
ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နဲ့ အဆိုးဆုံး ခေါ်ယူမှုတွေက ဘယ်သူတွေ ဖြစ်မလဲ?
အပြောင်းအရွှေ့ကာလလဲ ပြီးသွားပြီဆိုတော့ ဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့တွေနဲ့ပါတ်သတ်ပြီး အကောင်းဆုံး အဆိုးဆုံးတွေကို စစ်တမ်းလုပ်ထားတဲ့ အဖြေလေးတွေ ကြည့်လိုက်ကြရအောင် ၁) အကောင်းဆုံး ခေါ်ယူမှု လက်စတာကနေ စပါးကို ပေါင် သန်း ၄၀ နဲ့ ပြောင်းသွားတဲ့ James Maddison ရဲ့ အပြောင်းအရွှေ့က အကောင်းဆုံးအနေနဲ့ ထိပ်ဆုံးက မဲပေးခံခဲ့ရပါတယ်။ လိဂ်ပွဲ ၁၅ ပွဲလောက်ပဲ ကစားရသေးတဲ့ Cole Palmer လို ကစားသမားလေးကိုတောင် ၄၂ သန်းပေးခေါ်နေကြတဲ့ ခေတ်ကြီးမှာ Maddison လို ကစားသမားအတွက်ဘစပါးတို့ ပေးလိုက်ရတဲ့ သန်း ၄၀ ဆိုတာ တန်လွန်းပါတယ်။ သူ့နောက်မှာတော့ Declan Rice ကို ခေါ်လျုက်တဲ့ အာဆင်နယ်ရဲ့ ခေါ်ယူမှုက ဒုတိယအကောင်းဆုံးအနေနဲ့ မဲပေးခံရပါတယ်။ အဲဒီနောက်မှာတော့…