ဘယ်လင်ဂမ် အပြောင်းအရွှေ့အတွက် သဘောတူညီမှုရသွားပြီဖြစ်တဲ့ ရီးရဲလ်

စပိန်အသင်းကြီး ရီးရဲလ်ကတော့ အင်္ဂလန်လူငယ်ကစားသမား ဘယ်လင်ဂမ်ကို (Jude Bellingham) ခေါ်ယူဖို့ ‌‌ဒေါ့မွန်အသင်းနဲ့ သဘောတူညီမှု ရရှိသွားပြီပဲ ဖြစ်ပါတယ်။ ရီးရဲလ်တို့က ပြောင်းရွှေ့ကြေးအနေနဲ့ ယူရို သန်း ၁၀၀ ကျော် သုံးရလိမ့်မယ်လို့ အကြမ်းဖျင်း သိရပါတယ်။ ခုချိန်ထိ စာချုပ်လက်မှတ်ထိုးတာမျိုးတော့ မလုပ်ရသေးပါဘူး။ ၁၉ နှစ်သား အင်္ဂလန်ကစားသမားဟာ ဒီရက်ပိုင်းတွေအတွင်းမှာ ဆေးစစ်တာတွေလုပ်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

Read More