulham vs Luton Town

Fulham တို့ရဲ့ Alex Iwobi, Sasa Lukic နဲ့ Tom Cairney တို့ ဒဏ်ရာကြောင့် ပါနိုင်ဦးမယ်မထင်ပါဘူး။အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘိုင်ယန်ကို ပြောင်းဖို့ အဆင်မပြေခဲ့တဲ့ Palhinha ကတော့ ဒီပွဲမှာ ပြန်ပါလာနိုင်ပါတယ်။

Luton Town တို့ဘက်မှာလဲ Dan Potts, Jordan Clark နဲ့  Gabe Osho တို့ လွဲပါဦးမယ်။ အသင်းခေါင်းဆောင်Tom Lockyer, Alfie Doughty, Issa Kabore, Pelly Mpanzu နဲ့ Amari’i Bell တို့တော့ ပြန်ပါလာနိုင်မယ် ယူဆရပါတယ်။

ကစားခဲ့သမျှပွဲတွေမှာ Fulham တို့ဟာ သူတို့ဂိုးပေါက်ကို ကန်သွင်းခွင့် ၃၃ ကြိမ်ခွင့်ပြုခဲ့ရပြီး ဂိုးခွင့်ပြုရနိုင်ခြေ ၄ ပွဲမှာ ၁၂ ကြိမ်နဲ့ ပရီးမီးယးလိဂ်အသင်းတွေထဲမှာ အများဆုံးခွင့်ပြုပေးထားငြရပါတယ်။

4. Manchester United vs Brighton

ယူနိုက်တက်ဘက်မှာ Luke Shaw, Amad, Tom Heaton, Kobbie Mainoo, Raphael Varane နဲ့ Tyrell Malacia တို့ဒဏ်ရာစာရင်းမှာပါ။ Antony ကလဲ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ဘရာဇီးမှာပဲရှိတုန်းမို့ မပါနိုင်ပါဘူး။ Sancho ကလဲနည်းပြနဲ့ ပြဿနာတက်ပြီးတဲ့နောက် တယောက်တည်း ထရိန်ဆင်းနေရတာမို့ မပါဖို့ သေချာပါတယ်။ Mason Mount နဲ့ Martinez တို့တော့ ပြန်ပါလာနိုင်ခြေရှိပါတယ်။ အသစ်ခေါ်ထားတဲ့ Amrabat ကို ဒီပွဲမှာ ပွဲဦးထွက် ထုတ်လာနိုင်ခြေရှိပါတယ်။ 

Brighton တို့ဘက်မှာတော့ Julio Enciso နဲ့ Jakub Moder တို့ ၂ ယောက်ပဲလွဲနိုင်ပါတယ်။ Danny Welbeck နဲ့Evan Ferguson တို့ပြန်ကောင်းလာပြီး ဒီပွဲမှာ ပါလာနိုင်ပါတယ်။

ဘရိုက်တန်တို့ဟာ ယူနိုက်တက်နဲ့တွေ့ခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ ၃ ပွဲလုံး အနိုင်ယူနိုင်ခဲ့ကြပါတယ်။

5. Tottenham vs Sheffield United

စပါးတို့ရဲ့ Rodrigo Bentancur, Alfie Whiteman, Ryan Sessegnon နဲ့ Bryan Gil တို့ ဒဏ်ရာစာရင်းထဲရှိနေတုန်းပါ။ Giovani Lo Celso လဲ မပါနိုင်သေးပါဘူး။

Sheffield တို့ဘက်မှာလဲ George Baldock, John Egan, Will Osula, Max Lowe, James McAtee, Daniel Jebbison, Ben Osborn, John Fleck, Rhian Brewster တို့နဲ့ ဒဏ်ရာရစာရင်းက အပြည့်ပါပဲ။ Tom Davies, Rhys Norrington-Davies နဲ့ Yasser Larouci တို့ကလဲ မသေချာသေးပါဘူး။ Anel Ahmedhodzic တယောက်ပဲ ဒဏ်ရာကပြန်ကောင်းပြီး ဒီပွဲမှာ ပါလာနိုင်ခြေရှိနေပါတယ်

Sheffield တို့ဟာ စပါးနဲ့တွေ့ခဲ့တဲ့ နောက်ဆုံး ၉ ပွဲမှာ ၁ ပွဲပဲ နိုင်ခဲ့ဖူးပါတယ်။ အဲဒီပွဲကလဲ ၁၉၉၁ က ကန်ခဲ့တဲ့ပွဲပါ။

6. West Ham United vs Manchester City

West Ham တို့ဘက်မှာ Vladimir Coufal တစ်ယောက်ပဲ ဒဏ်ရာသံသယနဲ့ လွဲစရာရှိပါတယ်။

Manchester City တို့ဘက်မှာတော့ John Stones, Kovacic, Grealish နဲ့ De Bruyneတို့ ဒဏ်ရာကြောင့် ပါနိုင်မှာမဟုတ်ပါဘူး။

၄ ပွဲကစား ၁၀ မှတ်နဲ့ West Ham တို့ဟာ ၉၉-၂၀၀၀ ရာသီနောက်ပိုင်း အကောင်းဆုံး ရာသီအစအဖြစ် ခြေစွမ်းပြဖြတ်သန်းနေကြပါတယ်။

7. Newcastle United vs Brentford

Newcastle United မှာ Joe Willock, Emil Krafth, Javier Manquillo, Sven Botman, Elliot Anderson နဲ့ Sandro Tonali ဒဏ်ရာစာရင်းထဲရောက်နေကြပါတယ်။

Brentford တို့ဘက်မှာတော့ Mikkel Damsgaard, Shandon Baptiste နဲ့ Josh Dasilva မပါနိုင်ပါဘူး။ Ivan Toney ကလဲ FA ရဲ့ ပွဲပယ်ကြောင့် မပါနိုင်ပါဘူး။ Neal Maupay တော့ ဒီပွဲမှာ ပြန်လာနိုင်ခြေရှိပါတယ်။

Newcastle တို့ဟာ ပြီးခဲ့တဲ့ ၂၂ ပွဲမှာ ၂ ပွဲပဲ clean sheet ရခဲ့ကြပါတယ်။ Brentford ရဲ့ Bryan Mbeumo ကတော့နောက်ဆုံး ၇ ပွဲမှာ ၇ ဂိုးသွင်းပြီး ခြေတက်နေပါတယ်။

8. Bournemouth vs Chelsea

တနင်္ဂနွေနေ့မှာ ကန်ကြမယ့် Bournemouth vs Chelsea ပွဲအတွက် Bournemouth တို့ နွေရာသီက အသစ်ခေါ်ထားတဲ့ Alex Scott နဲ့ Tyler Adams တို့ ၂ ယောက်လုံး ဒဏ်ရာကြောင့် ဒီပွဲလဲ လွဲပါဦးမယ်။ Ryan Fredericks နဲ့Emiliano Marcondes တို့လဲ အတူတူပါပဲ။ Dango Ouattara ကတော့ ပြန်ကောင်းလာပြီမို့ ပါလာနိုင်ခြေရှိပါတယ်။

Chelsea ဘက်မှာတော့ Wesley Fofana, Christopher Nkunku, Marcus Bettinelli, Carney Chukwuemeka, Romeo Lavia, Reece James အားလုံး ဒဏ်ရာနဲ့ ဒီပွဲလွဲပါမယ်။ Benoit Badiashile, Trevoh Chalobah နဲ့Armando Broja တို့တော့ ပြန်ပါလာနိုင်ခြေရှိပါတယ်။

Bournemouth တို့ဟာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၈ ပွဲမှာ တပွဲမှာ မနိုင်သေးပါဘူး။ ချယ်လ်ဆီးတို့ကလဲနောက်ဆုံး ၁၆ ပွဲမှာမှ ၂ ပွဲပဲ နိုင်အောင်ကန်ထားနိုင်ကြပါတယ်။

9. Everton vs Arsenal

Everton တို့ဘက်မှာ Seamus Coleman နဲ့ Dele Alli တို့ ဒဏ်ရာပါ။ Andre Gomes, Jack Harrison, Jarrad Branthwaite, Dominic Calvert-Lewin, James Tarkowski, Michael Keane နဲ့ Lewis Dobbin တို့ အခြေအနေကလဲ မသေချာသေးပါဘူး။

Arsenal တို့ကတော့ Thomas Partey, Jurrien Timber နဲ့ Mohamed Elneny တို့ မပါဘဲ ကစားကြရမှာပါ။

Everton တို့ဟာ အာဆင်နယ် အိမ်ကွင်းမှာ သွားကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ တပွဲမှာ မရှုံးဖူးသေးပါဘူး။ ၄ ပွဲနိုင်၁ ပွဲသရေ (နောက်ဆုံး ၃ ပွဲဆက် အနိုင်ပါ)

10. Nottingham Forest vs Burnley

Forest တို့ရဲ့ Wayne Hennessey နဲ့ Danilo တို့ဟာ ဒဏ်ရာကြောင့် မသေချာပါဘူး။

Burnley တို့ဘက်မှာတော့ Anass Zaroury က ပွဲပယ်၊ Vitinho, Aaron Ramsey, Michael Obafemi နဲ့ Hjalmar Ekdal ဒဏ်ရာကြောင့် မသေချာပါဘူး။

Forest တို့ဟာ လိဂ်ပွဲ နောက်ဆုံး ၁၁ ပွဲမှာ ပွဲတိုင်း ဂိုးသွင်းကြပါတယ်။ Burnley တို့ကတော့ ဒီရာသီ ရှုံးခဲ့တဲ့ ၃ ပွဲမှာ၁၁ ဂိုး ပေးခဲ့ကြရပါတယ်။

အခုလို ပွဲကြို သတင်းလေးတွေ မလွတ်တမ်း သိနိုင်ဖို့ ကျနော်တို့ရဲ့ Premier Highlight page လေးကို like လုပ်ထားဖို့လဲ မမေ့ကြနဲ့ဦးနော် 😃😃