ပရီးမီးယားလိဂ် ပွဲစဉ် ၅ အတွက် ဒဏ်ရာရကစားသမား အခြေအနေတွေနဲ့ စိတ်ဝင်စားစရာ အချက်အလက်လေးတွေ

နိုင်ငံပွဲတွေနဲ့ နားအပြီးမှာ ပရီးမီးယားလိဂ်ဟာ စိတ်ဝင်စားစရာ ပွဲစဉ်တချို့နဲ့ ပြန်လာပါပြီ စနေနေ့မှာ ယူနိုက်တက်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံပြီး မန်ချက်စတာစီးတီးတို့ကတော့ ဝက်စ်ဟမ်းနဲ့အဝေးကွင်းမှာ သွားပြီး ရင်ဆိုင်ကြရပါလိမ့်မယ်။ တနင်္ဂနွေနေ့မှာတော့ အာဆင်နယ်နဲ့ အဲဗာတန်တို့ အဲဗာတန်ကွင်းမှာ ရင်ဆိုင်ကြရပါလိမ့်မယ်။  ဒီတပါတ်ပွဲစဉ်တွေအတွက် ဒဏ်ရာရကစားသမား အခြေအနေတွေနဲ့ စိတ်ဝင်စားစရာ အချက်အလက်လေးတွေကြည့်လိုက်ကြရအောင်။ Wolves တို့မှာ လူငယ်ကစားသမား Joe Hodge တစ်ယောက်ပဲ မပါနိုင်မှာပါ။ Liverpool တို့မှာတော့ Thiago ပြန်မပါနိုင်သေးပါဘူး။ Trent Alexander-Arnold ကလဲ ဒဏ်ရာကြောင့် အင်္ဂလန်နိုင်ငံပွဲမှာတောင် ဝင်မကစားနိုင်ခဲ့ပါဘူး။ Konate ကလဲ ဒဏ်ရာကြောင့် နောက်ဆုံး ၂ ပွဲမှာ မပါနိုင်ခဲ့ပါဘူး။ ဒီကြားထဲ Virgil van Dijk ကလဲ ပွဲပယ်ထိပြီး ပါနိုင်မှာ မဟုတ်ပါဘူး။ Wolves နဲ့ Liverpool တို့ နောက်ဆုံး ၁၃ ပွဲတွေ့ရာမှာ Liverpool တို့က ၁၂ ပွဲ အနိုင်ကန်ထားပါတယ်။ မနှစ်ကWolves ကို ၃-၀ နဲ့ရှုံးတဲ့တပွဲပဲ ရှုံးထားပါသေးတယ်။ 2. Aston Villa vs Crystal Palace Aston Villa တို့ရဲ့ Diego Carlos, Tim Iroegbunam, Jacob Ramsey, Tyrone Mings နဲ့ Buendia တို့ကတော့ဒဏ်ရာကြောင့် ပါနျုင်ဦးမှာ မဟုတ်ပါဘူး။ Alex Moreno တော့ ပြန်ပါလာနိုင်မယ် ထင်ရပါတယ်။ Crystal Palace တို့ဘက်မှာတော့ Michael Olise နဲ့ Matheus Franca တို့ ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ Marc Guehi အင်္ဂလန် စကော့တလန်ပွဲမှာ ရသွားတဲ့ ဒဏ်ရာကြောင့် ဒီပွဲလွဲဦးမယ်ထင်ပါတယ်။ Palace တို့ဟာ Villa အိမ်ကွင်းမှာ ကန်ခဲ့တဲ့ ၁၁ ပွဲလုံးမှ သွင်းဂိုး ၅ ဂိုးပဲရှိပါတယ်။ ၁ ဂိုးထက်ပိုသွင်းနိုင်တဲ့ပွဲ တပွဲမှမရှိခဲ့ဖူးပါဘူး။ 3. Fulham vs Luton Town Fulham တို့ရဲ့ Alex Iwobi, Sasa Lukic နဲ့ Tom Cairney တို့ ဒဏ်ရာကြောင့် ပါနိုင်ဦးမယ်မထင်ပါဘူး။အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ဘိုင်ယန်ကို ပြောင်းဖို့ အဆင်မပြေခဲ့တဲ့ Palhinha ကတော့ ဒီပွဲမှာ ပြန်ပါလာနိုင်ပါတယ်။ Luton Town တို့ဘက်မှာလဲ Dan Potts, Jordan Clark နဲ့  Gabe Osho တို့ လွဲပါဦးမယ်။ အသင်းခေါင်းဆောင်Tom Lockyer, Alfie Doughty, Issa Kabore, Pelly Mpanzu နဲ့ Amari’i…

Read More